လူတိုင်း တစ်နေ့မှာ မလွှဲမသွေ ကြုံရတဲ့အထဲမှာ အချစ်ရေးကလည်း ပါဝင်နေပါတယ်။ လူနှစ်ယောက် ချစ်တယ်ဆိုတာထက် အချစ်ရေးမှာ ရှုပ်ထွေးနေတဲ့ အရာတွေ အများကြီး ရှိနေပါတယ်။ မိန်းကလေးတွေ အများစုကတော့ အချစ်ရေးနဲ့ ပတ်သတ်ရင် စိတ်နုပြီး အမှားတွေလည်း လုပ်မိနေတတ်ကြပါတယ်။ မိန်းကလေးတွေ အများစု အချစ်ရေးမှာ လုပ်မိနေတတ်တဲ့ အမှားတွေကတော့….
၁။ အလျင်စလိုနိုင်ခြင်း။ ခေတ်ကာလတွေ ပြောင်းလဲလာတဲ့အခါမှာ ယောင်္ကျားလေးတွေရဲ့ ချစ်ရေးဆိုတဲ့ ပုံစံတွေက ပြောင်းလဲလာပါတယ်။ ဒီလို ပြောင်းလဲမှုမှာ လွယ်လွယ် ချစ်ခွင့်ပန်တဲ့သူတွေလည်း ပိုပြီး များလာပါတယ်။
တစ်ယောက်ပြီး ချစ်ခွင့်ပန်နေတတ်တဲ့ ကောင်လေးက အွန်လိုင်းမှာ ကိုယ့်ကို ချဉ်းကပ်ပြီး ကိုယ်ကို စဉ်းစားချိန်တောင် မပေးဘဲ အတင်း အဖြေတောင်းတာမျိုးကို လိုက်လျောမိတာမျိုးလည်း ရှိနေပါတယ်။ ဒီလို လွယ်လွယ်စတင်တဲ့ အချစ်ရေးက တာရှည် မခံတာ များပါတယ်။
၂။ လူကဲမခတ်ခြင်း။ မိန်းကလေးတွေက စိတ်ခံစားချက်ကို ဦးစားပေးလေ့ ရှိပါတယ်။ ကိုယ် ရင်ခုန်နေတဲ့ ကောင်လေးက ကိုယ့်ကို လာချစ်ခွင့်ပန်တာမျိုး၊ ကိုယ့်ကို လာအီတဲ့ ကောင်လေးကို ရင်ခုန်မိတာမျိုး ဖြစ်ပြီး ချစ်သူရည်းစား မြန်မြန် ဖြစ်သွားတတ်ပါတယ်။ ဒီအချက် ကိုယ်နဲ့ မကိုက်ညီတဲ့သူနဲ့ ကြုံရပြီး ကိုယ်ကို စိတ်ဒုက္ခရောက်စေတတ်ပါတယ်။
၃။ စိုးရိမ်စိတ် လွန်ကဲခြင်း။ မိန်းကလေးတွေရဲ့ အချစ်ရေးမှာ အများဆုံး မှားတဲ့အချက်က ကိုယ့်ရဲ့ စိုးရိမ်စိတ်ကြောင့် ချစ်ရသူကို ဆုံးရှုံးရခြင်းပါပဲ။ ဘယ်လောက်ပဲ ကိုယ့်ကို ချစ်ချစ် လူတွေမှာ သည်းမခံနိုင်တောတဲ့ အချိန် ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မိန်းကလေးတွေက ချစ်သူကို အချစ်လွန်ပြီး ချုပ်ချယ်မှုတွေနဲ့ သံသယတွေ ဖြစ်နေတာကနေစပြီး အကျိတ်အခဲတွေ များပြီး အချစ်ရေးက ပြတ်တောက်သွားကြတာ ဖြစ်ပါတယ်။
၄။ မျိုးဆက်ပွားကျန်းမာရေးကို မလေ့လာခြင်း။ Single Mom တွေက ဂုဏ်ယူစရာ ကောင်းပေမယ့် အားကျစရာတော့ မကောင်းပါဘူး။ မျိုးဆက်ပွားကျန်းမာရေးမှာ မိန်းကလေးတွေက အဓိက ခံစားရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်နိုင်တဲ့ သူက မိန်းကလေး ဖြစ်လို့ လိင်မှုကိစ္စတွေမှာ လွယ်လွယ် ဆုံးဖြတ်ချက် မချသင့်သလို ချစ်သူ ပြောတဲ့စကားကို လွယ်လွယ်ယုံတာမျိုး လုပ်လို့ မဖြစ်ပါဘူး။
ဘယ်လိုပဲ ကိုယ့်ရဲ့ ချစ်သူဖြစ်ဖြစ် လောကမှာ မကောင်းတဲ့သူတွေ ရှိကို ရှိနေလို့ ဒီကိစ္စမှာ ဆင်ခြင်နိုင်မှ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ နောက်ဆက်တွဲအခြေအနေတွေကို မကြုံရမှာ ဖြစ်ပါတယ်။
၅။ ဆုံးဖြတ်ချက်မှားခြင်း။ မိန်းကလေးတွေက မှားမှန်းသိသိနဲ့ ခေါင်းမာကြတာလည်း ရှိပါတယ်။ သူတို့ရဲ့ အကြီးမားဆုံး အမှားပါပဲ။ ကိုယ့်ကို မချစ်တဲ့သူကို တွယ်ကပ်နေတာ၊ ကိုယ့်အပေါ် မကောင်းတဲ့သူကိုမှ အနစ်နာခံပြီးရင် ခံနေတာ၊ အဆင်မပြေမှန်း သိသိနဲ့ အိမ်ထောင်ပြုလိုက်ကြတာမျိုးတွေ စတဲ့ ဆုံးဖြတ်ချက် အမှားတွေက ကိုယ့်ကို စိတ်ချမ်းသာမှု ဖြစ်လာစေမှာ မဟုတ်ဘဲ ပိုပြီး ပင်ပန်းအောင် လုပ်နေတဲ့ အချက်တွပဲ ဖြစ်ပါတယ်။
၆။ ကိုယ့်ကိုယ်ကို မချစ်ခြင်း။ အချစ်ရေးမှlာ ဘယ်လောက်ပဲ ချစ်ချစ် ကိုယ့်ကိုယ်ကို ချစ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကို မပျော်ရွှင်စေတဲ့အပြင် ပင်ပန်းစေတဲ့ အချစ်ရေးက အလကား အချိန်ဖြုန်းနေတဲ့ ကိစ္စသက်သက်ပါပဲ။ ကိုယ့်ကိုယ်ကို ချစ်မှသာ ကောင်းမွန်တဲ့ အချစ်ရေးကို ရမှာ ဖြစ်ပြီး မွန်းကြပ်တဲ့ အချစ်ရေးတွေကို စွန့်လွှတ်နိုင်မှာ ဖြစ်ပါတယ်။Source.lovestory