မြန်မာပြည်မှာ လှတာမက်လို့ မရတော့ပါဘူး
ပြောချင်နေတာအဲ့ဒါပဲ… လူ့လောကမှာလဲ လှ တာကိုဘဲမက်နေကြတာဆိုတော့
မနက်စောစော မှာ သတင်းတခု ရောက်လာပါတယ် ။ ကျနော့် မိတ်ဆွေ ကြီး ရဲ့ နောက်ဆုံးအချိန် ကို စောင့်နေကြ ပြီတဲ့ ။
ရောဂါက အသည်းကင်ဆာ ။ အသက်က ၅၅ နှစ်။ခေတ်ပညာတတ် အရာရှိကြီး ။ အရက်မသောက်ဆေးလိပ်မသောက် ။
ကျန်းမာရေး လိုက်စားသူ ။အစားကောင်း တွေ သိပ်ကြိုက်သူ ။ နိူင်ငံတကာကို လှည့်သွားနေ ပေမယ့် မြန်မာပြည်ကလမ်းဘေးစာကိုမှတရှိုက်မက်မက်စားတတ်တဲ့သူ ။
သိကြ ရဲ့လားဗျာ ။ မြန်မာတွေ ကမ္ဘာ ကျော်နေပြီဆိုတာ ။ ကမ္ဘာ့ အဆင့်တစ်ကို တက်လှမ်းနေပြီဆိုတာ ။ ဘာအဆင့်လဲသိလား ။ ကင်ဆာဖြစ်နှုန်းဗျ ။
ကျနော်တို့ ဓာတုပစ္စည်းတွေနဲ့ ပြုပြင် စီရင်ထားတဲ့ ပါတ်ဝန်းကျင်မှာ ကျရောက်နေပြီ ဆိုတာသိကြရဲ့လားဗျာ ။
လက်တွေ့ ပြချင်တာ နဲ့ ကြောင်ကြီး ကို နာမည်ကြီးသူဌေးတွေ ဝယ်တတ် တဲ့ လမ်းဘေး သစ်သီး ဆိုင်က
သရက်သီး နဲ့ ဌက်ပျောသီး သွားဝယ် ခိုင်းလိုက်ပြီး လက်တွေ့ခွဲပြထားပါတယ် ။ လက်မှာစွဲနေတဲ့ဆိုးဆေးကို
ရေ နဲ့ အကြိမ်ကြိမ်ဆေးတောင်မစင်ပါဘူးဗျာ ။ အရသာကလည်း ချို မှ ချို။နစ် နေတာ ပါပဲ ။ ဆေးသကြားတွေထိုးထား စိမ်ထားတာကိုး ။
ဌက်ပျောသီး လဲ အတူတူ ပဲ ။အားလုံး ကို စိတ်နာနာ နဲ့ အမှိုက် ပုံ ထဲ ပစ်ထဲ့ လိုက်တယ် ။
ကျနော် စားတာ က စီးတီးမတ် က ဝယ်လာတဲ့ဌက်ပျောချဉ် ။ ကောင်းမှ ကောင်း ။ ခိူခိူ ချဉ်ချဉ်လေး ။ လှတော့ မလှ ဘူးပေါ့လေ ။
လှတာမက်ရင် တဘဝစာခက်ကုန်ပါ့မယ် မြန်မာပြည်မှာ လှတာမက်လို့မရတော့ဘူး။