အေထြအေထြဗဟုသုတ

အကြွေး (ဖြစ်ရပ်မှန်၊သံဝေဂ..ဗဟုသုတ

ဆရာေဆြ(ေတာင္တြင္း)
အေႂကြး

(ျဖစ္ရပ္မွန္၊သံေဝဂဝတၳဳတို)

“အေမ.ေဒၚလွရီဆုံးသြားၿပီ”

“ဟင္”

ေဈးဝယ္ရာမွျပန္ေရာက္ေရာက္ခ်င္း.သမီးျဖစ္သူသီသီစိုးကဆီးႀကိဳၿပီးေျပာလိုက္သည့္စကားေၾကာင့္

ေဒၚႏုယဥ္မွာအံအားသင့္သြားရသည္။

ထို႔ေနာက္ ဆြဲျခင္းကိုေစ်းဆိုင္ေပၚသို႔တင္လိုက္ရင္း..

“ဟဲ့.ဟုတ္လို႔လား ။မနက္ကေတာင္သူေစ်းဝယ္လာေသးတယ္။”

“ဟုတ္တယ္အေမရဲ႕၊ေန႔လည္တုန္းကေနပူႀကီးထဲအဝတ္ေလွ်ာ္ရင္းဦးေႏွာက္ေသြးေၾကာျပတ္သြားတဲ့”

“ေၾသာ္”ျဖစ္ရေလဟယ္”ေဒၚႏုယဥ္စိတ္မေကာင္းစြာျဖင့္ေရ႐ြတ္မိသည္။

ထိုအခါသီသီစိုးက

“အေမ့။အဲဒါအေရးမႀကီးဘူး။သမီးတို႔အေႂကြးကိုဘယ္လိုေတာင္းရေတာ့မတုန္း။သူ႔ေယာက်ၤားက

လည္းအခ်ိန္တိုင္းမူေနတာ”

“ေၾသာ္.ဒါဆိုလည္းေတာင္းမေနပါနဲ႔ေတာ့ေအ။ကိုျမင့္ေဇာ္ကသူ႔ဟာသူေရခ်ိန္ကိုက္ဖို႔ေတာင္အႏိုင္

ရယ္”

“အဲဒါေၾကာင့္အေမ့ကိုေျပာတာေပါ့.အေႂကြးေတြကိုတတ္ႏိုင္သေလာက္ရေအာင္ေတာင္းပါဆို.အခု

ေတာ့ဆုံးၿပီ။သမီးေတာင္းတုန္းကေတာ့အေမကကန္႔့လန္႔ဝင္ပါတယ္”ထိုအခါေဒၚႏုရီက

“ဟဲ့.ပါရမွာေပါ့။နင္ကႏႈတ္ၾကမ္းလွ်ာၾကမ္းရယ္။ဒီေတာ့ငါ့မွာမ်က္ႏွာပ်က္စရာေတြျဖစ္ကုန္ေရာ”

ယင္းသို႔ဆိုၿပီးေနာက္

“ကဲ.နင္ဒီမုန္႔ေတြကိုခ်ိတ္ထားလိုက္ဦး။ငါဟိုဘက္ရပ္ကြက္ကေဒၚတုတ္ဆီအေႂကြးသြားေတာင္းလိုက္

ဦးမယ္”

ထိုအခါသီသီစိုးက

“ေနေန.အေမ။သမီးပဲသြားေတာင္းလိုက္မယ္။အဲဒီေဒၚတုတ္ကဟိုေန႔ေပးမယ္၊ဒီေန႔ေပးမယ္နဲ႔

ပလာတာ႐ိုက္ေနတာ။အေမေတာင္းရင္ရမွာမဟုတ္ဘူး”

ေျပာရင္းဆိုရင္းျဖင့္သီသီစိုးကဆိုင္ေပၚမွဆင္းလိုက္သည္။

ၿပီးေနာက္ၿခံဝန္းထဲမွထြက္လာေတာ့ေဒၚႏုယဥ္ကလွမ္းမွာလိုက္သည္။

“သမီး.ခ်ိဳခ်ိဳသာသာပဲေျပာၿပီးေတာင္းေနာ္”

“ဟုတ္ကဲ့ပါအေမရဲ႕”

ဤသို႔ျဖင့္ေဒၚတုတ္၏အိမ္သို႔ေရာက္ေတာ့မိခင္ျဖစ္သူမွာသည့္အတိုင္းခ်ိဳခ်ိဳသာသာေျပေတာင္းသည္။

ေဒၚတုတ္က

“ညေနမွလာပါလားကေလးရယ္။အေဒၚအဆင္မေျပေသးလို႔ပါ။တကယ္လို႔ကေလးမလာျဖစ္ရင္အေဒၚ

ကိုယ္တိုင္လာေပးပါ့မယ္””ေသခ်ာတယ္ေနာ္ေဒၚတုတ္။ညေနမွေရာက္မလာရင္ကြၽန္မအဆိုးမဆိုနဲ႔”

ေျပာၿပီးသည့္ေနာက္သီသီစိုးလွည့္ထြက္လာခဲ့သည္။

သူမအလုပ္ကဤကဲ့သို႔ျဖစ္သည္။

အိမ္ဆိုင္ကေလးဖြင့္ထားေသာ္လည္းသိပ္အဆင္မေျပလွသည္မို႔ယခုကဲ့သို႔ေငြတိုးေခ်းစားရသည္။

ယင္းလည္းသိပ္တြက္ေခ်မကိုက္လွေခ်။

အဘယ္ေၾကာင့္ ဆိုေသာ္ သူမ၏မိခင္ေဒၚႏုယဥ္သည္အလြန္အားနာတတ္ေသာေၾကာင့္ျဖစ္သည္။

အခ်ိဳ႕ကေတာ့ယူထားသည့္ေငြႏွင့္အတိုးကိုေၾကေအာင္ဆပ္ၾကေပမင့္အခ်ိဳ႕က်ေတာ့ေပေတေတလုပ္

ေနတတ္ၾကသည္။

ထိုအခါမ်ိဳးက်ေတာ့သူမႏွင့္ထိပ္တိုက္ေတြ႕ရေတာ့သည္။

သူမသည္အသက္ႏွစ္ဆယ္ေက်ာ္သာရွိေသးေပမင့္အလြန္စိတ္ထက္သူျဖစ္သည္။

ေျပာစရာရွိလွ်င္လည္း.ႀကီးသည္ငယ္သည္သိပ္အေရးမထားဘဲဒိုးဒိုးေဒါက္ေဒါက္ေျပာပစ္တတ္သည္။

ဒီေတာ့သူမကိုေတာ္႐ုံအေႂကြးယူထားသူေတြကလန္႔ၾကသည္။

ယင္းလည္းသူမကသိပ္ဂ႐ုစိုက္လွသည္မဟုတ္ေခ်။

ေငြေရးေၾကးေရး ႏွင့္ပတ္သက္လွ်င္မည္သူ႔ကိုမွအားမနာႏိုင္ဟုအၿမဲေတြးေနတတ္သူျဖစ္သည္။

အိမ္သို႔ျပန္ေရာက္ေတာ့ေဒၚႏုယဥ္က”ဘယ္လိုလဲသမီး..ရခဲ့ရဲ႕လား”

“မရဘူးအေမ.ဒါေပမယ့္ ညေနေရာက္ရင္လာဆပ္မယ္လို႔ေတာ့ေျပာတယ္”

“ဟုတ္လား. ဒါဆိုလည္းၿပီးတာပဲေအ”

