ဗေဒင်

2021 ခုနှစ်တနင်္လာသားသမီးများ တစ်နှစ်စာဟောစာတမ်း

တနင်္လာသားသမီးတို့သည် 2021ခုမှာအဘက်ဘက်က အဆင်ပြေကံကောင်းနေတတ်ပါတယ်။ ဝန်ထမ်း ဖြစ်ပါက ရာထူးတိုးခြင်း၊နေရာကောင်းရခြင်းတွေရှိလာနိုင်ပါတယ်။ ငွေကြေးအစုလိုက်ဝင်တတ်ပါတယ်။ အကျိုးတူ အစုရှယ်ယာလုပ်ငန်းများ လုပ်ကိုင်ရတတ်သည်။

ရလဒ်လဲကောင်းပါလိမ့်မယ်။ လုပ်ငန်းခွင်အတွင်း စိတ်အလောကြီး စွာ လုပ်ကိုင်ခြင်းများ ရှောင်ပါ။တစ်ခုဆိုးတာက မိမိထက် ဉာဏ်ရည်၊လုပ်ရည်ကိုင်ရည်ညံ့သူနှင့်တွဲဖက်လုပ်ကိုင်ရတတ်သည်။

ငွေကြေးကိစ္စများ၊ ထီး၊ ဖိနပ်၊ အထည်အလိပ် ရောင်းဝယ်ခြင်း၊ စားသောက်ကုန်ပစ္စည်းများ ဖြန့်ချီခြင်း၊ ဆက်သွယ်ရေးနှင့် အပိုပစ္စည်းများ ရောင်းဝယ်ရေး၊ အစုရှယ်ယာဝင်ခြင်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ အလှကုန် လုပ်ငန်း၊ ပရိဘောဂလုပ်ငန်း၊ ယာဉ်ကားရောင်းဝယ်ရေးနှင့် အဖျော်ယမကာလုပ်ငန်းများ၊ ရေလုပ်ငန်းနှင့် မွေးမြူရေး လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း အားကောင်း မည်။

လုပ်ငန်းခွင်တိုးချဲ့ရန် ဆန္ဒရှိသော်လည်း အနှောက် အယှက်များ အတိုက်အခံများရင်ဆိုင်ရပြီးမှ ချဲ့ထွင်နိုင်ပါလိမ့်မယ်။ကံကောင်းနေတာက ဒီနှစ်ဟာတနင်္လာသားသမီး တွေအတွက် ပျော်စရာ၊စိတ်ချမ်းသာစရာ အလွန်များပါတယ်။

ဝန်ထုပ်ဝန်ပိုများ လွန်စွာမှနည်းပါးတဲ့ နှစ်တစ်ခုပဲ ဖြစ်ပါတယ်။ မိသားစုအတွင်းမှာမမျှော်လင့်ဘဲ မင်္ဂလာ သတင်းများ ကြားရတတ်ပါတယ်၊၊

ထီပေါက်၍ဖြစ်စေ၊အမွေရ၍ဖြစ်စေငွေကြေးများ ဝင်လာတတ်ခြင်းများ ရှိမည်။ အိမ်ဆောက်ပစ္စည်းများ ဝင်ကိန်း ရှိသည်။ မကြာခဏ ခရီးသွားရကိန်းများ ရှိမည်။ ကောင်းသောခရီးအဆင် ပြေသော ခရီးများဖြစ်မည်။

လုပ်ငန်းကိစ္စများအတွက် တနင်္ဂနွေနှင့် သောကြာသားသမီးများနှင့် ဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ပေးပါ။

ဗုဒ္ဓဟူး၊ တနင်္လာသားသမီးတို့နှင့် အကျိုးပေးမည်။ မိသားစု အတွင်းလူများရဲ့ ပြဿနာများ မိမိကဦးဆောင်ဖြေရှင်းပေးရတတ်သည်။ မိသားစုထဲမှာ ဒုက္ခပေးမယ့်သူတွေပေါ်လာတတ်ပါတယ်။

