လူအမ်ိဳးမ်ိဳးရွိၾကတဲ့အထဲမွာ တခ်ိဳ႕က ကိုယ့္စိတ္ထဲမွာျဖစ္ေနတဲ့ခံစားခ်က္ေတြကို လြယ္လြယ္ကူကူထုတ္ေဖာ္ေျပာနိုင္ေပမယ့္ တခ်ိဳ႕ေတြက်ေတာ့ ကိုယ့္စိတ္ခံစားခ်က္ေတြကို ပါးစပ္က ထုတ္မေျပာဘဲ အျပုအမူေလးေတြကတဆင့္ ေဖာ္ျပတတ္ၾကပါတယ္။ သင့္ကို သတိရတယ္၊ လြမ္းတယ္ဆိုျပီး ပါးစပ္ကတဖြဖြထုတ္မေျပာတတ္တဲ့ခ်စ္သူရွိရင္ သူသင့္ကိုလြမ္းေနတယ္ဆိုတာ ဒီအခ်က္ေလးေတြကိုၾကည့္ျပီး သိနိုင္ပါတယ္။
(၁) အဆက္အသြယ္
သင္နဲ႕ဆက္သြယ္ဖို႕ၾကိုးစားတယ္၊ စကားၾကာၾကာေျပာဖို႕ ၾကိုးစားတတ္တယ္။ သူေျပာတဲ့စကားထဲမွာ သတိရတဲ့အေၾကာင္း၊ လြမ္းတဲ့အေၾကာင္းမပါေပမယ့္ ဒီလိုစကားၾကာၾကာေျပာဖို႕ၾကိုးစားတာကပဲ သင့္ကိုလြမ္းေနတယ္ဆိုတဲ့ အဓိပၸါယ္ပါ။
(၂) မက္ေဆ့ေလးေတြ
ဆိုရွယ္မီဒီယာမွာ သင္တင္ထားတဲ့ပို႕စ္ေအာက္မွာ ကြန္မန္႕ေလးေတြ၊ မက္ေဆ့ေလးေတြခ်န္ထားတတ္တယ္။ ဒါကလည္း သင့္ကိုလြမ္းေနတဲ့ အဓိပၸါယ္ပါပဲ။
(၃) ဓာတ္ပံုပို႕ေပးမယ္
တခါတေလသင့္ကိုဓာတ္ပံုပို႕ေပးဖုိ႕ သူေျပာတာကလည္း သူသင့္ကိုသတိရေနလို႕ျဖစ္ျပီး၊ သူ႕ရဲ႕ဓာတ္ပံုေတြကိုပို႕ေပးတယ္ဆိုရင္လည္း အဲ့ဒါအတြက္ ထူးဆန္းေနစရာမလိုပါဘူး။ ဒါကလည္း သူသတိရေနလို႕ လြမ္းေနလို႕ပါပဲ။
(၄) လာေတြ႕မယ္
သူသာသင့္ကိုအရမ္းလြမ္းေနခဲ့ရင္ သင့္ကိုေတြ႕ဖို႕ၾကိဳးစားမွာပါ။ သတိရလို႕၊ လြမ္းလို႕ ေတြ႕ခ်င္တယ္လို႕မေျပာဘဲ တျခားအေၾကာင္းျပျပီးေတြ႕ဖို႕ေျပာတာကလည္း သူသင့္ကိုသတိရေနတာေၾကာင့္ပဲ ျဖစ္ပါတယ္။
(၅) သူငယ္ခ်င္းေတြကတဆင့္
သူ႕သူငယ္ခ်င္းေတြနဲ႕ေတြ႕တဲ့အခါ သင့္အေၾကာင္းေတြ၊ သင့္ကိုသတိရေၾကာင္းေတြေျပာတတ္ျပီး သူ႕သူငယ္ခ်င္းေတြက ဒါကို သင့္ဆီျပန္ေျပာတတ္ပါတယ္။ ဒီလိုမ်ိဳး သူ႕သူငယ္္ခ်င္းေတြကတဆင့္ သူ႕အေၾကာင္းေတြျပန္ၾကားရတာကလည္း သူသင့္ကို အျမဲလိုလိုသတိရေန၊ လြမ္းေနတယ္ဆိုတာ သိနိုင္ပါတယ္။
(၆) အမွတ္မထင္အေျပာေလးေတြ
ပံုမွန္ဆို သင့္ကိုလြမ္းတယ္၊ သတိရတယ္လို႕မေျပာတတ္ေပမယ့္ အမွတ္မထင္ သူက သင့္ကိုသတိရတယ္၊ လြမ္းတယ္ဆိုတဲ့အေၾကာင္းေျပာခဲ့ရင္ သူတကယ္သတိရေနလို႕ပါ။ စသလို၊ေနာက္သလိုေျပာတယ္ဆိုရင္ေတာင္ သူတကယ္သတိရေနတာျဖစ္ပါတယ္။
RAY
credit auntymay
unicode
