အေထြအေထြဗဟုသုတ



(၁) အနီရောင်


(၂) ပန်းရောင်


(၃) ခရမ်းရောင်




(၅) အစိမ်းရောင်


(၆) အညိုရောင်


(၇) အနက်ရောင်




credit to lotaya

Unicode

မိန်းကလေးတွေရဲ့လက်သည်းနီအရောင်က ပြောပြပေးမယ့် သူတို့ရဲ့စိတ်နေစိတ်ထား

(၁) အနီရောင်

သင်ဟာ ဆွဲဆောင်မှုရှိပြီး စွန့်စွန့်စားစားလုပ်ဆောင်ရတာမျိုးတွေကို နှစ်သက်တတ်ပါတယ်။ ဒါ့အပြင် အရမ်းချစ်တတ်တဲ့နှလုံးသားလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

(၂) ပန်းရောင်

သင်ဟာ လူတွေအကြောင်းကို ကောင်းကောင်းနားလည်ပြီး လူ့အထှာနပ်တဲ့သူမျိုး ဖြစ်ပါတယ်။ မိမိကိုယ်ကို လူစိတ်ဝင်စားအောင် တမင်တကာဖန်တီးရတာမျိုးကို မနှစ်သက်တတ်ပဲ ကိုယ့်အထာနဲ့ကိုယ် နေလေ့ရှိပါတယ်။ သင်ဟာ လူတွေကိုရယ်မောပျော်ရွှင်အောင် လုပ်နိုင်တဲ့ ဟာသဉာဏ်အပြည့်ရှိပါတယ်။

(၃) ခရမ်းရောင်

သင်ဟာ သစ္စာရှိပြီး ဘုရင်မတစ်ယောက်လို ဘယ်အရာကိုမဆို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ လုပ်တတ်တဲ့သူမျိုးဖြစ်ပါတယ်။ မိန်းမတစ်ယောက်မှာ ထားရှိသင့်တဲ့ မာနတရားတွေအပြည့်ရှိပြီး စွန့်စားမှုတွေနဲ့ စိန်ခေါ်မှုတွေကို မကြောက်မရွံပဲ လက်ခံတတ်ပါတယ်။

(၄) အကြည်ရောင် (သို့) အနုရောင်

သင်ဟာ ရှုပ်ထွေးဆန်းပြားတဲ့အရာတွေကို မနှစ်သက်တတ်ပဲ ရိုးရိုးရှင်းရှင်းနဲ့ အေးအေးချမ်းချမ်း နေရတာမျိုးကို နှစ်သက်တဲ့သူမျိုးပါ။ သင့်စိတ်ကို ဘယ်လိုအကြောင်းအရာမျိုးတွေနဲ့မှ စိတ်ရှုပ်မခံပဲ တတ်နိုင်သမျှ စိတ်ရှင်းအောင်ထားပြီး ဘဝကိုအေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလေ့ရှိပါတယ်။ ဒါ့အပြင် စည်းစနစ်တကျ စဉ်းစားတွေးခေါ်ပြီး လုပ်ဆောင်တတ်ပါတယ်။

(၅) အစိမ်းရောင်

သင်ဟာ အရာရာကို နည်းစနစ်တကျ တွေးခေါ်စဉ်းစားလုပ်ဆောင်တတ်ပြီး အေးဆေးတည်ငြိမ်သူ တစ်ယောက်ဖြစ်ပါတယ်။ အမြဲတမ်း အသိပညာဗဟုသုတတွေကို လေ့လာဆည်းပူးပြီး သူတို့တွေဟာ အချစ်ရေးနဲ့ စီးပွားရေး စတဲ့ကိစ္စတွေနဲ့ ပတ်သတ်ရင် ဆရာကျတဲ့သူတွေပါ။

(၆) အညိုရောင်

သင်ဟာ စိတ်ဓာတ်မာကြောပြီး လူတိုင်းရဲ့ယုံကြည်မှုကို ရရှိထားသူ တစ်ယောက်ပါ။ ဒါ့အပြင် ဖော်ရွေပြီး ဆက်ဆံရေး ကောင်းမွန်သူလည်း ဖြစ်ပါတယ်။ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိသူလည်း ဖြစ်ပြီး သူတစ်ပါးကိုလည်း ကူညီအားပေးတတ်ပါသေးတယ်။

(၇) အနက်ရောင်

အနက်ရောင်ကတော့ လက်သည်းနီအရောင်အားလုံးထဲမှာ ပေါ်ပြူလာအဖြစ်ဆုံး အရောင်ဖြစ်ပါတယ်။ သင်ဟာ ဆက်ဆက်ထိမခံတဲ့ အကျင့်ရှိပြီး အနုပညာ၊ ဖက်ရှင်နဲ့ ဂီတ တွေကို စိတ်ဝင်စားပါတယ်။ ဒါ့အပြင် သူမတူတဲ့ ဖန်တီးမှုစွမ်းရည်တွေလည်း ရှိနေတတ်ပါတယ်။

(၈) ရွှေရောင် (သို့) ခဲရောင်

သင်ဟာ သြဇာတိက္ကမနဲ့ပြည့်စုံပြီး လူတိုင်းက သင့်ကိုချီးကျူးလေးစားကြပါတယ်။ ရွှေရောင်ကို ရွေးချယ်မယ်ဆိုရင် သင်ဟာ လူအများရဲ့အထင်ကြီးလေးစားမှုကို ခံချင်ပါတယ်။ ပြောရရင် လူစိတ်ဝင်စားတာကို ခံချင်တာမျိုးပေါ့။ ခဲရောင်ကို ရွေးချယ်မယ်ဆိုရင်တော့ သင်ဟာ မဟုတ်မခံချင်စိတ်ရှိပြီး အတွန့်တတ်တဲ့အကျင့်လေးတော့ ရှိပါတယ်။ ပြောရရင် “ဒါမလုပ်နဲ့ဆို” နည်းနည်းလေး လုပ်လိုက်ရမှ နေသာထိုင်သာ ရှိတာမျိုးပေါ့။

credit to lotaya