ကျန်းမာရေးမှာတော့ ဦးနှောက်နှင့် အာရုံကြောရောဂါ၊ ဝမ်းဗိုက်ရောဂါ၊ ထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်တတ်သည်။ အစားအသောက်ကြောင့် ဘေးဥပါဒ်များ ကြုံရကိန်းရှိနေပါသည်။
အစာအိမ်အချဉ်ပေါက်ခြင်းနှင့် ဝမ်းရောဂါများ ဖြစ်ပွားတတ်ပါသည်။ ဤနှစ်အတွင်း လူကြီးမိဘများ၏ ပံ့ပိုးမှုကြောင့် စီးပွားရေးတွင် ကံကောင်းခြင်းဖြစ်မည်။

အထူးသဖြင့် မိခင်၊အဒေါ်၊အဘွားစတဲ့ အမျိုးသမီးအကြီးအကဲတွေရဲ့အထူးအကူအညီ ရတတ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးတွင် ပတ်ဝန်းကျင်၏ အထင်အမြင်လွဲခြင်းနှင့် မွေးချင်းမောင်နှမတို့အကြား စိတ်ဝမ်းကွဲခြင်းများကြုံရတတ်ပါတယ်။

အိမ်၊ ခြံ၊ မြေ၊ တိုက်တာများ မမျှော်လင့်ဘဲ ဝင်ကိန်းရှိသည်။ လက်ရှိအလုပ် တွေကို တိုးချဲ့ပါ။ ချဲ့ထွင်ပါ။ ဒါပေမယ့် သူများမြှောက်ပေးတဲ့ အလုပ်တွေကို ကိုယ်က ဂဃနဏ နားမလည်ဘဲ လုံး၀ မလုပ်မိပါစေနဲ့။

ရေခြား၊ မြေခြားမှဖြစ်စေ၊အွန်လိုင်းကဖြစ်စေ မိတ်ဆွေအပေါင်းအသင်းများ တိုးပွားမည်။ အကျိုးပေးမည်။ မိမိနှင့်မသက်ဆိုင် သော အမှုပြဿနာများကို ဖြေရှင်းပေးနေရမည်။

အကြောင်းပြချက်မရှိပဲ စိတ်ပါရာလျှောက်လုပ် နေမိတတ်သည်။ တစ်ခုသတိထားရမှာ ဒီနှစ်မှာ တနင်္လာသားသမီးတွေက ငွေရမယ်ဆို ဘာမဆိုလုပ်ရဲတဲ့စိတ်တွေ ပေါ် လာတတ်ပါတယ်။

ဥပဒေမလွတ်ကင်းတာပဲဖြစ်ဖြစ်၊မိမိသိက္ခာကျရင်ပဲဖြစ်ဖြစ် ငွေရမယ်ဆို လုပ်ကိုင်ချင် စိတ်တွေပေါ်နေတတ်ပါတယ်။သတိထားဆင်ခြင်ပါ။

နောက်ထပ်သတိထားရမည့်ကိစ္စက တော့ သူခိုးခိုးခံရတတ် ပါတယ်။ အလစ်သုတ်ခံရတတ်ပါတယ်။ လူလိမ်ခံရတတ်ပါတယ်။ ဘာမှ လွယ်လင့်တကူ မထားလိုက်ပါနဲ့။ မေတ္တာနဲ့ ယှဉ်သော စိတ်နဲ့ တစ်နှစ်လုံးနေထိုင်ခြင်းဖြင့် အဘက်ဘက်ကကံကောင်းပါလိမ့်မယ်။

အချစ်ရေးတွင် မိသားစုသဖွယ် ဂရုစိုက်ပေးသော ချစ်သူနှင့် ဆုံစည်းရမည်။ ပျိုရွယ်သူများ စေ့စပ်ကြောင်းလမ်းခြင်း၊ ရည်းစားသစ်များနှင့် တွေ့ဆုံပြီး ဖူးစာရှင်အဖြစ် ရွေးချယ်ရကိန်းရှိသည်။

လက်ထပ်ဖို့ရည်ရွယ်ထားပြီး ကပ်ရောဂါကြောင့် လက်မထပ်ဖြစ်သူများ ဒီနှစ်မှာ ကြီးကျယ်တဲ့မင်္ဂလာအခမ်းအနားတွေကျင်းပခွင့်ရတတ်ပါတယ်။