ေဒၚႏုယဥ္အိမ္ေပၚသို႔တက္သြားသည္။

ညေနအခ်ိန္သို႔ေရာက္ေတာ့ေဒၚတုတ္သည္ျမင္းလွည္းေပၚ၌ဝက္မတန္းမ.တစ္ေကာင္တင္ၿပီးေဒၚႏု

ယဥ္၏အိမ္ေရွ႕သို႔ေရာက္လာသည္။

ၿပီးေနာက္

“မႏုရယ္..ကြၽန္မမွာပိုက္ဆံမရွိေသးတာမို႔ဒီဝက္မေလးပဲအေႂကြးနဲ႔ႏွိမ္ၿပီးယူထားလိုက္ပါ.က်န္တဲ့

ပိုက္ဆံကိုေတာ့လ.ကုန္ရင္လာေပးပါ့မယ္”

ထိုအခါေဒၚႏုရီမွာထုံးစံအတိုင္းအားနာၿပီးမ်က္ႏွာမထားတတ္ေအာင္ျဖစ္သြားရသည္။

ယင္းအေျခအေနကိုရိပ္မိေတာ့သီသီစိုးကၾကားျဖတ္ၿပီးဝင္ေျပာသည္။

“ေကာင္းၿပီေလ.ကြၽန္မတို႔ယူထားလိုက္ပါမယ္။အေဒၚေျပာတဲ့အတိုင္းက်န္တဲ့ေငြကိုေတာ့လကုန္ရင္လ

ာဆပ္ျဖစ္ေအာင္ဆပ္လွည့္ပါ”

“စိတ္ခ်ပါ ကြယ္”ယင္းသို႔ဆိုၿပီးေနာက္ ေဒၚတုတ္ကျမင္းလွည္းဆရာကိုအကူအညီလွမ္းေတာင္းသည္။

“ငါ့တူ.အဲ့ဒီ ဝက္မေလးကိုအိမ္ေအာက္ပို႔ေပးလိုက္ပါကြယ္”

“ဟုတ္ကဲ့အေဒၚ”

ျမင္းလွည္းဆရာလည္းဝက္မတမ္းေလးကိုေအာက္ခ်ၿပီးအိမ္ေအာက္သို႔ဆြဲေခၚလာခဲ့သည္။

ၿပီးေနာက္လည္ပင္းမွႀကိဳးျဖင့္တိုင္တစ္တိုင္တြင္ခ်ည္ေပးထားလိုက္သည္။

ထို႔ေနာက္ ေဒၚတုတ္က

“ကဲ.အိမ္မွာကေလးေတြခ်ည္းက်န္ခဲ့လို႔..ျပန္လိုက္ပါဦးမယ္”

“ဟုတ္ကဲ့”

ေဒၚတုတ္ႏွင့္ျမင္းလွည္းဆရာျပန္ထြက္သြားသည္။

ထိုအခါမွေဒၚႏုယဥ္ကသီသီစိုးကိုေမးေလသည္။

“သမီး.ေန႔လည္တုန္းကေဒၚတုတ္ကိုဘယ္လိုေျပ.ာၿပီးအေႂကြးေတာင္းတာတုံး”

“ဒီညေနလာဆပ္ျဖစ္ေအာင္ဆပ္လို႔..မဆပ္ရင္အဆိုးမဆိုနဲ႔လို႔.ေျပာၿပီးေတာင္းလိုက္တာ”

ေဒၚႏုယဥ္သက္ျပင္းခ်မိသည္။

“ညည္းႏွယ့္ေအ..ေကာင္းေကာင္းမြန္မြန္ေျပာၿပီးေတာင္းပါဆို.ခုေတာ့မ်က္ႏွာပ်က္စရာေတြျဖစ္ကုန္ၿပီ”

ထိုအခါသီသီစိုးက

“လုပ္ျပန္ၿပီ။အေမ.အဲ့ဒါ ေၾကာင့္အေမ့အေႂကြးေတြဆုံးတာ။ရစရာရွိတာေတာ့ဒဲ့ေျပာၿပီးေတာင္းရမွာပဲ”

ေျပာၿပီးသည့္ေနာက္သီသီစိုးသည္ဝက္ၿခံ႐ိုက္ရန္အတြက္ရပ္ကြက္ထဲမွဝါးဆိုင္သို႔ထြက္သြားေလသည္။

တကယ္ေတ့ာမရ.ရတာယူမည္ဆိုသည့္သေဘာျဖင့္ဝက္မတမ္းမေလးကိုယူထားလိုက္သည္ဆိုေပမ

င့္သီသီစိုးအတြက္အလြန္အလုပ္ရႈပ္ရသည္။

မနက္ေရာက္ၿပီဆိုလွ်င္ဝက္ၿခံကိုသ့န္ရွင္းေရုးလုပ္ရသလို၊ဝက္စာကိုလည္းႀကိဳခ်က္ရသည္။

ဒီၾကားထဲမိခင္ျဖစ္သူေနမေကာင္းျပန္လွ်င္လည္းေျခဆုပ္လက္နယ္ျပဳစုးေပးရျပန္သည္။

ဤသို႔ဖ္ျင့္ေျခာက္လခန္႔ၾကာေတာ့ဝက္မတမ္းမေလးသည္.သားငါးေကာင္ေပါက္ေလသည္။

ထို႔ေနာက္ ယင္းဝက္ေပါက္ငါးေကာင္ကိုဝက္မႀကီးႏွ႔င္အတူေလးဆယ့္ငါးရက္ခန္႔အထိထားၿပီး..ဝက္ဝ

၀ယ္သူကိုေခၚၿပီးေရာင္းေလသည္။

ဒါကေတာ့ဤရပ္ကြက္သာမဟုတ္၊အနီးအနားရွိရပ္ကြက္တကာတို႔၏ထုံးစံလိုလိုျဖစ္သည္။

ဝက္ေတြအတြက္အလုပ္ရႈပ္မခံခ်င္တာလည္းပါမည္။

ေဒၚႏုယဥ္အိမ္မွဝက္ေပါက္ကေလးေတြကိုအေသအခ်ာၾကည့္ၿပီးသည့္ေနာက္ဝယ္သူက

“ေလးေကာင္ကိုေတာ့သေဘာက်တယ္ဗ်ာ။ဒီဝက္မေလးကေတာ့ညႇက္လြန္းတယ္။အားမရဘူး”

ထိုအခါသီသီစိုးက”ဒါဆိုလည္းထားခဲ့ေလ။ဝယ္ခ်င္တဲ့လူကိုပဲေရာင္းေတာ့မယ္”ဟုတ္”

ထို႔ေနာက္ ဝယ္သူလည္းဝက္ေလးေကာင္အတြက္ေငြရွင္းၿပီးျမင္းလွည္းျဖင့္တင္သြားေလသည္။

ထိုအခါမွေဒၚႏုယဥ္ကသီသီစိုးဘက္လွည့္ၿပီး

“ကဲသမီး.ဒီဝက္မေလးကေတာ့အျခားလူေတြကိုေရာင္းလည္းေစ်းေကာင္းရမွာမဟုတ္ဘူး.ဒီမွာ ပဲ

ဆက္ေမြးထားၾကရေအာင္”

“အေမးမြခ်င္တယ္ဆိုေမြးေလ”

ဤႀသိဳ႕့္ဖင့္ဝက္မေလးကိုမိခင္ဝက္မႀကီးႏွင့္အတူဆက္ေမြးထားလိုက္သည။္

ၿပီး.ထိုဝက္မေလးကိုအေကာင္ညႇက္လြန္းသျဖင့္’မိညႇက္’ဟုလည္းအမည္ေပးထားလိုက္သည္။

မိညႇက္သုံးလသားအ႐ြယ္ေရာက္ေတာ့မိခင္ဝက္မႀကီးသည္အစာတေရွာင္ေရွာင္ျဖစ္လာ

သလို.မၾကာခဏလည္းအဖ်ားဝင္လာတတ္ေလသည္။

ထိုအခါေဒၚႏုယဥ္ႏွင့္သီသီစိုးလည္းအခ်င္းခ်င္းတိုင္ပင္ၿပီးထိုဝက္မႀကီးကိုေရာင္းပစ္လိုက္ၾက

