မနေ့ည၈နာရီကျော်ကျော်လောက်ကကျနော်လက်ဖက်ရည်သောက်ဖို့သောက်နေကျဆိုင်ထဲကိုဝင်လိုက်တယ်…..
ထိုင်ခုံကမရှိတော့ကိုရင်လေးထိုင်နေတဲ့စားပွဲမှာပဲဝင်ထိုင်လိုက်တယ်စားပွဲထိုးကောင်မလေးကကျနော့်အတွက်….
လက်ဖက်ရည်ခွက်ချပေးနေတုန်းကိုရင်လေးကမေးလိုက်တယ်….
ဒကာမလေးးကိုရင်မှာထားတာကြာပီလေမရသေးဘူးးလားတဲ့…..
ကျနော်လည်းးမနေနိုင်မထိုင်နိုင်မေးလိုက်မိတယ်….ကိုရင်ကဘာမှာထားတာလဲလို့…..ချိုစိမ့်နဲ့ပဲနံပြားမှာထားတာ…..
အဲဒါနဲ့ကျနော်လည်းးပြန်မေးလိုက်တယ်…..ကိုရင်ကဒီအချိန်စားလို့မရဘူးလေဆိုတော့….မဟုတ်ဘူးးအမေ့အတွက်တဲ့…..
အခုထိမရသေးဘူးးအမေကမျှော်နေတော့မှာပဲ….သူကပြန်ဖြေတော့…
ကျနော်သောက်တဲ့လက်ဖက်ရည်ဖိုးရယ်ကိုရင်ဟာရယ်ပေါင်းရှင်းလိုက်တယ်…..
ပြီးတော့တပည့်တော်ကိုရင့်အမေဆီကိုလိုက်ပို့ပေးပါ့မယ်…..
တပည့်တော်မှာဆိုင်ကယ်ပါပါတယ်ဘုရားလို့ပြောပီးးလိုက်ပို့ပေးလိုက်တယ်…
ကိုရင်ကသူ့အမေရှိတဲ့နေရာမြို့ရှောင်လမ်းဘက်ကိုမောင်းခိုင်းပါတော့တယ်…..
မြို့ရှောင်လမ်းထဲရောက်တော့ဘယ်ဘက်ကိုချိုးဝင်ခိုင်းတယ်ပြီးတော့သင်္ချိုင်းကုန်းထဲဝင်ခိုင်းတယ်ဗျာ….
ကျနော်တော်တော်လန့်သွားတယ်ညက၈နာရီကျော်ပီလေ…..သင်္ချီုင်းကုန်းဆိုတာတိတ်ဆိတ်နေတာကြက်သီးတွေတဖြန်းဖြန်းထလာတယ်
ဒါပေမယ့်ကျနော်ကြောက်စိတ်ကိုဖယ်ပြီးတော့သင်္ကန်းခြုံထားတဲ့ကိုရင်လည်းပါတယ်ဆိုပီးအားတင်းဝင်လိုက်တယ်…..
အဲဒီမှာကိုရင်ကဆင်းပီးဓါတ်မီးလေးနဲ့ဟိုကြည့်ဒီကြည့်ကြည့်ပြီး…..အုပ်ဂူလေးးတစ်လုံးပေါ်တက်ထိုင်ပြီး……
အမေအမေကြိုက်တဲ့ချိုစိမ့်ရယ်ပဲနံပြားရယ်….သားလာပို့တာပါသားကိုခွင့်လွှတ်ပါအမေရယ်တဲအမေမသေခင်တုန်းကမပြုစုခဲ့ရတာတွေ….
သားအခုမှယူကြုံးမရဖြစ်နေပြီအမေရယ်တဲ့အဲလိုတွေပြောပြီးတော့ကိုရင့်ကအဲ့ဒါကိုရင့်အမေရဲ့အုပ်ဂူလေးပဲတဲ့…..
မသေခင်တုန်းကလုပ်မကျွေးနိုင်ခဲ့လို့အခုလာပို့တာပါလို့သူပြောတဲ့စကားနားထောင်းရင်း….ကျနော်သူ့ကျောင်းထိပြန်လိုက်ပို့ပေးလိုက်ပါတယ်….
ကျနော်သံဝေဂတစ်ခုရလိုက်တယ်…..သူတောင်သေသွားတဲ့မိခင်ကိုသင်္ချီုင်းကုန်ထိလိုက်ကျွေးနေသေးတာ….
ငါတို့ကအခုအသက်ရှိနေတဲ့မိခင်ကိုပိုတောင်ဂရုတစိုက်ကျွေးသင့်တယ်ဆိုတဲ့အသိတရားရလိုက်ပီလေ…..
ကိုယ့်ကိုမွေးပေးတဲ့မိခင်ဆိုတာတစ်သက်လုံးတစ်ယောက်ပဲရှိတာမို့….အစားထိုးးမရတဲ့အနန္ဒဂိုဏ်းဝင်ကျေးဇူးရှင်ကိုအသက်ရှင်နေတုန်း…..
လုပ်ကျွေးသမှုပြုကြရင်းနဲ့ကျေးဇူးးဆပ်ကြရအောင်သူငယ်ချင်းတို့ရေအခုတော့…..ကျနော်ရယ်ကိုရင်ရယ်သင်္ချိုင်းကငြိမ်သက်နေတဲ့အုပ်ဂူလေးးရယ်…
Credit:တောင်ပံနီလူလေ
Credit:တောင်ပံနီလူလေ