အိမ်ထောင်ရှင်များ သဘောထား မတိုက်ဆိုင်ခြင်းကြောင့် အဆင်မပြေမှုများ မကြာခဏ ကြုံတွေ့ရတတ်သည်။ အိမ်ထောင်ရေးကတော့ သောကများရတတ်ပါတယ်။ မိမိကိုယ်စိတ်ချမ်းသာအောင် မထားလေ ၊မိမိကစိတ်ကုန်လေဖြစ်နေတတ်ပါတယ်။

ပညာရေးတွင် မိမိရည်မှန်းချက်အထူးထားပြီး အောင်မြင်မှုများကို ဆွတ်ခူးနိုင်မည်။ နိုင်ငံရပ်ခြားသို့ ပညာသင်ခွင့် အခွင့်အရေးများ ဝင်လာတတ်သည်။

သင်ယူချင်စိတ်၊တက်မြောက် ချင်စိတ်တွေပေါ်နေတတ်ပါတယ်။ ထူးခြားတာက ဘာသင်သင် ဉာဏ်ထိုင်းသူတောင် တက်လွယ်တဲ့နှစ်တစ်ခုဖြစ်နေတာပါပဲ။ ပညာရေးတွင် ကံကောင်းနေသော အချိန်ကာလဖြစ်သည်။

 

အကျိုးပေးဂဏန်း ၄၊၅၊၇၊၉

အကျိုးပေးအက္ခရာ ခ၊သ၊တ၊န

အကျိုးပေးအရောင် အဖြူရောင်၊ အညိုရောင်၊ အရောင်နုများ

တစ်နှစ်တာယတြာ အချိုရည်၊ရေသန့်၊ရေစစ် မကြာခဏလှူပါ။ ကလေးငယ်တွေကို မိမိတတ်နိုင်တဲ့ကစားစရာ လေးများဝယ်ပေးပါ။
ဒီတစ်နှစ်တာအတွင်း အဘက်ဘက်က အဆင်ပြေပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်

ဆရာငြိမ်းအေးလူ

လက်ဆန်းဗေဒင်သုတေသီ

09775555695

,09445555695

#Zawgyi font

2021 ခုနှစ်တနင်္လာသားသမီးများ တစ်နှစ်စာဟောစာတမ်း

တနင်္လာသားသမီးတို့သည် 2021ခုမှာအဘက်ဘက်က အဆင်ပြေကံကောင်းနေတတ်ပါတယ်။ ဝန်ထမ်း ဖြစ်ပါက ရာထူးတိုးခြင်း၊နေရာကောင်းရခြင်းတွေရှိလာနိုင်ပါတယ်။ ငွေကြေးအစုလိုက်ဝင်တတ်ပါတယ်။ အကျိုးတူ အစုရှယ်ယာလုပ်ငန်းများ လုပ်ကိုင်ရတတ်သည်။

ရလဒ်လဲကောင်းပါလိမ့်မယ်။ လုပ်ငန်းခွင်အတွင်း စိတ်အလောကြီး စွာ လုပ်ကိုင်ခြင်းများ ရှောင်ပါ။

တစ်ခုဆိုးတာက မိမိထက် ဉာဏ်ရည်၊လုပ်ရည်ကိုင်ရည်ညံ့သူနှင့်တွဲဖက်လုပ်ကိုင်ရတတ်သည်။ ငွေကြေးကိစ္စများ၊ ထီး၊ ဖိနပ်၊ အထည်အလိပ် ရောင်းဝယ်ခြင်း၊ စားသောက်ကုန်ပစ္စည်းများ ဖြန့်ချီခြင်း၊ ဆက်သွယ်ရေးနှင့် အပိုပစ္စည်းများ ရောင်းဝယ်ရေး၊

အစုရှယ်ယာဝင်ခြင်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ အလှကုန် လုပ်ငန်း၊ ပရိဘောဂလုပ်ငန်း၊ ယာဉ်ကားရောင်းဝယ်ရေးနှင့် အဖျော်ယမကာလုပ်ငန်းများ၊ ရေလုပ်ငန်းနှင့် မွေးမြူရေး လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း အားကောင်း မည်။