ေတာ့သည္။

ဒီေတာ့ မိညႇက္တစ္ေကာင္သာက်န္ေလေတာ့သည္။

ယင္းမိညႇက္ကိုေတာ့ေ္ဒ္ါႏုယဥ္ေရာသီသီစိုးကပါဂ႐ုတစိုက္ျ္ဖင့္ေကြၽးေမြးေစာင့္ေရွာက္ထားသည္။

မိညႇက္ကလည္းအလြန္ထူးျခားသည့္ဝက္မေလးျဖစ္သည္။

မည္သည့္အခ်ိန္တြင္မဆိုၿငိမ္ကုပ္၍သာေနၿပီး.ဆူညံစြာအသံေပးၿပီးေတာ့လည္းအစာမေတာင္းေခ်။

စားက်င္းထဲသို႔အစာလာထည့္ေပးမွစားေလသည္။

ဤသို႔ျဖင့္ ရွစ္လခန္႔ၾကာေသာအခါ၌မိညႇက္သည္သားေပါက္ေလသည္။

စုစုေပါင္း ခုနစ္ေကာင္ျဖစ္သည္။

ေဒၚႏုယဥ္ႏွင့္သီသီစိုးလည္းယင္းဝက္ေပါက္ခုႏွစ္ေကာင္ကိုမိညႇက္ႏွင့္အတူႏွစ္လခန္႔ထားလိုက္သည္။

ၿပီးေနာက္.ခုႏွစ္ေကာင္စလုံးကိုဝယ္သူထံသို႔ေရာင္းပစ္လိုက္ျပန္သည္။

လက္ထဲသို႔ေငြေရာက္လာသည့္ေနာ္ေဒၚႏုယဥ္က

“ကဲ.သမီးေရ. အခုရတဲ့ေငြေတြကိုေတာ့အေမတို႔အကုန္သုံးပစ္လို႔မသင့္ဘူး။အလႉအတန္းေလးေတာ့

လုပ္ဦးမွ.ဒါမွဝက္ကေလးေတြလည္းကုသိုလ္ရမွာ”

ဟုတ္လည္းဟုတ္သည္။ေဒၚႏုယဥ္တို႔ကအလုပ္ရႈပ္မခံလိုသျဖင့္ဝက္ေပါက္ေလးေတြကိုေရာင္းလိုက္

သည္ဆိုေပမင့္ဝယ္သည့္လူကဝက္သားအေရာင္းဆိုင္ကျဖစ္သည္မို႔ထိုဝက္ေပါက္ကေလးမ်ားအား

ေကြၽးေမြးေစာင့္ေရွာက္ၿပီးအေကာင္ထြားလာလွ်င္ေပၚပစ္မွာေတာ့အမွန္ပင္ျဖစ္သည္။

ဒါေတြကိုေဒၚႏုယဥ္ကစိတ္မေကာင္းျခင္းျဖစ္ေနျခင္းပင္။

ထို႔ေၾကာင့္ ဝက္ေပါက္ေတြေရာင္းရသည့္ေငြျဖင့္တတ္စြမ္းသေလာက္အလႉအတန္းျပဳလုပ္ေနေလ

ေတာ့သည္။

ဤသို႔ျဖင့္ခုႏွစ္လခန္႔ၾကာျမင့္လာခဲ့ရာမိညႇက္သည္ဒုတိယသုတ္အျဖစ္သားေပါက္ျပန္ေလသည္။

ဒီတစ္ခါေတာ့ဆယ္ေကာင္ျဖစ္သည္။

သို႔ေသာ္သားေပါက္ၿပီးသုံးရက္ခန္႔အၾကာ၌ဝက္ေပါက္ကေလးတစ္ေကာင္သည္မိညႇက္၏ကိုယ္လုံးျဖင့္

ဖိမိၿပီးေသေလေတာ့သည္။

ထိုအခါေဒၚႏုရီက မိညႇက္ကိုအစာေကြၽးရင္းေျပာလိုက္သည္။

“မိညႇက္ေရ.ဒီတစ္ခါေတာ့နင္သားထိန္းတာညံ့သြားၿပီ.ပထမအသုတ္တုန္းကလို.ကေလးေတြကိုလည္း

ဂ႐ုမစိုက္ေတာ့ဘူး။ဒီလကုန္ရင္.ကေလးေတြေရာနင့္ကိုပါငါေရာင္းပစ္ေတာ့မွာ”

ယင္းသို႔ေျပာၿပီးေနာက္ဝက္စာပုံးကိုယူကာၿခံထဲမွျပန္ထြက္သြားေလသည္။

‘ေဒါက္ေဒါက္’

တံခါးေခါက္သံေၾကာင့္ေဒၚႏုယဥ္လည္းအိပ္ေပ်ာ္ေနရာမွႏိုးလာခဲ့သည္။

“ဟဲ့.ဘယ္သူလဲ “”ကြၽန္မလွရီပါ.မႏုယဥ္”

“ဟဲ့.တစ္နာရီပဲထိုးေနၿပီ.ဘာကိစၥလဲ”

“ကြၽန္မအေရးႀကီးတဲ့ကိစၥေျပာစရာရွိလို႔ပါ”

“ေအးေအး.ခဏေနဦး ”

ေဒၚႏုယဥ္တံခါးကိုဖြင့္ေပးလိုက္သည္။

ၿပီးေနာက္ ေဒၚလွရီကိုျမင္ေတာ့စိတ္ထဲဇေဝဇဝါျဖစ္သြားသည္။

‘ဟင္.မလွရီကကြယ္လြန္သြားပါၿပီ.ဘယ္လိုလုပ္ေရာက္လာတာပါလိမ့္”

ယင္းသို႔ေတြးေနခိုက္တြင္ေဒၚလွရီက

“အစ္မ.ကြၽန္မကိုေတာ့မေရာင္းလိုက္ပါနဲ႔ေနာ္.ကြၽန္မကအစ္မတို႔ကိုအေႂကြးလာဆပ္ေနတာပါ”

ထိုစကားေၾကာင့္ေဒၚႏုယဥ္မ်က္ေမွာင္ၾကဳတ္သြားမိသည္။

“ဟင္.မလွရီကကြၽန္မကိုဘယ္မွာအေႂကြးဆပ္ေနလို႔တုံး”

ယင္းသို႔ေမးေတာ့ေဒၚလွရီက

“အစ္မအိမ္မွာေမြးထားတဲ့မိညႇက္ဆိုတဲ့ဝက္မေလ.အဲဒါကြၽန္မပါပဲအစ္မရယ္””ဟင္”

ေဒၚႏုယဥ္အံ့အားသင့္သြားသည္။

ၿပီးေနာက္ မယုံႏိုင္စြာျဖင့္ထပ္ေမးသည္။

“ဟုတ္လို႔လား မလွရီရယ္”

“ဟုတ္ပါတယ္အစ္မ လူ႔ဘဝတုန္းကအစ္မဆီကေခ်းထားတဲ့ေငြေတြက ိုျပန္မဆပ္လိုက္ရဘဲဆုံးသြား

တဲ့အတြက္ေၾကာင့္အခုဝက္ဘဝနဲ႔အစ္မဆီမွာအေႂကြးလာဆပ္ေနရတာပါ၊တကယ္လို႔အစ္မကသာ

ကြၽန္မကိုေရာင္းပစ္မယ္ဆိုရင္အေႂကြးမေက်ေသးတဲ့အတြက္ေၾကာင့္အျခားဘဝတစ္မ်ိဳးနဲ႔လာဆပ္ရဦး

မွာပါ။ အဲဒီဒုကၡေတြကိုကြၽန္မမခံခ်င္ေတာ့ပါဘူး။ဒါေၾကာင့္ႀကဳံတဲ့အခိုက္ေလးမွာအစ္မရဲ႕အေႂကြးကို

တစ္ခါတည္းေက်ေအာင္ဆပ္သြားပါရေစ။ကြၽန္မကိုမေရာင္းလိုက္ပါနဲ႔”

ေဒၚလွရီကမ်က္ႏွာညႇိဳးႏြမ္းစြာျဖင့္ေတာင္းပန္ေလေတာ့ေဒၚႏုယဥ္လည္းစိတ္မေကာင္းစြာျဖင့္

သက္ျပင္းခ်မိေလသည္။

ၿပီးေနာက္..

