ပိုက္ဆံမရွိတဲ့အခါ အိမ္မွာပဲ သက္သတ္လြတ္ စားတယ္။ ပိုက္ဆံရွိလာေတာ့ ဆိုင္ေကာင္းေကာင္းမွာ သက္သတ္လြတ္ သြားစားတယ္။ ပိုက္ဆံမရွိတဲ့အခါ စက္ဘီး စီးတယ္။ ပိုက္ဆံရွိလာေတာ့ ေလ့က်င့္ခန္းလုပ္တဲ့ စက္ေပၚမွာ စက္ဘီး သြားနင္းတယ္။
ပိုက္ဆံမရွိတုန္းက အစာရွာဖို႔ လမ္းေလွ်ာက္ရတယ္။ ပိုက္ဆံရွိလာေတာ့ အဆီခ်ဖို႔ လမ္းေလွ်ာက္ရျပန္တယ္။ အို လူေတြ လူေတြ ကိုယ့္ကိုကိုယ္ လွည့္စား ေနၾကတာပါပဲလား။ ပိုက္ဆံမရွိတုန္းကေတာ့ အိမ္ေထာင္ျပဳခ်င္ ေနၾကၿပီး ပိုက္ဆံရွိလာျပန္ေတာ့ ကြာရွင္းဖို႔ စဥ္းစားၾကျပန္ေရာ။
ပိုက္ဆံမရွိတဲ့အခါ ကိုယ့္မိန္းမကိုပဲ အတြင္းေရးမႉး ျပန္ခန႔္ထားရေပမယ့္ ပိုက္ဆံခ်မ္းသာလာေတာ့ အတြင္းေရးမႉးက မိန္းမ ျဖစ္လာတယ္။
ပိုက္ဆံမရွိစဥ္တုန္းက ခ်မ္းသာခ်င္ေယာင္ ေဆာင္ခဲ့ၿပီး ပိုက္ဆံလည္းရွိလာေရာ ဆင္းရဲခ်င္ေယာင္ ေဆာင္ရျပန္တယ္။ လူေတြ အို လူေတြ တစ္ခါမွကို အမွန္ မေျပာႏိုင္ၾကပါလား။ ေဈးတင္ေရာင္းတာ မေကာင္းဘူးေျပာၿပီး ေဈးကစားေနတာလည္း သူတို႔ပဲ။
ေငြဆိုတာ မေကာင္းတဲ့ မိစာၦလို႔ ဆိုၾကေပမယ့္လည္း အဲဒီ ေငြေနာက္ပဲ လိုက္ၿပီး ေလာဘရဲ႕သားေကာင္ ျဖစ္ေနၾကတယ္။ ေနရာျမင့္ရင္ အထီးက်န္တယ္လို႔ ဆိုၾကၿပီး အဲဒီေနရာကိုပဲ တပ္မက္ေမာေနၾကတယ္။ အေသာက္အစား ေလာင္းကစား မေကာင္းဘူး ေျပာၾကေပမယ့္ အရသာေတြ႕ ေမြ႕ေလ်ာ္ေနၾကတာလည္း လူေတြပဲ။
လူေတြ အို လူေတြ အေျပာနဲ႔အလုပ္က တျခားစီ။ ဘဝဆိုတာ မလုပ္ႏိုင္တာေတြအတြက္ စိတ္ပ်က္ေနဖို႔ မဟုတ္ဘဲ လုပ္ႏိုင္တာေလးေတြ လုပ္သြားဖို႔အတြက္ ျဖစ္တယ္။
အံ့ၾသဖြယ္ရာေတြဆိုတာ ေန႔စဥ္နဲ႔အမွ် ျဖစ္ပ်က္ေနလို႔ ဘယ္ေတာ့မွ အရႈံးမေပးဘဲ ေစာင့္သာ ၾကည့္ေနလိုက္ပါ။ ပိုက္ဆံႏွစ္ရာေလာက္က သူေတာင္းစားကို ေပးဖို႔ မ်ားေနလြန္းေပမယ့္ ကာရာအိုေကမွာ မုန႔္ဖိုးေပးဖို႔ေတာ့ မေႏွာေျမာၾကဘူး။