လူအမျိုးမျိုးရှိကြတဲ့အထဲမှာ တချို့က ကိုယ့်စိတ်ထဲမှာဖြစ်နေတဲ့ခံစားချက်တွေကို လွယ်လွယ်ကူကူထုတ်ဖော်ပြောနိုင်ပေမယ့် တချို့တွေကျတော့ ကိုယ့်စိတ်ခံစားချက်တွေကို ပါးစပ်က ထုတ်မပြောဘဲ အပြုအမူလေးတွေကတဆင့် ဖော်ပြတတ်ကြပါတယ်။ သင့်ကို သတိရတယ်၊ လွမ်းတယ်ဆိုပြီး ပါးစပ်ကတဖွဖွထုတ်မပြောတတ်တဲ့ချစ်သူရှိရင် သူသင့်ကိုလွမ်းနေတယ်ဆိုတာ ဒီအချက်လေးတွေကိုကြည့်ပြီး သိနိုင်ပါတယ်။
(၁) အဆက်အသွယ်
သင်နဲ့ဆက်သွယ်ဖို့ကြိုးစားတယ်၊ စကားကြာကြာပြောဖို့ ကြိုးစားတတ်တယ်။ သူပြောတဲ့စကားထဲမှာ သတိရတဲ့အကြောင်း၊ လွမ်းတဲ့အကြောင်းမပါပေမယ့် ဒီလိုစကားကြာကြာပြောဖို့ကြိုးစားတာကပဲ သင့်ကိုလွမ်းနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
(၂) မက်ဆေ့လေးတွေ
ဆိုရှယ်မီဒီယာမှာ သင်တင်ထားတဲ့ပို့စ်အောက်မှာ ကွန်မန့်လေးတွေ၊ မက်ဆေ့လေးတွေချန်ထားတတ်တယ်။ ဒါကလည်း သင့်ကိုလွမ်းနေတဲ့ အဓိပ္ပါယ်ပါပဲ။
(၃) ဓာတ်ပုံပို့ပေးမယ်
တခါတလေသင့်ကိုဓာတ်ပုံပို့ပေးဖို့ သူပြောတာကလည်း သူသင့်ကိုသတိရနေလို့ဖြစ်ပြီး၊ သူ့ရဲ့ဓာတ်ပုံတွေကိုပို့ပေးတယ်ဆိုရင်လည်း အဲ့ဒါအတွက် ထူးဆန်းနေစရာမလိုပါဘူး။ ဒါကလည်း သူသတိရနေလို့ လွမ်းနေလို့ပါပဲ။
(၄) လာတွေ့မယ်
သူသာသင့်ကိုအရမ်းလွမ်းနေခဲ့ရင် သင့်ကိုတွေ့ဖို့ကြိုးစားမှာပါ။ သတိရလို့၊ လွမ်းလို့ တွေ့ချင်တယ်လို့မပြောဘဲ တခြားအကြောင်းပြပြီးတွေ့ဖို့ပြောတာကလည်း သူသင့်ကိုသတိရနေတာကြောင့်ပဲ ဖြစ်ပါတယ်။
(၅) သူငယ်ချင်းတွေကတဆင့်
သူ့သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ သင့်အကြောင်းတွေ၊ သင့်ကိုသတိရကြောင်းတွေပြောတတ်ပြီး သူ့သူငယ်ချင်းတွေက ဒါကို သင့်ဆီပြန်ပြောတတ်ပါတယ်။ ဒီလိုမျိုး သူ့သူငယ််ချင်းတွေကတဆင့် သူ့အကြောင်းတွေပြန်ကြားရတာကလည်း သူသင့်ကို အမြဲလိုလိုသတိရနေ၊ လွမ်းနေတယ်ဆိုတာ သိနိုင်ပါတယ်။
(၆) အမှတ်မထင်အပြောလေးတွေ
ပုံမှန်ဆို သင့်ကိုလွမ်းတယ်၊ သတိရတယ်လို့မပြောတတ်ပေမယ့် အမှတ်မထင် သူက သင့်ကိုသတိရတယ်၊ လွမ်းတယ်ဆိုတဲ့အကြောင်းပြောခဲ့ရင် သူတကယ်သတိရနေလို့ပါ။ စသလို၊နောက်သလိုပြောတယ်ဆိုရင်တောင် သူတကယ်သတိရနေတာဖြစ်ပါတယ်။
RAY
credit auntymay