“ေအးပါဟယ္.ငါမေရာင္းပါဘူး။ေန႔လည္တုန္းကေျပာမိတာကလည္းငါစိတ္တိုၿပီးအမွတ္တမဲ့ေျပာ

လိုက္မိတာပါ။စိတ္ခ်ပါ။ငါမေရာင္းပါဘူး”

“ဟုတ္ကဲ့၊ ေက်းဇူးပါ အစ္မရယ္’

ေဒၚလွရီအိမ္ေပၚမွဆင္းသြားသည္။

ယင္းအခိုက္မွာပင္ေဒၚႏုယဥ္လည္းအိပ္ေပ်ာ္ေနရာမွဖ်တ္ခနဲလန္႔ႏိုးလာခဲ့သည္။

ၿပီးေနာက္ သူမ.မက္ခဲ့သည္အိ့ပ္မက္ကိုျပန္ေတြးၿပီး.ေဒၚလွရီအတြက္အလြန္အမင္စိးတ္မေကာင္းျဖစ္မိ

ေလေတာ့သည္။

မနက္ေရာက္ေတာ့ေဒၚႏုယဥ္သည္ညတုန္းကအိပ္မက္အား.သီသီစိုးျပန္ေျပာျပလိုက္သည္။

ထိုအခါသီသီစိုးလည္းပါးစပ္အေဟာင္းသားျဖင့္နားေထာင္ရင္းသက္ျပင္းခ်ေလသည္။

“လူ႔ဘဝကယူထားတဲ့အေႂကြးကိဝုက္ဘဝနဲ႔ျပန္လာဆပ္ရတယ္လို႔.ၾကားရတာစိတ္မခ်မ္းသာလိုက္

တာအေမရယ္”

“ဘယ္တတ္ႏိုင္မလဲသမီးရယ္။သု႔ကံနဲူ႔သူျဖစ္လာတာကိုး။ဒီေတာ့အေမတို႔လုပ္ေပးႏိုင္တာကေတာ့သူ႔

ကိုအရင္ကထက္ပိုၿပီးဂ႐ုတစိုက္နဲ႔ေကြၽးေမြးေစာင့္ေရွာက္ဖို႔ပဲမဟုတ္လား-”

ယင္းသို႔ဆိုၿပီးေနာက္ ေဒၚႏုယဥ္သည္ဆြဲျခင္းႏွင့္ပိုက္ဆံအိတ္ကိုယူၿပီး.ေစ်းဝယ္ရန္အတြက္အိမ္ေပၚမွ

ဆင္းလာခဲ့ေလသည္။
ည။

ႏွင္းစက္တို႔သ ည္ေခါင္မိုးေပၚသို႔တေဖ်ာက္ေဖ်ာက္ႏွင့္က်လ်က္ရွိေနသည္။

ခါတိုင္းရက္ေတြထက္ပိုမိုခ်မ္းစိမ့္သည့္ညျဖစ္သည္မို႔ေဒၚႏုယဥ္ႏွင့္သီသီစိုးသည္ခပ္ေစာေစာပင္

အိပ္ရာဝင္ျဖစ္ၾကေလသည္။

“ေဒါက္ေဒါက္”

ႏွစ္ေယာက္သားႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနၾကခိုက္တံခါးေခါက္သံသည္နားထဲသို႔တိုးဝင္လာေသာ

ေၾကာင့့္အလြန္အအိပ္ဆတ္သည့္ေဒၚႏုယဥ္၏မ်က္လုံးအစုံလည္းဖ်တ္ခနဲပြင့္လာသည္။

“ဟဲ့.ဘယ္သူလဲ ”

“ကြၽန္..ကြၽန္မလွရီပါ ”

“ဟုတ္လား.ခဏေစာင့္မလွရီ”

ေဒၚႏုယဥ္လည္းအိပ္ရာမွထၿပီးတံခါးဖြင့္ေပးလိုက္ေလရာအေပါက္ဝတြင္ရပ္ေနသည့္ေဒၚလွရီကိုေတြ႕ရ

ေလသည္။

“မလွရီ.ဘာေျပာခ်င္လို႔တုံး”

“ကြၽန္မ.ကေလးေတြေၾကာင့္အခုထိမအိပ္ရေသးပါဘူး။ကေလးေတြကမတ္တတ္ရပ္ရင္းႏို႔စို႔ေနၾကလို႔

ကြၽန္မမွာသူတို႔ေလးေတြပိမွာစိုးရိမ္လို႔ဒီအတိုင္းပဲမတ္တတ္ရပ္ေနရာပါတယ္။ဒါေၾကာင့္ေအာက္ကို

ဆင္းၿပီးကူညီေပးပါဦးအစ္မရယ္”

“ေၾသာ္.ေအးေအး.ငါလာၿပီးကူညီေပးပါမယ္”

ယင္းသို႔ေျပာၿပီးခိုက္မွာပင္ေဒၚႏုယဥ္သည္အိပ္ေပ်ာ္ေနရာမွလန္႔ႏိုးလားခဲ့သည္။

ထို႔ေနာက္

“ေၾသာ္.မလွရီ မွာ.ကေလးေတြေၾကာင့္အိပ္မရတာကိုအိပ္မက္လာေပးရွာတာပဲ”

ယင္းသို႔ေတြးၿပီးေနာက္.ေဒၚႏုယဥ္သည္လက္ႏွိပ္ဓာတ္မီးတစ္လက္ယူၿပီးတံခါးကိုဖြင့္လိုက္သည္။

ၿပီးေနာက္အိမ္ေအာက္ရွိဝက္ၿခံထဲသို႔ဓာတ္မီးျဖင့္ထိုးၾကည့္လိုက္ရာမတ္တပ္ရပ္ရင္းကေလးေတြကို

ႏို႔တိုက္ေနရသည့္မိညႇက္ကိုေတြ႕ေလသည္။

ထို႔ေနာက္ ေဒၚႏုယဥ္လည္းဝက္ျံခထဲသို႔ဝင္ၿပီးဝက္ကေလးေတြကိုဖယ္ေပးလိုက္သည္။

ဒီေတာ့မွမိညႇက္လည္းေျမႀကီးေပၚလွဲခ်ၿပီးေကာင္းစြာအိပ္စက္ႏိုင္ေလေတာ့သည္။

ေဒၚႏုယဥ္လည္းဝက္ေပါက္ကေလးေတြကိုမိညႇက္အနားသို႔ျပန္ေ႐ြ႕ေပးၿပီးအိမ္ေပၚသို႔ျပန္တက္လာခဲ့