လုပ်ငန်းခွင်တိုးချဲ့ရန် ဆန္ဒရှိသော်လည်း အနှောက် အယှက်များ အတိုက်အခံများရင်ဆိုင်ရပြီးမှ ချဲ့ထွင်နိုင်ပါလိမ့်မယ်။ကံကောင်းနေတာက ဒီနှစ်ဟာတနင်္လာသားသမီး တွေအတွက် ပျော်စရာ၊စိတ်ချမ်းသာစရာ အလွန်များပါတယ်။ ဝန်ထုပ်ဝန်ပိုများ လွန်စွာမှနည်းပါးတဲ့ နှစ်တစ်ခုပဲ ဖြစ်ပါတယ်။ မိသားစုအတွင်းမှာမမျှော်လင့်ဘဲ မင်္ဂလာ သတင်းများ ကြားရတတ်ပါတယ်၊၊

ထီပေါက်၍ဖြစ်စေ၊အမွေရ၍ဖြစ်စေငွေကြေးများ ဝင်လာတတ်ခြင်းများ ရှိမည်။ အိမ်ဆောက်ပစ္စည်းများ ဝင်ကိန်း ရှိသည်။ မကြာခဏ ခရီးသွားရကိန်းများ ရှိမည်။ ကောင်းသောခရီးအဆင် ပြေသော ခရီးများဖြစ်မည်။

လုပ်ငန်းကိစ္စများအတွက် တနင်္ဂနွေနှင့် သောကြာသားသမီးများနှင့် ဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ပေးပါ။ ဗုဒ္ဓဟူး၊ တနင်္လာသားသမီးတို့နှင့် အကျိုးပေးမည်။ မိသားစု အတွင်းလူများရဲ့ ပြဿနာများ မိမိကဦးဆောင်ဖြေရှင်းပေးရတတ်သည်။ မိသားစုထဲမှာ ဒုက္ခပေးမယ့်သူတွေပေါ်လာတတ်ပါတယ်။

ကျန်းမာရေးမှာတော့ ဦးနှောက်နှင့် အာရုံကြောရောဂါ၊ ဝမ်းဗိုက်ရောဂါ၊ ထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်တတ်သည်။ အစားအသောက်ကြောင့် ဘေးဥပါဒ်များ ကြုံရကိန်းရှိနေပါသည်။
အစာအိမ်အချဉ်ပေါက်ခြင်းနှင့် ဝမ်းရောဂါများ ဖြစ်ပွားတတ်ပါသည်။ ဤနှစ်အတွင်း လူကြီးမိဘများ၏ ပံ့ပိုးမှုကြောင့် စီးပွားရေးတွင် ကံကောင်းခြင်းဖြစ်မည်။

အထူးသဖြင့် မိခင်၊အဒေါ်၊အဘွားစတဲ့ အမျိုးသမီးအကြီးအကဲတွေရဲ့အထူးအကူအညီ ရတတ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးတွင် ပတ်ဝန်းကျင်၏ အထင်အမြင်လွဲခြင်းနှင့် မွေးချင်းမောင်နှမတို့အကြား စိတ်ဝမ်းကွဲခြင်းများကြုံရတတ်ပါတယ်။ အိမ်၊ ခြံ၊ မြေ၊ တိုက်တာများ မမျှော်လင့်ဘဲ ဝင်ကိန်းရှိသည်။ လက်ရှိအလုပ် တွေကို တိုးချဲ့ပါ။ ချဲ့ထွင်ပါ။ ဒါပေမယ့် သူများမြှောက်ပေးတဲ့ အလုပ်တွေကို ကိုယ်က ဂဃနဏ နားမလည်ဘဲ လုံး၀ မလုပ်မိပါစေနဲ့။

ရေခြား၊ မြေခြားမှဖြစ်စေ၊အွန်လိုင်းကဖြစ်စေ မိတ်ဆွေအပေါင်းအသင်းများ တိုးပွားမည်။ အကျိုးပေးမည်။ မိမိနှင့်မသက်ဆိုင် သော အမှုပြဿနာများကို ဖြေရှင်းပေးနေရမည်။ အကြောင်းပြချက်မရှိပဲ စိတ်ပါရာလျှောက်လုပ် နေမိတတ်သည်။ တစ်ခုသတိထားရမှာ ဒီနှစ်မှာ တနင်္လာသားသမီးတွေက ငွေရမယ်ဆို ဘာမဆိုလုပ်ရဲတဲ့စိတ်တွေ ပေါ် လာတတ်ပါတယ်။

