အသိပညာ

ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုခြင်းကြောင့် ကြုံတွေ့နိုင်တဲ့ ဒုက္ခ ဆိုးကျိုး (၇) ချက်

ယနေ့ခေတ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ရှေ့ရေးကို သိပ်မတွေးကြဘဲ အိမ်ထောင်ပြုကြသူတွေ တစ်နေ့တစ်ခြား များပြား လာနေပါတယ်။ရည်းစား သက်တမ်း အချိန်တိုတိုလေးနဲ့ စောစီးစွာလက်ထပ်တာဟာ romantic ဆန်တယ်လို့ ထင်ရပေမယ့်၊

ငယ်ရွယ်တဲ့ သူတွေ ဖြစ်တဲ့ဖြစ်တဲ့အတွက် အိမ်ထောင်ရေး၊ စီးပွားရေး ပြဿနာတွေကိုကြုံတွေ့လာနိုင် ပါတယ်။အိမ်ထောင်ပြုတယ် ဆိုတာဟာ နှစ်ယောက် အတူ လက်တွဲညီညီ တည်ဆောက် ရတဲ့ အရာဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် နားလည်မှု ရှိဖို့ အရေးကြီး တာကြောင့် မတည်ငြိမ်၊

မရင့်ကျက်သေးတဲ့ အရွယ်မှာ အိမ်ထောင်ပြုခြင်းဟာ ဘဝကိုရင်ဆိုင်ဖို့ခက်ခဲတဲ့အခြေအနေတွေ ဖြစ်ပေါ် လာစေ တတ်ပါ တယ်။ ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုခြင်းကြောင့် ဖြစ်ပေါ်လာ နိုင်တဲ့ အကျိုးဆက် (၇) ချက်ကို ဖော်ပြပေး လိုက်ပါ တယ်။၁။ တာဝန်ယူမှု၊ငယ်ရွယ်တဲ့ အသက်အပိုင်း အခြားမှာ အိမ်ထောင်ရေး တာဝန်ယူမှု ဆိုတာ မနိုင်ဝန်တစ်ခု ဖြစ်လာပါတယ်။ တစ်အိမ်လုံးရဲ့ ဝေယျာဝစ္စတွေကို၊တာဝန်ယူရပြီး ကလေးတွေရလာတဲ့အခါမှာလည်း များပြားလှတဲ့ တာဝန်တွေကို အရွယ်နဲ့မလိုက်အောင် တာဝန်ယူရတဲ့အတွက်..၊အခက်အခဲမျိုးစုံကို ကြုံတွေ့ရတတ် ပါတယ်။

ဘယ်နေရာမှာဖြစ်ဖြစ် အသက်အရွယ်အလိုက် တာဝန်ယူမှုတွေကို ခွဲခြား ထားပါတယ်။ဥပမာ- ဒရိုင်ဘာ လိုင်စင် လုပ် တဲ့ အခါ၊ မဲပေးခွင့်၊ စစ်ထဲဝင်တဲ့ အခါ၊ အလုပ်လျှောက်တဲ့အခါတွေနဲ့ ဖေ့ဘွတ်ခ် အကောင့် ဖွင့်ရင်တောင်မှ၊

အသက်အရွယ်ကို ကန့်သတ် ထားပါတယ်။ ဒါဟာ ဘာကြောင့်လည်း ဆိုတော့ အသက်မပြည့်ခြင်းဟာ တာဝန်ယူမှု၊ တာဝန်ခံမှု၊အားနည်းသေး တာကြောင့် ဖြစ်ပြီး အိမ်ထောင်ပြုတဲ့ကိစ္စလို ကြီးမားတဲ့ တာဝန်တွေကို ထမ်းဖို့ မလုံလောက်သေး တာကြောင့်ပဲ ဖြစ်ပါတယ်။၂။ ဆယ်ကျော်သက်ဘဝ၊ငယ်ရွယ်တဲ့အချိန်မှာ အိမ်ထောင်ပြု တာဟာ လူငယ်တစ်ယောက်ရဲ့ပျော်စရာအချိန်တွေကို ပျောက်ဆုံး တာပဲ ဖြစ်ပါတယ်။မရင့်ကျက်သေးတဲ့ စိတ်နဲ့ ငြီးငွေ့ဖွယ် အိမ်ထောင်သည် ဘဝကို တစ်သက်၊

တာလုံးလျှောက်လှမ်းရမှာဖြစ်တဲ့ အတွက် အိမ်ထောင်ရေး တင်းမာမှုတွေ၊ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ရဖွယ် ရှိပါ တယ်။ကိုယ့်ရဲ့စိတ်ကို ကိုယ်တိုင် ဦးမဆောင်နိုင်တဲ့ အတွက်လည်း ပြဿနာတွေကို ဖြေရှင်းဖို့ အခက်အခဲ မျိုးစုံနဲ့ မှားယွင်း မှုတွေ ကြုံလာ နိုင်ပါ လိမ့်မယ်။

၃။ ကွာရှင်းပြတ်စဲခြင်း၊ကွာရှင်းပြတ်စဲမှုတွေဟာ အရွယ်အပိုင်း အခြားမရွေးသော်လည်း ငယ်ရွယ်တဲ့ အခြေအနေမှာ ပိုမိုဖြစ်ပွား တတ်ပါတယ် ။ ငြီးငွေ့စရာအိမ်ထောင်ရေး တာဝန်တွေကို အရွယ်နဲ့မမျှအောင် ထမ်းဆောင် ရတာဖြစ်တဲ့ အတွက် စီးပွားရေး အဆင်မပြေမှုတွေ၊