သည္။

ထို႔ေနာက္ မနက္မိုးလင္းသည့္အခ်ိန္ထိမိညႇက္သည္အိပ္မက္ထဲသို႔ဝင္မလာပါေတာ့ေခ်။

ဤသို႔ျဖင့္ေျခာက္ႏွစ္ခန္႔ၾကာလာခဲ့သည္။

ယင္းသို႔ၾကာလာသည္ႏွင့္အမွ်မိညႇက္သည္လည္းတျဖည္းျဖည္းအိုမင္းလာၿပီးမၾကာခဏဆိုသလို

အဖ်ားဝင္ေလေတာ့သည္။

သာမန္အားျဖင့္ဆိုလွ်င္ဤကဲ့သို႔အိုမင္းဖ်ားနာသည့္ဝက္မ်ိဳးကိုမည္သူမွဒုကၡခံၿပီးေကြၽးေမြးေစာင့္

ေရွာက္ျခင္းမျပဳေတာ့ဘဲဝက္ေပၚသည့္လူဆီကိုသာေရာင္းပစ္တတ္ၾကသည္။

သို႔ေသာ္ေဒၚႏုယဥ္ႏွင့္သီသီစိုးသည္မိညႇက္ကိုဤသို႔မျပဳရက္ပါေခ်။

ထို႔အျပင္မိညႇက္ကိုေဆးကုရန္အတြက္တိရိစာၦန္ေဆးကုဆရာဝန္အားသြားပင့္ေလသည္။

ထိုအခါဆရာဝန္ကလည္းမနက္ျဖန္လာပါမည္ဟုေျပာၿပီးပန္လႊတ္လိုက္သည္။

ဤသို႔ျဖင့္ညအခ်ိန္ေရာက္လာခဲ့သ ည္။

ေဒၚႏုယဥ္သည္သီသီစိးႏႈင့္အတူအိပ္ေပ်ာ္ေနခိုက္တြင္အိပ္ခန္းထဲသို႔အမ်ိဳးသမီးႀကီးတစ္ဦးေရာက္လာ

ေလသည္။

ထိုအမ်ိဳးသမီးႀကီးသည္ေဒၚလွရီျဖစ္ေနသည္။

ထိုအခါေဒၚႏုယဥ္က

“မလွရီ. အသံလည္းမေပး.ဘာမေပးနဲ႔.ေျပာပါဦး.ဘာကိစၥ”

ယ္းသို႔ေမးေတာ့ေဒၚလွရီက

“အစ္မ.ကြၽန္မလူ႔ဘဝတုန္းကယူထားမိတဲ့အေႂကြးကိုအခုဝက္ဘဝနဲ႔ျပန္လာဆပ္တာေက်ေလာက္ပါၿပီ

ေနာ္”

ထိုအေမးေၾကာင့္ေဒၚႏုယဥ္လည္းအလြန္စိတ္မေကာင္းျဖစ္သြားရေလသည္။

“ေၾသာ္.ေက်ပါၿပီမလွရီရယ္။ေက်တဲ့အျပင္ပိုေတာင္ပိုေနပါေသးတယ္”

“ဒါဆိုကြၽန္မကိုခြင့္ျပဳပါေတာ့ေနာ္။ကြၽန္မသြားေတာ့မယ္”

“ဟင္.မလွရီကဘယ္ကိုသြားမွာမို႔တုံး”

“ေနာက္ဘဝတစ္ခုကိုပါ။ေကာင္းလားဆိုးလားေတာ့ကြၽန္မလည္းမေျပာတတ္ေသးပါဘူး”

ေျပာၿပီးသည့္ေနာက္ေဒၚလွရီ.အိပ္ခန္း ထဲမွထြက္သြားသည္။

ေဒၚႏုယဥ္လည္းေဒၚလွရီ၏ေက်ာျပင္ကိုသာၾကည့္ရင္းက်န္ခဲ့ေလသည္။

“အေမ.အေမ”

႐ုတ္တရက္ အတင္းလႈပ္ႏႈိးခံရေသာေၾကာင့္ေဒၚႏုယဥ္လည္းအိပ္ေပ်ာ္ေနရာမွလန္႔ႏိုးလာခဲ့သည္။

“သမီး..ဘာျဖစ္လို႔တုံး”

ယင္းသို႔ေမးရင္းျဖင့္ေဒၚႏုယဥ္သည္ေနျမင့္ေနၿပီကိုသတိျပဳမိေလသည္။

ထို႔ေၾကာင့္ အိပ္ရာမွ.ကမန္းကတန္းထခိုက္တြင္.သီသီစိုးက

“အေမ.မိညႇက္ေတာ့ေသသြားၿပီ”
“ဟင္”

ေဒၚႏုယဥ္အံ့အားသင့္ၿပီးမ်က္လုံးပါျပဴးသြားသည္။

“ဟဲ့.ဟုတႅိဳ့လား “”ဟုတ္တယ္အေမရဲ႕.မနက္ကသမီးအစာေကြၽးဖို႔ၿခံထဲဝင္လိုက္ေတာ့သူကေသနၿပီ”

“ေၾသာ္”ေဒၚႏုယဥ္ဆက္မေျပာေတာ့ေခ်။ညတုန္းကမက္ခဲ့သည့္အိပ္မက္ကိုျပန္လည္သတိရမိလိုက္

ေသာေၾကာင့္ျဖစ္သည္။

ထို႔ေနာက္..

“ကဲကဲ. သမီ။မိညႇက္ကိုေျမျမဳပ္ဖို႔စီစဥ္ရေအာင္”ဟုသာေျပာလိုက္ေလေတာ့သည္။

မနက္အခ်ိန္ခါျဖစ္သည္မို႔ေဈးထဲတြင္ၾကက္ပ်ံမက်စည္ကားလ်က္ရွိေနသည္။

ေဒၚႏုယဥ္လည္းလိုအပ္တာေတြဝယ္ၿပီးၿပီမို႔ဆြဲျခင္းကိုဆြဲကာေဈးထဲမွျပန္ထြက္မည္ျပဳစဥ္

“ဟဲ့.ေဈးဦးေတာင္မေပါက္ေသးဘူး။ဘယ့္ႏွယ့္အေႂကြးလာယူေနရတာတုံး”

ထိုစကားသံေၾကာင့္ေဒၚႏုယဥ္၏ေျခလွမ္းေတြတုန္႔ခနဲရပ္သြားၿပီးအသံလာရာဘက္သို႔လွည့္ၾကည့္

လိုက္ရာၾကက္ဥသည္ႏွင့္ေဈးဝယ္သူတို႔စကားေျပာေနသည္ကိုေတြ႕လိုက္ရေလသည္။

ေဈးဝယ္သူက

“အစ္မရယ္.ဝယ္ေနက်ေဖာက္သည္ေတြပဲဥစၥာ။ခါတိုင္းေဈးဝယ္ရင္ကြၽန္ေတာ္ပိုက္ဆံကိုလုံလုံေလာက္

ေလာက္ထည့္လာတာပဲ။ဒီေန႔က်မွဝယ္တာမ်ားသြားလို႔ၾကက္ဥဝယ္ဖို႔မက်န္ဘဲျဖစ္သြားတာပါ။

မနက္ျဖန္ဒီကိုလာရင္ေပးပါ့မယ္ဗ်ာ”

ေဒၚႏုယဥ္ဆက္လက္နားမေထာင္ျဖစ္ေတာ့ဘဲလွည့္ထြက္လာခဲ့သည္။

ၿပီး..ေဈးဝယ္သူေျပာသည့္’.မနက္ျဖန္ ဒီကိုလာလွ်င္ေပးပါမည္’ဆိုသည့္စကားကလည္းစိတ္ထဲတြင္စြဲ

