ဒီည အားလား…ကျမ ဒီနေ့ စိတ်တွေ လွှတ်ပလိုက်တော့မယ်
သေးထွက်အောင် ရီရမယ့် ဟာသ (၃) ပုဒ်
ဒီည အားလား ?
သူမ သည် ခေတ်ဆန်၏။ချော၏။လှ၏။ကိတ်၏။ ပုရိသ များအား ဖမ်းစားနိုင်သူဟု ဆိုနိုင်၏။
သူမ သည် ကျနော့် အိမ်နှင့် မျက်နှာချင်းဆိုင် တိုက်တွင် တစ်ကိုယ်တည်းနေသော အပျိုချော ဖြစ်၏။
တစ်နေ့ ညနေခင်းတွင် ကျနော် အိမ်ရှေ့ထိုင်ခုံ၌ ထိုင်နေတုန်း သူမ အိမ်ပြန်လာတာကို ငေးကြည့်နေမိသည်။
ငေးကြည့်နေစဉ် ထူးထူးခြားခြား ကျနော် ထိုင်နေရာဆီကို တန်းတန်းမက်မက် လျှောက်လာနေတော့ ကျနော် အံ့သြနေရင်း…
အနားရောက်တော့ သူမ က နူးညံတဲ့ အပြုံးတပွင့် ဖြင့် ကျနော့်ကိုနှုတ်ဆက်သည်။
ကျနော်လည်း ပျာပျာသလဲနှင့် မက်တပ် ရပ်လိုက်၍ သွားဖြီးကာ ပြန် နှုတ်ဆက်လိုက်သည်။
သူမက “ကျမ ဒီနေ့ အရမ်းပျော်နေတယ် သိလား စိတ်တွေတအား ထကြွနေတယ် …
အရမ်း လန်းပလိုက်ချင်လို့ ဒီညတော့ ကျမရဲ့စိတ်တွေကို လွှတ်ပလိုက်တော့မယ် ….
“ဆက်ပီး” ဒီည ကျမ အရက်သောက်မယ် တစ်ညလုံးလုံး အချစ် ဆိုတာနဲ့ သာယာပစ်လိုက်မယ် …
ရှင် .. ဒီည ဘာလုပ်စရာရှိလဲ အားလား ” ကျနော် တံတွေးတွေ အခါခါ မျိုချရင်း ဂလုသံကြီးနှင့် ပြောသည်။
” ဘာ .. ဘာမှလုပ်စရာ မ..မရှိပါဘူး တစ်ညလုံး အားးး ပါတယ်”လို့ပြောတော့…
သူမ နှစ်လိုဖွယ်ရာ ကောင်းအောင် ပြုံးပြလိုက်ပြီး…
” ဒါဆိုရင် ကျမအိမ်က ခွေးလေးကို တဆိတ်လောက် ကြည့်ထားပေးပါနော် …ကျမ ကလပ်ကို သွားမလို့”
“တိန်”
ဒီည အားလား ?
“တိန်”