ႏွစ္ခ်ိဳ႕ေနတဲ့ အမာ႐ြတ္ေဟာင္းေတြကို လုံးဝေပ်ာက္ကင္းသြားေစမယ့္လွ်ိဳ႕ဝွက္ခ်က္(၅)မ်ိဳး…
အမာ႐ြတ္ေတြရွိလို႔ ကိုယ့္ကိုယ္ကို ယုံၾကည္မႈကင္းမဲ့ေနပါသလား၊ ဒါဆိုရင္ေတာ့ ဒီေန႔ကစၿပီး ေပ်ာ္လိုက္ပါေတာ့ …။
ႏွစ္ခ်ိဳ႕ေနတဲ့ အမာ႐ြတ္ေတြ၊ ဝက္ၿခံအမာ႐ြတ္ေတြ၊ ေျခေထာက္က အမာ႐ြတ္ေတြနဲ႔ ခႏၶာကိုယ္ေပၚမွာ ရိွတဲ႔ အမာ႐ြတ္မွန္သမွ်ကို ေပ်ာက္ကင္းသက္သာသြားေစမယ့္ နည္းလမ္းေလးေတြကို စုစည္း ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။
(၁) သံပုယို”
သံပုယိုရည္ကို ေရအနည္းငယ္ ေရာလိုက္ပါ။ ရလာတဲ့သံပုယိုရည္ကို ဂြမ္းစေလးနဲ႔တို႔ၿပီး အမာ႐ြတ္ေတြေပၚမွာ လိမ္းေပးလိုက္ပါ။ ေျခာက္သြားတဲ့အထိ ထားထားၿပီးရင္ ေရေဆးခ်ေပးလိုက္႐ုံပါပဲ …။
ဒီနည္လမ္းေလးကို လုပ္ၿပီးၿပီးခ်င္း ေနေရာင္ေအာက္ကို မထြက္ပါနဲ႔။ ထြက္မယ္ဆိုလည္း ေနေရာင္ကာခရင္မ္ေတာ႔ လိမ္းေပးပါ …။
(၂) ပ်ားရည္”
ပ်ားရည္နဲ႔ မုန႔္ဖုတ္ဆိုဒါ တို႔ကို ေသေသခ်ာခ်ာေရာေမႊေပးၿပီး အမာ႐ြတ္ေတြေပၚကို လိမ္းလိုက္ပါ။ ၿပီးရင္ေတာ့ ၅ မိနစ္ခန႔္ ႏွပ္ထားလိုက္ပါ …။
အဲ့ဒီ့အေပၚကေန တဘက္ကို ေရေႏြးမွာစိမ္၊ ညႇစ္ၿပီး အုပ္ထားလိုက္ပါ။ တဘက္ ေအးသြားၿပီဆိုရင္ ေရေဆးခ်လိုက္လို႔ ရပါၿပီေနာ္ …။
(၃) ၾကက္သြန္နီ”
ၾကက္သြန္နီကို ႀကိတ္ၿပီး အရည္ညႇစ္လိုက္ပါ။ ရလာတဲ့အရည္ကို အမာ႐ြတ္ေတြေပၚမွာ လိမ္းၿပီး ေျခာက္သြားတဲ့အထိထားပါ။ ၁၅ မိနစ္ခန႔္အၾကာမွာ ေရေဆးခ် ေပးလိုက္႐ုံပါပဲ …။
(၄) ရွားေစာင္းလက္ပပ္”
ရွားေစာင္းလက္ပပ္ အႏွစ္ကို လိုးရွင္းလိုပဲ အသားထဲထိ စိမ့္ဝင္သြားေအာင္ ေန႔စဥ္ပုံမွန္ လိမ္းေပးရမွာ ျဖစ္ပါတယ္။ ျပန္လည္ ေဆးေၾကာေပးစရာ မလိုပါဘူး …။
(၅) လက္ဖက္ဆီ”
လက္ဖက္ဆီနဲ႔ သံလြင္ဆီကိုေရာၿပီး ညအိပ္ရာမဝင္ခင္တိုင္း အမာ႐ြတ္ေတြေပၚကို လိမ္းေပးပါ။ ေရျပန္ေဆးစရာ မလိုပါဘူး။ တစ္ညလုံး ထားထားလိုက္ပါေနာ္ …။ ။
Credit :
Unicode