ထင္ေနလ်က္ရွိသည္။

မနက္ျဖန္.. .လူေတြအမ်ားဆုံးသုံးသည့္စကားျဖစ္သည္။

မနက္ျဖန္ လုပ္မည္။မနက္ျဖန္ေပးမည္။မနက္ျဖန္သုံးမည္စသည္စသည္ျဖ့္င့္…။

တကယ္ေတာ့မနက္ျဖန္ဆိုတာယေန႔ေလာက္မေသခ်ာေခ်။

ယေန႔ဆိုတာကလည္းေနာင္ဘဝႏွင့္ေက်ာခ်င္းကပ္လ်က္ရွိေနသည္။

ဤကဲ့သို႔မေရရာလွေသာလူ႔ဘဝတြင္အေႂကြးေတြျဖင့္သာလူေတြရွင္သန္ၾကရသည္။

အေႂကြး ေတြျဖင့္သာဘဝကိုနိဂုံးခ်ဳပ္ၾကရသည္။

အခ်ိဳ႕ လုပ္လက္စအလုပ္ေတြတန္းလန္းႀကီးျဖင့္ကြယ္လြန္သြားၾကသည္။

အခ်ိဳ႕ လည္းသူတစ္ပါးဆီမွယူထားသည့္အေႂကြးကိုျပန္မဆပ္ႏိုင္မီကြယ္လြန္သြားၾကသည္။

ဒီေတာ့ တမလြန္ ဘဝ၌မျဖစ္ျဖစ္သည့္နည္းျဖင့္ျပန္လာကာအေႂကြးဆပ္ၾကရသည္။

သို႔့ေသာ္ဒါေတြကလည္းအထူးအဆန္းမဟုတ္ေတာ့ေခ်။

အက်ိဳးတရားျဖစ္ဖို႔အတြက္အေၾကာင္းတရားေတြရွိခဲ့ၾကသည္မဟုတ္လား။

မည္သို႔ပင္ဆိုေစ။ယူထားသည့္အေႂကြးကိုဆပ္ဖို႔မႀကဳံခဲ့လွ်င္ေတာင္.ႀကဳံသည့္အခ်ိန္တြင္ျပန္ဆပ္ရမွာ

ေတာ့ဧကန္မုခ်ျဖစ္ပါေတ့ာသည္။

ွ အားလုံးေအးခ်မ္းပါေစ.. ။

ဆရာေဆြ(ေတာင္တြင္း)

မွတ္ခ်က္။ ။၂၀၁၇တြင္ဤဝတၳဳအား’လႈိင္ဦး’ကေလာင္အမည္ျဖ့င္ဆဌမအာ႐ုံမဂၢဇင္းတြင္ေဖာ္ျပခံရ

ၿပီးျဖစ္ပါသည္။

ယခုဆရာေဆြ(ေတာင္တြင္း)ကေလာင္အမည္ကိုေျပာင္းလဲအသုံးျပဳပီးျပန္လည္ေရးသားတင္ျပျခင္း

ျဖစ္ပါသည္။

Credit

Zawgyi

ဆရာဆွေ(တောင်တွင်း)
အကြွေး

(ဖြစ်ရပ်မှန်၊သံဝေဂဝတ္ထုတို)

“အမေ.ဒေါ်လှရီဆုံးသွားပြီ”

“ဟင်”

ဈေးဝယ်ရာမှပြန်ရောက်ရောက်ချင်း.သမီးဖြစ်သူသီသီစိုးကဆီးကြိုပြီးပြောလိုက်သည့်စကားကြောင့်

ဒေါ်နုယဉ်မှာအံအားသင့်သွားရသည်။

ထို့နောက် ဆွဲခြင်းကိုစျေးဆိုင်ပေါ်သို့တင်လိုက်ရင်း

“ဟဲ့.ဟုတ်လို့လား ။မနက်ကတောင်သူစျေးဝယ်လာသေးတယ်။”

“ဟုတ်တယ်အမေရဲ့၊နေ့လည်တုန်းကနေပူကြီးထဲအဝတ်လျှော်ရင်းဦးနှောက်သွေးကြောပြတ်သွားတဲ့”

“သြော်”ဖြစ်ရလေဟယ်”ဒေါ်နုယဉ်စိတ်မကောင်းစွာဖြင့်ရေရွတ်မိသည်။

ထိုအခါသီသီစိုးက

“အမေ့။အဲဒါအရေးမကြီးဘူး။သမီးတို့အကြွေးကိုဘယ်လိုတောင်းရတော့မတုန်း။သူ့ယောင်္ကျားက

လည်းအချိန်တိုင်းမူနေတာ”

“သြော်.ဒါဆိုလည်းတောင်းမနေပါနဲ့တော့အေ။ကိုမြင့်ဇော်ကသူ့ဟာသူရေချိန်ကိုက်ဖို့တောင်အနိုင်

ရယ်”

“အဲဒါကြောင့်အမေ့ကိုပြောတာပေါ့.အကြွေးတွေကိုတတ်နိုင်သလောက်ရအောင်တောင်းပါဆို.အခု

တော့ဆုံးပြီ။သမီးတောင်းတုန်းကတော့အမေကကန့့်လန့်ဝင်ပါတယ်”ထိုအခါဒေါ်နုရီက

“ဟဲ့.ပါရမှာပေါ့။နင်ကနှုတ်ကြမ်းလျှာကြမ်းရယ်။ဒီတော့ငါ့မှာမျက်နှာပျက်စရာတွေဖြစ်ကုန်ရော”

ယင်းသို့ဆိုပြီးနောက်

“ကဲ.နင်ဒီမုန့်တွေကိုချိတ်ထားလိုက်ဦး။ငါဟိုဘက်ရပ်ကွက်ကဒေါ်တုတ်ဆီအကြွေးသွားတောင်းလိုက်

ဦးမယ်”

ထိုအခါသီသီစိုးက

“နေနေ.အမေ။သမီးပဲသွားတောင်းလိုက်မယ်။အဲဒီဒေါ်တုတ်ကဟိုနေ့ပေးမယ်၊ဒီနေ့ပေးမယ်နဲ့

ပလာတာရိုက်နေတာ။အမေတောင်းရင်ရမှာမဟုတ်ဘူး”

ပြောရင်းဆိုရင်းဖြင့်သီသီစိုးကဆိုင်ပေါ်မှဆင်းလိုက်သည်။

ပြီးနောက်ခြံဝန်းထဲမှထွက်လာတော့ဒေါ်နုယဉ်ကလှမ်းမှာလိုက်သည်။

“သမီး.ချိုချိုသာသာပဲပြောပြီးတောင်းနော်”

“ဟုတ်ကဲ့ပါအမေရဲ့”

ဤသို့ဖြင့်ဒေါ်တုတ်၏အိမ်သို့ရောက်တော့မိခင်ဖြစ်သူမှာသည့်အတိုင်းချိုချိုသာသာပြေတောင်းသည်။

ဒေါ်တုတ်က

“ညနေမှလာပါလားကလေးရယ်။အဒေါ်အဆင်မပြေသေးလို့ပါ။တကယ်လို့ကလေးမလာဖြစ်ရင်အဒေါ်

ကိုယ်တိုင်လာပေးပါ့မယ်””သေချာတယ်နော်ဒေါ်တုတ်။ညနေမှရောက်မလာရင်ကျွန်မအဆိုးမဆိုနဲ့”