တေနကုန္ အလုပ္လုပ္ၿပီးလို႔ ဂ်င္မွာ သြားကစားရမွာ မေမာေပမယ့္ အိမ္မွာ အေမကို ကူဖို႔ၾကေတာ့ ဝန္ေလးေနၾကတယ္။ (၃) မိနစ္ေလာက္ေလး တရားထိုင္ရမွာ အခ်ိန္ မ်ားလြန္းေနေပမယ့္ (၃) နာရီေလာက္ေတာ့ ႐ုပ္ရွင္ အသာေလး ထိုင္ၾကည့္ႏိုင္တယ္။
ဗယ္လင္တိုင္းေဒး ေရာက္ဖို႔ တစ္ႏွစ္လုံး ေစာင့္ေနၾကေပမယ့္ အေမ့ေမြးေနကိုေတာ့ ေမ့ေနၾကတယ္။ လမ္းေပၚက ဗိုက္ဆာေနတဲ့ ကေလးေတြကို ေပါင္မုန႔္တစ္ခ်ပ္ေတာင္ မေပးေပမယ့္ ပန္းခ်ီကားတစ္ခ်ပ္က်ေတာ့ သိန္းခ်ီၿပီး ေပးဝယ္ၾကတယ္။
ဟာသေတြဆိုရင္ ရွယ္လုပ္ဖို႔ ႏွစ္ခါျပန္ မစဥ္းစားေပမယ့္ ဒီလို စာမ်ိဳးက်ေတာ့ လက္တြန႔္ ေနၾကတယ္။ စဥ္းစားၾကည့္ပါ။ ေျပာင္းလဲပါ။ ေသၿပီးရင္ေတာင္ ရေနအုံးမယ့္ အရာေတြ လြယ္လြယ္ေလး လုပ္ႏိုင္ပါတယ္။ တစ္ေယာက္ေယာက္ကို အၿပဳံး လက္ေဆာင္ေလး ေပးလိုက္ရင္လည္း သူ႔အတြက္ တစ္ေန႔တာကို ကိုယ္က ရသြားတာပါပဲ။
ေဆး႐ုံမွာ တြန္းလွည္း လႉတယ္ဆိုရင္ အဲဒီ တြန္းလွည္းကို ေနမေကာင္းသူေတြ အသုံးျပဳတိုင္း ကိုယ္က ကုသိုလ္ ရေနတာပဲ။ မိဘမဲ့ေဂဟာ စာသင္ေက်ာင္းနဲ႔ ေဆး႐ုံေတြမွာ လႉဒါန္းတာဟာ လူတိုင္း အသုံးျပဳဖို႔ ျဖစ္လို႔ အၿမဲတမ္း ျပန္ရေနမယ့္ ကုသိုလ္ ေကာင္းမႈေတြ ျဖစ္တယ္။ အမ်ားျပည္သူ သြားလာတဲ့ေနရာေတြမွာ ေရသန႔္စက္ေလး ထားေပးလိုက္ရင္လည္း လူတိုင္း ေရေသာက္ၾကမွာမို႔ ကုသိုလ္ရေနမွာပဲ။
သစ္ပင္စိုက္တာဟာလည္း အရိပ္ရဖို႔အတြက္ျဖစ္လို႔ ဒါလည္းေကာင္းမႈကုသိုလ္ပါပဲ။ ကားေမာင္းေနရင္းနဲ႔လည္း လမ္းေတာင္းေနတဲ့ကားေတြ႕လို႔ စကၠန႔္ပိုင္းေလာက္ ရပ္ေပးတာကလည္း ကိုယ့္ေၾကာင့္သူမ်ားအဆင္ေျပသြားသျဖင့္ ေကာင္းမႈကုသိုလ္တစ္ခုပါပဲ။
ဒါေၾကာင့္ ကုသိုလ္ဆိုတာ ယူတတ္ရင္ ပိုက္ဆံမရွိလည္း ကုသိုလ္ယူလို႔ရပါတယ္။ အားလုံးထဲမွာ အလြယ္ဆုံးကေတာ့ ဒီစာကို ရွယ္လိုက္လို႔ တစ္ေယာက္ေယာက္က ကုသိုလ္တစ္ခုခုကို လုပ္ျဖစ္သြားရင္ ကိုယ္လည္း ကုသိုလ္ရတာပဲ မဟုတ္လား။
Crd
