သင်တို့ဟာ ထစ်ကနဲရှိရန်ဖြစ်တတ်တဲ့ ချစ်သူရည်းစားစုံတွဲတွေ ဆိုရင် ပိုလို့သိထားသင့်ပါတယ်နော်… သိပ်ချစ်ကြတဲ့ ချစ်သူ စုံတွဲတိုင်း တစ်ဂျိန်းဂျိန်း ရန်ဖြစ်နေကြပါပဲ။ရန်မဖြစ်တဲ့အတွဲရယ်လို့ တော့မရှိပေမယ့် အခြေနေနဲ့အချိန်ခါကို ကြည့်ပြီး ရပ်တန့်သင့်တာကို ရပ်တန့်ပစ်ဖို့လည်းလိုပါတယ်။
သဝန်တိုကြတယ် ၊ နားလည်မှုလွဲတယ် အမြင်စောင်းတယ် တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲတယ် ဆိုတာမျိုးက တစ်လတစ်ခါလည်းဖြစ်ချင်ဖြစ်မယ်နေ့တိုင်းလည်းဖြစ်ချင်ဖြစ်နိုင်ပါတယ်။အချစ်စမ်းပြီးရန်ဖြစ်ကြတယ်ဆိုတာ လည်းအချိန်ခါလေးထားသင့်ပါတယ
တစ်ယောက်နဲ့တစ်ယောက်ပြဿနာရှင်းမယ် ဆိုတဲ့အချိန်ကို ဘယ်တော့မှ ညဘက်လို့မသတ်မှတ်ပါနဲ့။ ညမှအေးဆေးရှင်းမယ်ဆိုတာမျိုးကို ငြင်းပါ။ဘယ်လောက်ပဲရန်ဖြစ်ချင်နေပါစေ တစ်ယောက်နဲ့တစ်ယောက်သဘောတူညီချက်ယူပြီး မနက်မှစိတ်အေးအေးနဲ့ ပြောကြဆိုကြပါ။ညအိပ်ခံနှီးပြဿာရှင်းတာ ရန်ဖြစ်တာမျိုး ဟာ နှစ်ဦးနှစ်ယောက်လုံးရဲ့စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါအများကြီး ထိခိုက်နိုင်စေတယ်ဆိုတာလုံးဝမမေ့ပါနဲ့။
ဒီနေရာမှာ လူနှစ်မျိုးရှိတယ်။ တစ်မျိုးက ပြောချင်တာ ပြောပြီး စိတ်ပေါ့သွားရင် နေသာထိုင်သာရှိသွားတတ်တဲ့သူနဲ့ တစ်မျိုးကတော့ တစ်ခုခုဆိုရင် မေ့ပျောက်ဖို့ခက်ပြီး နာနာကျင်ကျင်ခံစားတတ်သူပါပထမType မျိုးနဲ့ချစ်သူကတော့ သိပ်အရေးမကြီးပေမယ့် စိတ်ထဲတအားခံစားတတ်တဲ့သူဆိုရင်တော့ အိပ်ခါနီးရန်ဖြစ်တာဟာ တကယ်ကို ပူလောင်စရာပါပဲ။
အိပ်ခါနီးဖြစ်တာကြောင့် အိပ်ချင်မူးတူးနဲ့မလို့စိတ်မရှည်တာကတစ်ကြောင်း နားချင်စိတ်များနေတာကတစ်ကြောင်းရယ်ကြောင့် ထင်ထားတာထက် ပိုပြီးပြဿနာတွေဖြစ်ပြီးရန်ပိုပွားနိုင်ပါတယ်။နောက်တစ်ခုက ကိုယ်ကပြောချင်တာပြောပြီးအိပ်ပျော်သွားတဲ့အခါမျိုးမှာလည်း တစ်ဖက်လူကို တစ်ညလုံးနာကျင်ခံစားရစေသလို၊ကိုယ်တိုင်များ နာကျင်ခံစားရရင်လည်းတစ်ညလုံးမပြီးနိုင်မစီးနိင် ရင်ထဲ တနုံနုံနဲ့ နေရခက်နေမှာ အသေချာပါပဲ
တခြားသူနဲ့ရန်ဖြစ်တာထက် ကိုယ့်ချစ်သူကြောင့်နာကျင်ရတဲ့အခါ ပိုပြီးရင်ထဲ ပူလောင်နာကျင်ရပါတယ်။ဒီပူလောင်မှုကြောင့် ကောင်းကောင်းလည်းအိပ်မပျော်သလို အိပ်ပျော်ပြန်ရင်လည်း စိတ်အေးလက်သာ အိပ်စက်ခြင်းမျိုးမဟုတ်တာကြောင့် စိတ်မသက်မသာနဲ့ အိပ်နေရမှာပါ။
