အလွပေရးရာ


ဝက်ခြံ တင်းတိတ် အမာရွတ်နဲ့ အဆီဖုတွေကြောင့် စိတ်ညစ်နေရရင်

Hello မလှချင်တို့ရေ ဒီကမလှချင်နဲ့ အတူတူ လိုက်လုပ်ရအောင် သဘာဝနည်းလမ်းလေးတွေနဲ့ ပီးရင် အတူတူလှကြတာပေါ့ It’s skin care time!!! ဒီတစ်ပတ်တော့ အမေးများနေတဲ့ မေးခွန်းတွေ ထဲက တစ်ခုဖြစ်တဲ့ တင်းတိပ်တွေ ထွက်နေတယ် ဝက်ခြံ အမာရွတ်တွေ ရှိနေတယ် အဆီဖုတွေ ဖြစ်နေတယ်…

အမဲစက်တွေကြောင့် စိတ်ညစ်နေ ရတယ် ဘာလုပ်ရမလဲ??? အကြံဉာဏ်ပေးပါဦး တင်ပေးပါဦး ဆိုသူတွေအတွက် လွယ်ကူ ရိုးရှင်းပြီး အကုန် အကျသက်သာတဲ့ သဘာဝအိမ်တွင်းနီးလေးကို ယူဆောင်လာပါပြီ….

ဒါကတော့ Potato Mask (အာလူးနဲ့ မျက်နှာပေါင်းခြင်း) ပါပဲ ပါဝင်ပစ္စည်းက အာလူး တစ်မျိုးတည်းလား ?

Yes – အာလူး တစ်မျိုးတည်းပါပဲ ဒါပေမယ့်လည်း ပိုပြီး ထိရောက်စေတဲ့ နည်းလမ်းလေးတော့ ရှိတာပေါ့ ဘယ်လို လုပ်လဲဆိုတာ ကြည့်ရအောင်။ ပြုလုပ်ပုံ အာလူးကို ရေစင်အောင် ဆေးပါ အခွံနွှာပါ…

သနပ်ခါးကျောက်ပျဉ်ကိုလည်း ရေစင်အောင် ဆေးပါ ( I ကတော့ ရေပူနဲ့ ဆေးပါတယ် မျက်နှာမှာ သုံးမှာဖြစ်တဲ့အတွက် bacteria မဝင်ဖို့ သတိထားရပါမယ်) အခွံနွှာထားတဲ့ အာလူးကို ရေအနည်းငယ်ဖြင့် ကျောက်ပျဉ်ပေါ် သွေးပါ ပြီးရင် အာလူးကို ယူပြီး မျက်နှာပေါ်လိမ်းပေးပါ

အရေကုန်သွားရင် ထပ်သွေးပြီး လိမ်းပါ (သွေးထားတဲ့ အရည်ကို မလိမ်းပါဘူးနော်… သွေးထားတဲ့ အာလူးကို ကိုင်ပြီး လိမ်းတာပါ) ဘာကြောင့် သွေးပေးတာ လဲဆိုတော့ အာလူးထဲက အာနိသင်တွေ ပိုထွက်စေချင်လို့ပါရှင့် လိမ်းပြီးပြီဆိုရင် လုံးဝ ခြောက်ပြီး တင်းလာ တဲ့အထိ မိနစ် ၂၀ ခန့် ထားပေးပါ ပြီးရင်တော့ မိမိသုံးနေကျ facial foam လေးနဲ့ မျက်နှာသစ်လို့ ရပါပြီ…

ဒီနည်းကတော့ တကယ်ကို ထိရောက်ပြီး ဘေးဥပဒ် (side effect) မရှိတာမို့ တင်းတိပ် အရမ်းများနေတဲ့သူများ၊ အမှန်တကယ် လိမ်းဖို့လိုအပ်နေတဲ့ သူများ နေ့တိုင်း လိမ်းပေးလို့ ရပါတယ်နော် ဒီနည်းလမ်းလေးကို တစ်ချို့က သိတယ် တစ်ချို့က မသိဘူး တစ်ချို့ ကလည်း သိရက်နဲ့ မလုပ်ဘူး Why?

ဘယ်အရာမဆို ဒီနေ့လုပ် ဒီနေ့ပျောက် ဆိုတာ မရှိပါဘူးနော်…. စိတ်ရှည်ရှည် လုပ်မှ result တစ်ခုကို ရတာပါနော် ဒီတစ်ပတ် လွယ်ကူ ရိုးရှင်းတဲ့ အိမ်တွင်း သဘာဝ အသားအရည် ထိန်းသိမ်းတဲ့ နည်းလမ်းလေးကို ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်

I ကိုယ်တိုင်က အားလုံးကို လှစေချင်လို့ မေတ္တာဖြင့် sharing လုပ်ပေးခြင်း ဖြစ်တာကြောင့် ဒီနည်းလေးကို မသိသေးတဲ့ ကိုယ့်သူငယ်ချင်း မိတ်ဆွေတွေ အတွက်လည်း post လေးကို ထပ်ပြီး ဝေမျှပေးလိုက်ပါဦး ပေးလိုက်ကြဦးနော်

လေးစားစွာဖြင့် ခရက်ဒစ် ချစ်သော Irene Pretty

Zawgyi