ပိုက်ဆံမရှိတဲ့အခါ အိမ်မှာပဲ သက်သတ်လွတ် စားတယ်။ ပိုက်ဆံရှိလာတော့ ဆိုင်ကောင်းကောင်းမှာ သက်သတ်လွတ် သွားစားတယ်။ ပိုက်ဆံမရှိတဲ့အခါ စက်ဘီး စီးတယ်။ ပိုက်ဆံရှိလာတော့ လေ့ကျင့်ခန်းလုပ်တဲ့ စက်ပေါ်မှာ စက်ဘီး သွားနင်းတယ်။
ပိုက်ဆံမရှိတုန်းက အစာရှာဖို့ လမ်းလျှောက်ရတယ်။ ပိုက်ဆံရှိလာတော့ အဆီချဖို့ လမ်းလျှောက်ရပြန်တယ်။ အို လူတွေ လူတွေ ကိုယ့်ကိုကိုယ် လှည့်စား နေကြတာပါပဲလား။ ပိုက်ဆံမရှိတုန်းကတော့ အိမ်ထောင်ပြုချင် နေကြပြီး ပိုက်ဆံရှိလာပြန်တော့ ကွာရှင်းဖို့ စဉ်းစားကြပြန်ရော။
ပိုက်ဆံမရှိတဲ့အခါ ကိုယ့်မိန်းမကိုပဲ အတွင်းရေးမှူး ပြန်ခန့်ထားရပေမယ့် ပိုက်ဆံချမ်းသာလာတော့ အတွင်းရေးမှူးက မိန်းမ ဖြစ်လာတယ်။
ပိုက်ဆံမရှိစဉ်တုန်းက ချမ်းသာချင်ယောင် ဆောင်ခဲ့ပြီး ပိုက်ဆံလည်းရှိလာရော ဆင်းရဲချင်ယောင် ဆောင်ရပြန်တယ်။ လူတွေ အို လူတွေ တစ်ခါမှကို အမှန် မပြောနိုင်ကြပါလား။ ဈေးတင်ရောင်းတာ မကောင်းဘူးပြောပြီး ဈေးကစားနေတာလည်း သူတို့ပဲ။
ငွေဆိုတာ မကောင်းတဲ့ မိစ္ဆာလို့ ဆိုကြပေမယ့်လည်း အဲဒီ ငွေနောက်ပဲ လိုက်ပြီး လောဘရဲ့သားကောင် ဖြစ်နေကြတယ်။ နေရာမြင့်ရင် အထီးကျန်တယ်လို့ ဆိုကြပြီး အဲဒီနေရာကိုပဲ တပ်မက်မောနေကြတယ်။ အသောက်အစား လောင်းကစား မကောင်းဘူး ပြောကြပေမယ့် အရသာတွေ့ မွေ့လျော်နေကြတာလည်း လူတွေပဲ။
လူတွေ အို လူတွေ အပြောနဲ့အလုပ်က တခြားစီ။ ဘဝဆိုတာ မလုပ်နိုင်တာတွေအတွက် စိတ်ပျက်နေဖို့ မဟုတ်ဘဲ လုပ်နိုင်တာလေးတွေ လုပ်သွားဖို့အတွက် ဖြစ်တယ်။
အံ့သြဖွယ်ရာတွေဆိုတာ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေလို့ ဘယ်တော့မှ အရှုံးမပေးဘဲ စောင့်သာ ကြည့်နေလိုက်ပါ။ ပိုက်ဆံနှစ်ရာလောက်က သူတောင်းစားကို ပေးဖို့ များနေလွန်းပေမယ့် ကာရာအိုကေမှာ မုန့်ဖိုးပေးဖို့တော့ မနှောမြောကြဘူး။