ဥပဒေမလွတ်ကင်းတာပဲဖြစ်ဖြစ်၊မိမိသိက္ခာကျရင်ပဲဖြစ်ဖြစ် ငွေရမယ်ဆို လုပ်ကိုင်ချင် စိတ်တွေပေါ်နေတတ်ပါတယ်။သတိထားဆင်ခြင်ပါ။ နောက်ထပ်သတိထားရမည့်ကိစ္စက တော့ သူခိုးခိုးခံရတတ် ပါတယ်။

အလစ်သုတ်ခံရတတ်ပါတယ်။ လူလိမ်ခံရတတ်ပါတယ်။ ဘာမှ လွယ်လင့်တကူ မထားလိုက်ပါနဲ့။ မေတ္တာနဲ့ ယှဉ်သော စိတ်နဲ့ တစ်နှစ်လုံးနေထိုင်ခြင်းဖြင့် အဘက်ဘက်ကကံကောင်းပါလိမ့်မယ်။

အချစ်ရေးတွင် မိသားစုသဖွယ် ဂရုစိုက်ပေးသော ချစ်သူနှင့် ဆုံစည်းရမည်။ ပျိုရွယ်သူများ စေ့စပ်ကြောင်းလမ်းခြင်း၊ ရည်းစားသစ်များနှင့် တွေ့ဆုံပြီး ဖူးစာရှင်အဖြစ် ရွေးချယ်ရကိန်းရှိသည်။ လက်ထပ်ဖို့ရည်ရွယ်ထားပြီး ကပ်ရောဂါကြောင့် လက်မထပ်ဖြစ်သူများ ဒီနှစ်မှာ ကြီးကျယ်တဲ့မင်္ဂလာအခမ်းအနားတွေကျင်းပခွင့်ရတတ်ပါတယ်။

 

အိမ်ထောင်ရှင်များ သဘောထား မတိုက်ဆိုင်ခြင်းကြောင့် အဆင်မပြေမှုများ မကြာခဏ ကြုံတွေ့ရတတ်သည်။ အိမ်ထောင်ရေးကတော့ သောကများရတတ်ပါတယ်။ မိမိကိုယ်စိတ်ချမ်းသာအောင် မထားလေ ၊မိမိကစိတ်ကုန်လေဖြစ်နေတတ်ပါတယ်။

ပညာရေးတွင် မိမိရည်မှန်းချက်အထူးထားပြီး အောင်မြင်မှုများကို ဆွတ်ခူးနိုင်မည်။ နိုင်ငံရပ်ခြားသို့ ပညာသင်ခွင့် အခွင့်အရေးများ ဝင်လာတတ်သည်။သင်ယူချင်စိတ်၊တက်မြောက် ချင်စိတ်တွေပေါ်နေတတ်ပါတယ်။ ထူးခြားတာက ဘာသင်သင် ဉာဏ်ထိုင်းသူတောင် တက်လွယ်တဲ့နှစ်တစ်ခုဖြစ်နေတာပါပဲ။ ပညာရေးတွင် ကံကောင်းနေသော အချိန်ကာလဖြစ်သည်။

ဒီတစ်နှစ်တာအတွင်း အဘက်ဘက်က အဆင်ပြေပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်

အကျိုးပေးဂဏန်း ၄၊၅၊၇၊၉

အကျိုးပေးအက္ခရာ ခ၊သ၊တ၊န

အကျိုးပေးအရောင် အဖြူရောင်၊ အညိုရောင်၊ အရောင်နုများ

တစ်နှစ်တာယတြာ အချိုရည်၊ရေသန့်၊ရေစစ် မကြာခဏလှူပါ။ ကလေးငယ်တွေကို မိမိတတ်နိုင်တဲ့ကစားစရာ လေးများဝယ်ပေးပါ။

ဆရာငြိမ်းအေးလူ

လက်ဆန်းဗေဒင်သုတေသီ

09775555695

,09445555695