အလွပေရးရာ
မျက်နှာအလှပျက်စေတဲ့ အလေ့အကျင့်ဆိုး (၅) ခု
မျက်နှာအလှပျက်စေတဲ့ အလေ့အကျင့်ဆိုး (၅) ခု
ခေါင်းကဆံပင်ကို ကိုင်ပြီး နုတ်နေတာ၊ ချိုးနေတာမျိုးကလည်း သင့်မျက်နှာအလှကို ပျက်စေပါတယ်။
၁ – မျက်နှာကို ကိုင်တယ်
မျက်နှာကို ခဏခဏ ကိုင်တဲ့ အကျင့်ရှိတာ မကောင်းပါဘူး။ လက်မှာရှိတဲ့ အညစ်အကြေးတွေဟာ မျက်နှာကို ပျံ့နှံ့သွားပါတယ်။
၂ – နှုတ်ခမ်းကို လျှာနဲ့သပ်တယ်
နှုတ်ခမ်းခြောက်တယ်ဆိုရင် နှုတ်ခမ်းနီဆိုးဆေး အကြည်မျိုး ဆိုးထားသင့်ပါတယ်။ နှုတ်ခမ်းကို ခဏခဏ သပ်တာဟာ ရုပ်ဆိုးတဲ့ အကျင့်ပဲ ဖြစ်ပါတယ်။
၃ – မျက်လုံးကို ပွတ်တယ်
မျက်လုံးတစ်ဝိုက်က အရေပြားဟာ ပါးလွှာပါတယ်။ မျက်လုံးကို ပွတ်တာမျိုးလည်း မလုပ်သင့်ပါဘူး။
၄ – ဝက်ခြံ ညှစ်တယ်
ဝက်ခြံကို ညှစ်လိုက်ရင် ပြန့်သွားပါတယ်။ ပျောက်သွားတဲ့အခါ ပုံမှန်ထက် အနာရွတ်ကြီးကြီးမားမား ကျန်ခဲ့ပါတယ်။ မျက်နှာကို အဆိုးဆုံးဒုက္ခပေးတဲ့ အကျင့်ဖြစ်ပါတယ်။
၅ – ဆံပင်နှုတ်ခြင်း၊ ချိုးခြင်း
ခေါင်းကဆံပင်ကို ကိုင်ပြီး နုတ်နေတာ၊ ချိုးနေတာမျိုးကလည်း သင့်မျက်နှာအလှကို ပျက်စေပါတယ်။ ဆံပင်ကို စုစည်းထားပါ။
Credit:Duwun
၁ – မျက်နှာကို ကိုင်တယ်
၃ – မျက်လုံးကို ပွတ်တယ်
၎ – ဝက်ခြံ ညှစ်တယ်
Credit:Duwun