ပြောပြီးသည့်နောက်သီသီစိုးလှည့်ထွက်လာခဲ့သည်။

သူမအလုပ်ကဤကဲ့သို့ဖြစ်သည်။

အိမ်ဆိုင်ကလေးဖွင့်ထားသော်လည်းသိပ်အဆင်မပြေလှသည်မို့ယခုကဲ့သို့ငွေတိုးချေးစားရသည်။

ယင်းလည်းသိပ်တွက်ချေမကိုက်လှချေ။

အဘယ်ကြောင့် ဆိုသော် သူမ၏မိခင်ဒေါ်နုယဉ်သည်အလွန်အားနာတတ်သောကြောင့်ဖြစ်သည်။

အချို့ကတော့ယူထားသည့်ငွေနှင့်အတိုးကိုကြေအောင်ဆပ်ကြပေမင့်အချို့ကျတော့ပေတေတေလုပ်

နေတတ်ကြသည်။

ထိုအခါမျိုးကျတော့သူမနှင့်ထိပ်တိုက်တွေ့ရတော့သည်။

သူမသည်အသက်နှစ်ဆယ်ကျော်သာရှိသေးပေမင့်အလွန်စိတ်ထက်သူဖြစ်သည်။

ပြောစရာရှိလျှင်လည်း.ကြီးသည်ငယ်သည်သိပ်အရေးမထားဘဲဒိုးဒိုးဒေါက်ဒေါက်ပြောပစ်တတ်သည်။

ဒီတော့သူမကိုတော်ရုံအကြွေးယူထားသူတွေကလန့်ကြသည်။

ယင်းလည်းသူမကသိပ်ဂရုစိုက်လှသည်မဟုတ်ချေ။

ငွေရေးကြေးရေး နှင့်ပတ်သက်လျှင်မည်သူ့ကိုမှအားမနာနိုင်ဟုအမြဲတွေးနေတတ်သူဖြစ်သည်။

အိမ်သို့ပြန်ရောက်တော့ဒေါ်နုယဉ်က”ဘယ်လိုလဲသမီး..ရခဲ့ရဲ့လား”

“မရဘူးအမေ.ဒါပေမယ့် ညနေရောက်ရင်လာဆပ်မယ်လို့တော့ပြောတယ်”

“ဟုတ်လား. ဒါဆိုလည်းပြီးတာပဲအေ”

ဒေါ်နုယဉ်အိမ်ပေါ်သို့တက်သွားသည်။

ညနေအချိန်သို့ရောက်တော့ဒေါ်တုတ်သည်မြင်းလှည်းပေါ်၌ဝက်မတန်းမ.တစ်ကောင်တင်ပြီးဒေါ်နု

ယဉ်၏အိမ်ရှေ့သို့ရောက်လာသည်။

ပြီးနောက်

“မနုရယ်..ကျွန်မမှာပိုက်ဆံမရှိသေးတာမို့ဒီဝက်မလေးပဲအကြွေးနဲ့နှိမ်ပြီးယူထားလိုက်ပါ.ကျန်တဲ့

ပိုက်ဆံကိုတော့လ.ကုန်ရင်လာပေးပါ့မယ်”

ထိုအခါဒေါ်နုရီမှာထုံးစံအတိုင်းအားနာပြီးမျက်နှာမထားတတ်အောင်ဖြစ်သွားရသည်။

ယင်းအခြေအနေကိုရိပ်မိတော့သီသီစိုးကကြားဖြတ်ပြီးဝင်ပြောသည်။

“ကောင်းပြီလေ.ကျွန်မတို့ယူထားလိုက်ပါမယ်။အဒေါ်ပြောတဲ့အတိုင်းကျန်တဲ့ငွေကိုတော့လကုန်ရင်လ

ာဆပ်ဖြစ်အောင်ဆပ်လှည့်ပါ”

“စိတ်ချပါ ကွယ်”ယင်းသို့ဆိုပြီးနောက် ဒေါ်တုတ်ကမြင်းလှည်းဆရာကိုအကူအညီလှမ်းတောင်းသည်။

“ငါ့တူ.အဲ့ဒီ ဝက်မလေးကိုအိမ်အောက်ပို့ပေးလိုက်ပါကွယ်”

“ဟုတ်ကဲ့အဒေါ်”

မြင်းလှည်းဆရာလည်းဝက်မတမ်းလေးကိုအောက်ချပြီးအိမ်အောက်သို့ဆွဲခေါ်လာခဲ့သည်။

ပြီးနောက်လည်ပင်းမှကြိုးဖြင့်တိုင်တစ်တိုင်တွင်ချည်ပေးထားလိုက်သည်။

ထို့နောက် ဒေါ်တုတ်က

“ကဲ.အိမ်မှာကလေးတွေချည်းကျန်ခဲ့လို့..ပြန်လိုက်ပါဦးမယ်”

“ဟုတ်ကဲ့”

ဒေါ်တုတ်နှင့်မြင်းလှည်းဆရာပြန်ထွက်သွားသည်။

ထိုအခါမှဒေါ်နုယဉ်ကသီသီစိုးကိုမေးလေသည်။

“သမီး.နေ့လည်တုန်းကဒေါ်တုတ်ကိုဘယ်လိုပြေ.ာပြီးအကြွေးတောင်းတာတုံး”

“ဒီညနေလာဆပ်ဖြစ်အောင်ဆပ်လို့..မဆပ်ရင်အဆိုးမဆိုနဲ့လို့.ပြောပြီးတောင်းလိုက်တာ”

ဒေါ်နုယဉ်သက်ပြင်းချမိသည်။

“ညည်းနှယ့်အေ..ကောင်းကောင်းမွန်မွန်ပြောပြီးတောင်းပါဆို.ခုတော့မျက်နှာပျက်စရာတွေဖြစ်ကုန်ပြီ”

ထိုအခါသီသီစိုးက

“လုပ်ပြန်ပြီ။အမေ.အဲ့ဒါ ကြောင့်အမေ့အကြွေးတွေဆုံးတာ။ရစရာရှိတာတော့ဒဲ့ပြောပြီးတောင်းရမှာပဲ”

ပြောပြီးသည့်နောက်သီသီစိုးသည်ဝက်ခြံရိုက်ရန်အတွက်ရပ်ကွက်ထဲမှဝါးဆိုင်သို့ထွက်သွားလေသည်။

တကယ်တေ့ာမရ.ရတာယူမည်ဆိုသည့်သဘောဖြင့်ဝက်မတမ်းမလေးကိုယူထားလိုက်သည်ဆိုပေမ

င့်သီသီစိုးအတွက်အလွန်အလုပ်ရှုပ်ရသည်။

မနက်ရောက်ပြီဆိုလျှင်ဝက်ခြံကိုသ့န်ရှင်းရေုးလုပ်ရသလို၊ဝက်စာကိုလည်းကြိုချက်ရသည်။

ဒီကြားထဲမိခင်ဖြစ်သူနေမကောင်းပြန်လျှင်လည်းခြေဆုပ်လက်နယ်ပြုစုးပေးရပြန်သည်။

ဤသို့ဖ်ြင့်ခြောက်လခန့်ကြာတော့ဝက်မတမ်းမလေးသည်.သားငါးကောင်ပေါက်လေသည်။

ထို့နောက် ယင်းဝက်ပေါက်ငါးကောင်ကိုဝက်မကြီးနှ့င်အတူလေးဆယ့်ငါးရက်ခန့်အထိထားပြီး..ဝက်ဝ

၀ယ်သူကိုခေါ်ပြီးရောင်းလေသည်။

ဒါကတော့ဤရပ်ကွက်သာမဟုတ်၊အနီးအနားရှိရပ်ကွက်တကာတို့၏ထုံးစံလိုလိုဖြစ်သည်။

ဝက်တွေအတွက်အလုပ်ရှုပ်မခံချင်တာလည်းပါမည်။

ဒေါ်နုယဉ်အိမ်မှဝက်ပေါက်ကလေးတွေကိုအသေအချာကြည့်ပြီးသည့်နောက်ဝယ်သူက

“လေးကောင်ကိုတော့သဘောကျတယ်ဗျာ။ဒီဝက်မလေးကတော့ညှက်လွန်းတယ်။အားမရဘူး”

ထိုအခါသီသီစိုးက”ဒါဆိုလည်းထားခဲ့လေ။ဝယ်ချင်တဲ့လူကိုပဲရောင်းတော့မယ်”ဟုတ်”

