ၾကားသိရသမွ်

အချိန်မတန်ဘဲ ကြွေလွင့်သွားရတဲ့ (၄၄) လမ်းက သူရဲကောင်းတွေအတွက်

မနေ့ကသြဂုတ်လ (၁၀) ရက်နေ့မှာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် (၄၄) လမ်းမှာ ဖြစ်ပွားခဲ့တဲ့ စိတ်မကောင်းစရာဖြစ်ရပ်ကြောင့် ပြည်သူတစ်ရပ်လုံးဟာ စိတ်နှလုံးထိခိုက်ကြေကွဲခဲ့ရပါတယ်။ မကြွေသင့်ဘဲကြွေသွားခဲ့ရတဲ့ ပန်းလေးတွေဟာ ကြွေသွားပေမယ့်မွှေးနေကြဆဲပါပဲ။

ဒူးမထောက် လက်မမြှောက် အညံ့မခံဘဲ ကိုယ့်အသက်ကို စတေးသွားတဲ့ သတ္တိကတော့ တကယ်ပြောင်မြောက်လွန်း ပါတယ်။ စိတ်မကောင်းစရာဖြစ်ရပ်ကတော့ ဘယ်တော့မှမေ့နိုင်တော့မှာမဟုတ်ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ကြီးညီသုတဟာလည်း စိတ်မကောင်းဖြစ်ရတဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ယက်မှာရေးသားလာခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ရန်ကုန်မှာ (၃) လ လောက် ပိတ်မိနေခဲ့ပြီး အဖမ်းမခံရအောင် တိမ်းရှောင်ရတဲ့အခြေအနေတွေရှိခဲ့ပြီး အဖမ်းခံမယ့်အစား အသေခံမယ်လို့ဆုံးဖြတ်ထားကြောင်း ပြောပြလာခဲ့ပါတယ်။ ဆုံးပါးသွားတဲ့လူငယ်တွေကို သနားသလို သူတို့လက်ထဲအညံ့ခံမယ့်အစား သေလိုက်တာပဲပိုကောင်းမယ်လို့ ကိုယ်တိုင်လည်း တွေးမိတယ်လို့ ဆိုပါတယ်။

မိမိကိုယ်ကိုယ်အဆုံးစီရင်တာမျိုးတော့မလုပ်သင့်ပေမယ့် ဖိနှိပ်ခံ အနိုင်ကျင့်ခံရတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့မခံချင်စိတ်ကြောင့် ကိုယ်တိုင်လည်း အခုလိုလုပ်ရပ်တွေလည်း လုပ်ကောင်းလုပ်နိုင်မှာ ဖြစ်ကြောင်းနဲ့ ဆုံးပါးသွားတဲ့ သူရဲကောင်းတွေအတွက် ကိုယ်ချင်းစာပြီး စိတ်မကောင်းဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။ အသက်နဲ့ရင်းနဲ့ အညံ့မခံလိုတဲ့စိတ်ဓာတ်ကို သက်သေပြသွားတဲ့ သူရဲကောင်းတွေလည်း ကောင်းရာဘုံဘဝမှာ အေးချမ်းကြပါစေလို့ ဆုတောင်းပေးပါတယ်။

သတင်းအရင်းမြစ်: Nyi Thuta’s FB Acc

Credit

Zawgyi

မေန႔ကၾသဂုတ္လ (၁၀) ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ (၄၄) လမ္းမွာ ျဖစ္ပြားခဲ့တဲ့ စိတ္မေကာင္းစရာျဖစ္ရပ္ေၾကာင့္ ျပည္သူတစ္ရပ္လုံးဟာ စိတ္ႏွလုံးထိခိုက္ေၾကကြဲခဲ့ရပါတယ္။ မေႂကြသင့္ဘဲေႂကြသြားခဲ့ရတဲ့ ပန္းေလးေတြဟာ ေႂကြသြားေပမယ့္ေမႊးေနၾကဆဲပါပဲ။

ဒူးမေထာက္ လက္မေျမႇာက္ အညံ့မခံဘဲ ကိုယ့္အသက္ကို စေတးသြားတဲ့ သတၱိကေတာ့ တကယ္ေျပာင္ေျမာက္လြန္း ပါတယ္။ စိတ္မေကာင္းစရာျဖစ္ရပ္ကေတာ့ ဘယ္ေတာ့မွေမ့ႏိုင္ေတာ့မွာမဟုတ္ပါဘူး။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ဗိုလ္ႀကီးညီသုတဟာလည္း စိတ္မေကာင္းျဖစ္ရတဲ့အေၾကာင္းကို သူ႔ရဲ႕လူမႈကြန္ယက္မွာေရးသားလာခဲ့ပါတယ္။ သူကိုယ္တိုင္လည္း ရန္ကုန္မွာ (၃) လ ေလာက္ ပိတ္မိေနခဲ့ၿပီး အဖမ္းမခံရေအာင္ တိမ္းေရွာင္ရတဲ့အေျခအေနေတြရွိခဲ့ၿပီး အဖမ္းခံမယ့္အစား အေသခံမယ္လို႔ဆုံးျဖတ္ထားေၾကာင္း ေျပာျပလာခဲ့ပါတယ္။ ဆုံးပါးသြားတဲ့လူငယ္ေတြကို သနားသလို သူတို႔လက္ထဲအညံ့ခံမယ့္အစား ေသလိုက္တာပဲပိုေကာင္းမယ္လို႔ ကိုယ္တိုင္လည္း ေတြးမိတယ္လို႔ ဆိုပါတယ္။

မိမိကိုယ္ကိုယ္အဆုံးစီရင္တာမ်ိဳးေတာ့မလုပ္သင့္ေပမယ့္ ဖိႏွိပ္ခံ အႏိုင္က်င့္ခံရတဲ့အခ်ိန္မွာ ျဖစ္ေပၚလာတဲ့မခံခ်င္စိတ္ေၾကာင့္ ကိုယ္တိုင္လည္း အခုလိုလုပ္ရပ္ေတြလည္း လုပ္ေကာင္းလုပ္ႏိုင္မွာ ျဖစ္ေၾကာင္းနဲ႔ ဆုံးပါးသြားတဲ့ သူရဲေကာင္းေတြအတြက္ ကိုယ္ခ်င္းစာၿပီး စိတ္မေကာင္းျဖစ္ေၾကာင္း ေရးသားခဲ့ပါတယ္။ အသက္နဲ႔ရင္းနဲ႔ အညံ့မခံလိုတဲ့စိတ္ဓာတ္ကို သက္ေသျပသြားတဲ့ သူရဲေကာင္းေတြလည္း ေကာင္းရာဘုံဘဝမွာ ေအးခ်မ္းၾကပါေစလို႔ ဆုေတာင္းေပးပါတယ္။

သတင္းအရင္းျမစ္: Nyi Thuta’s FB Acc

Credit