အိမ်ထောင်ရေး မပြေလည်မှုတွေမှာ တစ်ယောက်ကို တစ်ယောက် သည်းခံနိုင်စွမ်း မရှိပဲ အချိန်တိုင်းရန် ဖြစ်နေရတတ် ပါတယ်။ဒီလိုနဲ့ စိတ်သဘော ထားခြင်း မတိုက်ဆိုင်လို့ အလွယ်တကူ ကွာရှင်းလိုက် ရင်တောင်မှ ပုံမှန်ဘဝအတိုင်း ပြန်ဖြစ်ဖို့ မလွယ်တော့ဘူး ဆိုတာကို သဘောပေါက် သင့်ပါတယ်။

၄။ ပညာရေး၊ဆယ်ကျော်သက် အရွယ်မှာတင် အိမ်ထောင်ကျတဲ့ လူငယ်တွေဟာ ပညာရေးဆုံးခန်းတိုင်မှာမ ဟုတ်ပါဘူး။ အိမ်ထောင်ကျပြီးတဲ့ အခါမှာ လည်း၊မိသားစုတာဝန်တွေနဲ့ ဝင်ငွေ အခက်အခဲတွေကြောင့် ပညာဆက်လက် သင်ကြားဖို့ ဆိုတာ လုံးဝမလွယ်ကူတဲ့ ကိစ္စဖြစ် ပါတယ်။တကယ်လို့ သူတို့ ကိုယ်တိုင်၊ပညာရေးမပြည့်ဝတဲ့မိဘတွေဖြစ်လာတဲ့အခါမှာလည်း ကိုယ်ရဲ့သားသမီးတွေကို ထူးချွန်ထက်မြက်အောင် ပံ့ပိုးပေးဖို့အလွန်ပဲ ခက်ခဲပါလိမ့်မယ်။

၅။ အလုပ်၊ပညာရေး မပြည့်ဝတာနဲ့အမျှ အလုပ်တစ်ခုလျှောက်ဖို့ မလွယ်ကူတော့ သလို ဘယ်အလုပ်မဆို အသက် အပိုင်းအခြား ကလည်း ကန့်သတ် ထားပါသေး တယ်။

တကယ်တမ်း အထက်တန်း အဆင့်အောင်မြင် ရင်တောင်မှ လစာနည်းပါးတဲ့ အလုပ်နဲ့ ပင်ပင်ပန်းပန်း လုပ်ကိုင် ရမှာဖြစ် တာကြောင့် ငယ်ရွယ်တဲ့ အချိန်မှာ၊ ပညာကိုပြည့်ဝအောင် အရင်ဆုံး သင်ကြားထား သင့်ပါတယ်။

၆။ ကလေးတွေကြီးပြင်းစေဖို့၊ကလေးတွေ ရလာခဲ့ရင် သူတို့ကို ကြီးပြင်းအောင် ပြုစုပျိုးထောင်ဖို့ ခက်ခဲ ပါလိမ့်မယ်။ ငယ်ရွယ်သူ မိဘတွေဖြစ်တဲ့ အတွက် ကလေးတွေ ကိုပြုစု ပျိုးထောင်ဖို့၊သူတို့ရဲ့အသိမှာ ကန့်သတ်ချက် ရှိနေတာကြောင့် သင့်လျော်တဲ့ စောက်ရှောက်မှုတွေ၊ အုပ်ထိန်းမှုတွေ ပေးနိုင် လိမ့်မည် မဟုတ်ပါ။၇။ ကျန်းမာရေး၊ငယ်ရွယ်တဲ့ အသက်အရွယ်မှာ လိင်မှုကိစ္စနဲ့ ကိုယ်ဝန်ဆောင်တဲ့ ကိစ္စတွေမှာ ကျန်းမာရေးအနေနဲ့ အလွန်ပဲ အန္တရာယ် များလှ ပါတယ်။အထူးသဖြင့် မိန်းကလေးတွေမှာ ပိုပြီး အန္တရာယ် များပါတယ်။ စောစောစီးစီး နုနယ်တဲ့အရွယ်မှာ လက်ထပ်တာဟာ ရင်ခုန်စရာ၊

စိတ်ကူးယဉ် စရာကောင်းတယ်လို့၊ထင်နိုင်ပေမယ့် ဒါတွေကပဲ ပြဿနာတွေဖြစ်လာတတ်ပါတယ်။ဒါကြောင့်လည်း နိုင်ငံတိုင်းလိုလိုမှာ အိမ်ထောင်ပြုခြင်းနဲ့ ပတ်သတ်ပြီး အသက်အရွယ် ထိန်းချုပ်ထားတဲ့ ဥပဒေတွေ သတ်မှတ် ထားတာဖြစ် ပါတယ်။

ဘာပဲဖြစ်ဖြစ် အိမ်ထောင်ပြုခြင်းဟာ အချိန်တန်ရင် လူတိုင်းပြုလုပ် သင့်တဲ့ အရာဖြစ်ပေမယ့် အရွယ်မတိုင်ခင်မှာ လုံးဝ မစဉ်းစား သင့်သေးပဲ ပညာရေး..၊ အလုပ်အကိုင်နဲ့ ငွေကြေးကိုသာ အဓိကထားရှာဖွေသင့်သေးကြောင်း အကြံပြု လိုပါတယ်။

Credit-Original writer