စိတ်ပိုင်းဆိုင်ရာနာကျင်ခံစားသွားရပြီး အိပ်စက်ခြင်းဟာ စိတ်ကျန်းမာရေးတင်မကဘဲ နှလုံးကျန်းမာရေးနဲ့ဦးနှောက် ကျန်းမာရေးကိုပါ ထိခိုက်နိုင်စေပါတယ်။ဒါကြောင့် ညအိပ်ယာဝင်ခါနီးမှာ ကြည်ကြည်နူးနူးစကားလေးတွေနဲ့သာ တစ်ယောက်ကိုတစ်ယောက် အိပ်ယာဝင်အောင်လုပ်ပေးနိုင်ပါစေ။တကယ်လို့များ စကားများရန်ဖြစ်ခဲ့ရင်လည်း အချင်းချင်းလျော့ပေးရင်းနဲ့ မနက်မှသာ အေးအေးဆေးဆေးဖြေရှင်းပါ။
ကိုယ်ကတော့ စိတ်သက်သာရာရသွားပြီ အိပ်မှာပဲဆိုတာမျိုး တစ်ကိုယ်ကောင်းမဆန်ပဲ တစ်ဖက်လူကိုလည်း စိတ်ရှင်းရှင်းနဲ့ ကောင်းကောင်းအိပ်ပျော်အောင် ချော့မော့ပြောဆိုပါ ချစ်သူနဲ့ရန်ဖြစ်စကားများတာဟာ စိတ်ညစ်စရာဆိုပေမယ့် ညအိပ်ခါနီးရန်ဖြစ်တာကမှ ပိုပြီးထိခိုက်မှုများစေတာမို့ကိုယ့်ချစ်ရသူကို တဒင်္ဂခံစားချက်တွေကြောင့် အိပ်မရဘဲ စိတ်ပင်ပန်းနေတာမျိုးအဖြစ်မခံပါနဲ့…ကြာရင် ဦးနှောက်၊ နှလုံးနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်စေနိုင်သလို သင်တို့ အချစ်ရေးကြီးလည်း ယိုယွင်းလာနိုင်ပါတယ်
Credit
သင္တို႔ဟာ ထစ္ကနဲရွိရန္ျဖစ္တတ္တဲ့ ခ်စ္သူရည္းစားစုံတြဲေတြ ဆိုရင္ ပိုလို႔သိထားသင့္ပါတယ္ေနာ္… သိပ္ခ်စ္ၾကတဲ့ ခ်စ္သူ စုံတြဲတိုင္း တစ္ဂ်ိန္းဂ်ိန္း ရန္ျဖစ္ေနၾကပါပဲ။ရန္မျဖစ္တဲ့အတြဲရယ္လို႔ ေတာ့မရွိေပမယ့္ အေျခေနနဲ႔အခ်ိန္ခါကို ၾကည့္ၿပီး ရပ္တန္႔သင့္တာကို ရပ္တန္႔ပစ္ဖို႔လည္းလိုပါတယ္။
သဝန္တိုၾကတယ္ ၊ နားလည္မႈလြဲတယ္ အျမင္ေစာင္းတယ္ တစ္ေယာက္နဲ႔တစ္ေယာက္ သေဘာထားကြဲလြဲတယ္ ဆိုတာမ်ိဳးက တစ္လတစ္ခါလည္းျဖစ္ခ်င္ျဖစ္မယ္ေန႔တိုင္းလည္းျဖစ္ခ်င္ျဖစ္ႏိုင္ပါတယ္။အခ်စ္စမ္းၿပီးရန္ျဖစ္ၾကတယ္ဆိုတာ လည္းအခ်ိန္ခါေလးထားသင့္ပါတယ
တစ္ေယာက္နဲ႔တစ္ေယာက္ျပႆနာရွင္းမယ္ ဆိုတဲ့အခ်ိန္ကို ဘယ္ေတာ့မွ ညဘက္လို႔မသတ္မွတ္ပါနဲ႔။ ညမွေအးေဆးရွင္းမယ္ဆိုတာမ်ိဳးကို ျငင္းပါ။ဘယ္ေလာက္ပဲရန္ျဖစ္ခ်င္ေနပါေစ တစ္ေယာက္နဲ႔တစ္ေယာက္သေဘာတူညီခ်က္ယူၿပီး မနက္မွစိတ္ေအးေအးနဲ႔ ေျပာၾကဆိုၾကပါ။ညအိပ္ခံႏွီးျပႆာရွင္းတာ ရန္ျဖစ္တာမ်ိဳး ဟာ ႏွစ္ဦးႏွစ္ေယာက္လုံးရဲ႕စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာကိုပါအမ်ားႀကီး ထိခိုက္ႏိုင္ေစတယ္ဆိုတာလုံးဝမေမ့ပါနဲ႔။