နှစ်ချို့နေတဲ့ အမာရွတ်ဟောင်းတွေကို လုံးဝပျောက်ကင်းသွားစေမယ့်လျှို့ဝှက်ချက်(၅)မျိုး…
အမာရွတ်တွေရှိလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့နေပါသလား၊ ဒါဆိုရင်တော့ ဒီနေ့ကစပြီး ပျော်လိုက်ပါတော့ …။
နှစ်ချို့နေတဲ့ အမာရွတ်တွေ၊ ဝက်ခြံအမာရွတ်တွေ၊ ခြေထောက်က အမာရွတ်တွေနဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ အမာရွတ်မှန်သမျှကို ပျောက်ကင်းသက်သာသွားစေမယ့် နည်းလမ်းလေးတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်နော် …။
(၁) သံပုယို”
သံပုယိုရည်ကို ရေအနည်းငယ် ရောလိုက်ပါ။ ရလာတဲ့သံပုယိုရည်ကို ဂွမ်းစလေးနဲ့တို့ပြီး အမာရွတ်တွေပေါ်မှာ လိမ်းပေးလိုက်ပါ။ ခြောက်သွားတဲ့အထိ ထားထားပြီးရင် ရေဆေးချပေးလိုက်ရုံပါပဲ …။
ဒီနည်လမ်းလေးကို လုပ်ပြီးပြီးချင်း နေရောင်အောက်ကို မထွက်ပါနဲ့။ ထွက်မယ်ဆိုလည်း နေရောင်ကာခရင်မ်တော့ လိမ်းပေးပါ …။
(၂) ပျားရည်”
ပျားရည်နဲ့ မုန့်ဖုတ်ဆိုဒါ တို့ကို သေသေချာချာရောမွှေပေးပြီး အမာရွတ်တွေပေါ်ကို လိမ်းလိုက်ပါ။ ပြီးရင်တော့ ၅ မိနစ်ခန့် နှပ်ထားလိုက်ပါ …။
အဲ့ဒီ့အပေါ်ကနေ တဘက်ကို ရေနွေးမှာစိမ်၊ ညှစ်ပြီး အုပ်ထားလိုက်ပါ။ တဘက် အေးသွားပြီဆိုရင် ရေဆေးချလိုက်လို့ ရပါပြီနော် …။
(၃) ကြက်သွန်နီ”
ကြက်သွန်နီကို ကြိတ်ပြီး အရည်ညှစ်လိုက်ပါ။ ရလာတဲ့အရည်ကို အမာရွတ်တွေပေါ်မှာ လိမ်းပြီး ခြောက်သွားတဲ့အထိထားပါ။ ၁၅ မိနစ်ခန့်အကြာမှာ ရေဆေးချ ပေးလိုက်ရုံပါပဲ …။
(၄) ရှားစောင်းလက်ပပ်”
ရှားစောင်းလက်ပပ် အနှစ်ကို လိုးရှင်းလိုပဲ အသားထဲထိ စိမ့်ဝင်သွားအောင် နေ့စဉ်ပုံမှန် လိမ်းပေးရမှာ ဖြစ်ပါတယ်။ ပြန်လည် ဆေးကြောပေးစရာ မလိုပါဘူး …။
(၅) လက်ဖက်ဆီ”
လက်ဖက်ဆီနဲ့ သံလွင်ဆီကိုရောပြီး ညအိပ်ရာမဝင်ခင်တိုင်း အမာရွတ်တွေပေါ်ကို လိမ်းပေးပါ။ ရေပြန်ဆေးစရာ မလိုပါဘူး။ တစ်ညလုံး ထားထားလိုက်ပါနော် …။ ။
Credit :