တနေကုန် အလုပ်လုပ်ပြီးလို့ ဂျင်မှာ သွားကစားရမှာ မမောပေမယ့် အိမ်မှာ အမေကို ကူဖို့ကြတော့ ဝန်လေးနေကြတယ်။ (၃) မိနစ်လောက်လေး တရားထိုင်ရမှာ အချိန် များလွန်းနေပေမယ့် (၃) နာရီလောက်တော့ ရုပ်ရှင် အသာလေး ထိုင်ကြည့်နိုင်တယ်။
ဗယ်လင်တိုင်းဒေး ရောက်ဖို့ တစ်နှစ်လုံး စောင့်နေကြပေမယ့် အမေ့မွေးနေကိုတော့ မေ့နေကြတယ်။ လမ်းပေါ်က ဗိုက်ဆာနေတဲ့ ကလေးတွေကို ပေါင်မုန့်တစ်ချပ်တောင် မပေးပေမယ့် ပန်းချီကားတစ်ချပ်ကျတော့ သိန်းချီပြီး ပေးဝယ်ကြတယ်။
ဟာသတွေဆိုရင် ရှယ်လုပ်ဖို့ နှစ်ခါပြန် မစဉ်းစားပေမယ့် ဒီလို စာမျိုးကျတော့ လက်တွန့် နေကြတယ်။ စဉ်းစားကြည့်ပါ။ ပြောင်းလဲပါ။ သေပြီးရင်တောင် ရနေအုံးမယ့် အရာတွေ လွယ်လွယ်လေး လုပ်နိုင်ပါတယ်။ တစ်ယောက်ယောက်ကို အပြုံး လက်ဆောင်လေး ပေးလိုက်ရင်လည်း သူ့အတွက် တစ်နေ့တာကို ကိုယ်က ရသွားတာပါပဲ။
ဆေးရုံမှာ တွန်းလှည်း လှူတယ်ဆိုရင် အဲဒီ တွန်းလှည်းကို နေမကောင်းသူတွေ အသုံးပြုတိုင်း ကိုယ်က ကုသိုလ် ရနေတာပဲ။ မိဘမဲ့ဂေဟာ စာသင်ကျောင်းနဲ့ ဆေးရုံတွေမှာ လှူဒါန်းတာဟာ လူတိုင်း အသုံးပြုဖို့ ဖြစ်လို့ အမြဲတမ်း ပြန်ရနေမယ့် ကုသိုလ် ကောင်းမှုတွေ ဖြစ်တယ်။ အများပြည်သူ သွားလာတဲ့နေရာတွေမှာ ရေသန့်စက်လေး ထားပေးလိုက်ရင်လည်း လူတိုင်း ရေသောက်ကြမှာမို့ ကုသိုလ်ရနေမှာပဲ။
သစ်ပင်စိုက်တာဟာလည်း အရိပ်ရဖို့အတွက်ဖြစ်လို့ ဒါလည်းကောင်းမှုကုသိုလ်ပါပဲ။ ကားမောင်းနေရင်းနဲ့လည်း လမ်းတောင်းနေတဲ့ကားတွေ့လို့ စက္ကန့်ပိုင်းလောက် ရပ်ပေးတာကလည်း ကိုယ့်ကြောင့်သူများအဆင်ပြေသွားသဖြင့် ကောင်းမှုကုသိုလ်တစ်ခုပါပဲ။
ဒါကြောင့် ကုသိုလ်ဆိုတာ ယူတတ်ရင် ပိုက်ဆံမရှိလည်း ကုသိုလ်ယူလို့ရပါတယ်။ အားလုံးထဲမှာ အလွယ်ဆုံးကတော့ ဒီစာကို ရှယ်လိုက်လို့ တစ်ယောက်ယောက်က ကုသိုလ်တစ်ခုခုကို လုပ်ဖြစ်သွားရင် ကိုယ်လည်း ကုသိုလ်ရတာပဲ မဟုတ်လား။
Crd