ဒီေနရာမွာ လူႏွစ္မ်ိဳးရွိတယ္။ တစ္မ်ိဳးက ေျပာခ်င္တာ ေျပာၿပီး စိတ္ေပါ့သြားရင္ ေနသာထိုင္သာရွိသြားတတ္တဲ့သူနဲ႔ တစ္မ်ိဳးကေတာ့ တစ္ခုခုဆိုရင္ ေမ့ေပ်ာက္ဖို႔ခက္ၿပီး နာနာက်င္က်င္ခံစားတတ္သူပါပထမType မ်ိဳးနဲ႔ခ်စ္သူကေတာ့ သိပ္အေရးမႀကီးေပမယ့္ စိတ္ထဲတအားခံစားတတ္တဲ့သူဆိုရင္ေတာ့ အိပ္ခါနီးရန္ျဖစ္တာဟာ တကယ္ကို ပူေလာင္စရာပါပဲ။
အိပ္ခါနီးျဖစ္တာေၾကာင့္ အိပ္ခ်င္မူးတူးနဲ႔မလို႔စိတ္မရွည္တာကတစ္ေၾကာင္း နားခ်င္စိတ္မ်ားေနတာကတစ္ေၾကာင္းရယ္ေၾကာင့္ ထင္ထားတာထက္ ပိုၿပီးျပႆနာေတြျဖစ္ၿပီးရန္ပိုပြားႏိုင္ပါတယ္။ေနာက္တစ္ခုက ကိုယ္ကေျပာခ်င္တာေျပာၿပီးအိပ္ေပ်ာ္သြားတဲ့အခါမ်ိဳးမွာလည္း တစ္ဖက္လူကို တစ္ညလုံးနာက်င္ခံစားရေစသလို၊ကိုယ္တိုင္မ်ား နာက်င္ခံစားရရင္လည္းတစ္ညလုံးမၿပီးႏိုင္မစီးနိင္ ရင္ထဲ တႏုံႏုံနဲ႔ ေနရခက္ေနမွာ အေသခ်ာပါပဲ
တျခားသူနဲ႔ရန္ျဖစ္တာထက္ ကိုယ့္ခ်စ္သူေၾကာင့္နာက်င္ရတဲ့အခါ ပိုၿပီးရင္ထဲ ပူေလာင္နာက်င္ရပါတယ္။ဒီပူေလာင္မႈေၾကာင့္ ေကာင္းေကာင္းလည္းအိပ္မေပ်ာ္သလို အိပ္ေပ်ာ္ျပန္ရင္လည္း စိတ္ေအးလက္သာ အိပ္စက္ျခင္းမ်ိဳးမဟုတ္တာေၾကာင့္ စိတ္မသက္မသာနဲ႔ အိပ္ေနရမွာပါ။
စိတ္ပိုင္းဆိုင္ရာနာက်င္ခံစားသြားရၿပီး အိပ္စက္ျခင္းဟာ စိတ္က်န္းမာေရးတင္မကဘဲ ႏွလုံးက်န္းမာေရးနဲ႔ဦးေႏွာက္ က်န္းမာေရးကိုပါ ထိခိုက္ႏိုင္ေစပါတယ္။ဒါေၾကာင့္ ညအိပ္ယာဝင္ခါနီးမွာ ၾကည္ၾကည္ႏူးႏူးစကားေလးေတြနဲ႔သာ တစ္ေယာက္ကိုတစ္ေယာက္ အိပ္ယာဝင္ေအာင္လုပ္ေပးႏိုင္ပါေစ။တကယ္လို႔မ်ား စကားမ်ားရန္ျဖစ္ခဲ့ရင္လည္း အခ်င္းခ်င္းေလ်ာ့ေပးရင္းနဲ႔ မနက္မွသာ ေအးေအးေဆးေဆးေျဖရွင္းပါ။
ကိုယ္ကေတာ့ စိတ္သက္သာရာရသြားၿပီ အိပ္မွာပဲဆိုတာမ်ိဳး တစ္ကိုယ္ေကာင္းမဆန္ပဲ တစ္ဖက္လူကိုလည္း စိတ္ရွင္းရွင္းနဲ႔ ေကာင္းေကာင္းအိပ္ေပ်ာ္ေအာင္ ေခ်ာ့ေမာ့ေျပာဆိုပါ ခ်စ္သူနဲ႔ရန္ျဖစ္စကားမ်ားတာဟာ စိတ္ညစ္စရာဆိုေပမယ့္ ညအိပ္ခါနီးရန္ျဖစ္တာကမွ ပိုၿပီးထိခိုက္မႈမ်ားေစတာမို႔ကိုယ့္ခ်စ္ရသူကို တဒဂၤခံစားခ်က္ေတြေၾကာင့္ အိပ္မရဘဲ စိတ္ပင္ပန္းေနတာမ်ိဳးအျဖစ္မခံပါနဲ႔…ၾကာရင္ ဦးေႏွာက္၊ ႏွလုံးနဲ႔ စိတ္ပိုင္းဆိုင္ရာထိခိုက္ေစႏိုင္သလို သင္တို႔ အခ်စ္ေရးႀကီးလည္း ယိုယြင္းလာႏိုင္ပါတယ္
Credit