ထို့နောက် ဝယ်သူလည်းဝက်လေးကောင်အတွက်ငွေရှင်းပြီးမြင်းလှည်းဖြင့်တင်သွားလေသည်။

ထိုအခါမှဒေါ်နုယဉ်ကသီသီစိုးဘက်လှည့်ပြီး

“ကဲသမီး.ဒီဝက်မလေးကတော့အခြားလူတွေကိုရောင်းလည်းစျေးကောင်းရမှာမဟုတ်ဘူး.ဒီမှာ ပဲ

ဆက်မွေးထားကြရအောင်”

“အမေးမွချင်တယ်ဆိုမွေးလေ”

ဤသြို့့်ဖင့်ဝက်မလေးကိုမိခင်ဝက်မကြီးနှင့်အတူဆက်မွေးထားလိုက်သည။်

ပြီး.ထိုဝက်မလေးကိုအကောင်ညှက်လွန်းသဖြင့်’မိညှက်’ဟုလည်းအမည်ပေးထားလိုက်သည်။

မိညှက်သုံးလသားအရွယ်ရောက်တော့မိခင်ဝက်မကြီးသည်အစာတရှောင်ရှောင်ဖြစ်လာ

သလို.မကြာခဏလည်းအဖျားဝင်လာတတ်လေသည်။

ထိုအခါဒေါ်နုယဉ်နှင့်သီသီစိုးလည်းအချင်းချင်းတိုင်ပင်ပြီးထိုဝက်မကြီးကိုရောင်းပစ်လိုက်ကြ

တော့သည်။

ဒီတော့ မိညှက်တစ်ကောင်သာကျန်လေတော့သည်။

ယင်းမိညှက်ကိုတော့ေ်ဒ်ါနုယဉ်ရောသီသီစိုးကပါဂရုတစိုက်ြ်ဖင့်ကျွေးမွေးစောင့်ရှောက်ထားသည်။

မိညှက်ကလည်းအလွန်ထူးခြားသည့်ဝက်မလေးဖြစ်သည်။

မည်သည့်အချိန်တွင်မဆိုငြိမ်ကုပ်၍သာနေပြီး.ဆူညံစွာအသံပေးပြီးတော့လည်းအစာမတောင်းချေ။

စားကျင်းထဲသို့အစာလာထည့်ပေးမှစားလေသည်။

ဤသို့ဖြင့် ရှစ်လခန့်ကြာသောအခါ၌မိညှက်သည်သားပေါက်လေသည်။

စုစုပေါင်း ခုနစ်ကောင်ဖြစ်သည်။

ဒေါ်နုယဉ်နှင့်သီသီစိုးလည်းယင်းဝက်ပေါက်ခုနှစ်ကောင်ကိုမိညှက်နှင့်အတူနှစ်လခန့်ထားလိုက်သည်။

ပြီးနောက်.ခုနှစ်ကောင်စလုံးကိုဝယ်သူထံသို့ရောင်းပစ်လိုက်ပြန်သည်။

လက်ထဲသို့ငွေရောက်လာသည့်နော်ဒေါ်နုယဉ်က

“ကဲ.သမီးရေ. အခုရတဲ့ငွေတွေကိုတော့အမေတို့အကုန်သုံးပစ်လို့မသင့်ဘူး။အလှူအတန်းလေးတော့

လုပ်ဦးမှ.ဒါမှဝက်ကလေးတွေလည်းကုသိုလ်ရမှာ”

ဟုတ်လည်းဟုတ်သည်။ဒေါ်နုယဉ်တို့ကအလုပ်ရှုပ်မခံလိုသဖြင့်ဝက်ပေါက်လေးတွေကိုရောင်းလိုက်

သည်ဆိုပေမင့်ဝယ်သည့်လူကဝက်သားအရောင်းဆိုင်ကဖြစ်သည်မို့ထိုဝက်ပေါက်ကလေးများအား

ကျွေးမွေးစောင့်ရှောက်ပြီးအကောင်ထွားလာလျှင်ပေါ်ပစ်မှာတော့အမှန်ပင်ဖြစ်သည်။

ဒါတွေကိုဒေါ်နုယဉ်ကစိတ်မကောင်းခြင်းဖြစ်နေခြင်းပင်။

ထို့ကြောင့် ဝက်ပေါက်တွေရောင်းရသည့်ငွေဖြင့်တတ်စွမ်းသလောက်အလှူအတန်းပြုလုပ်နေလေ

တော့သည်။

ဤသို့ဖြင့်ခုနှစ်လခန့်ကြာမြင့်လာခဲ့ရာမိညှက်သည်ဒုတိယသုတ်အဖြစ်သားပေါက်ပြန်လေသည်။

ဒီတစ်ခါတော့ဆယ်ကောင်ဖြစ်သည်။

သို့သော်သားပေါက်ပြီးသုံးရက်ခန့်အကြာ၌ဝက်ပေါက်ကလေးတစ်ကောင်သည်မိညှက်၏ကိုယ်လုံးဖြင့်

ဖိမိပြီးသေလေတော့သည်။

ထိုအခါဒေါ်နုရီက မိညှက်ကိုအစာကျွေးရင်းပြောလိုက်သည်။

“မိညှက်ရေ.ဒီတစ်ခါတော့နင်သားထိန်းတာညံ့သွားပြီ.ပထမအသုတ်တုန်းကလို.ကလေးတွေကိုလည်း

ဂရုမစိုက်တော့ဘူး။ဒီလကုန်ရင်.ကလေးတွေရောနင့်ကိုပါငါရောင်းပစ်တော့မှာ”

ယင်းသို့ပြောပြီးနောက်ဝက်စာပုံးကိုယူကာခြံထဲမှပြန်ထွက်သွားလေသည်။

‘ဒေါက်ဒေါက်’

တံခါးခေါက်သံကြောင့်ဒေါ်နုယဉ်လည်းအိပ်ပျော်နေရာမှနိုးလာခဲ့သည်။

“ဟဲ့.ဘယ်သူလဲ “”ကျွန်မလှရီပါ.မနုယဉ်”

“ဟဲ့.တစ်နာရီပဲထိုးနေပြီ.ဘာကိစ္စလဲ”

“ကျွန်မအရေးကြီးတဲ့ကိစ္စပြောစရာရှိလို့ပါ”

“အေးအေး.ခဏနေဦး ”

ဒေါ်နုယဉ်တံခါးကိုဖွင့်ပေးလိုက်သည်။

ပြီးနောက် ဒေါ်လှရီကိုမြင်တော့စိတ်ထဲဇဝေဇဝါဖြစ်သွားသည်။

‘ဟင်.မလှရီကကွယ်လွန်သွားပါပြီ.ဘယ်လိုလုပ်ရောက်လာတာပါလိမ့်”

ယင်းသို့တွေးနေခိုက်တွင်ဒေါ်လှရီက

“အစ်မ.ကျွန်မကိုတော့မရောင်းလိုက်ပါနဲ့နော်.ကျွန်မကအစ်မတို့ကိုအကြွေးလာဆပ်နေတာပါ”

ထိုစကားကြောင့်ဒေါ်နုယဉ်မျက်မှောင်ကြုတ်သွားမိသည်။

“ဟင်.မလှရီကကျွန်မကိုဘယ်မှာအကြွေးဆပ်နေလို့တုံး”

ယင်းသို့မေးတော့ဒေါ်လှရီက

“အစ်မအိမ်မှာမွေးထားတဲ့မိညှက်ဆိုတဲ့ဝက်မလေ.အဲဒါကျွန်မပါပဲအစ်မရယ်””ဟင်”

ဒေါ်နုယဉ်အံ့အားသင့်သွားသည်။

ပြီးနောက် မယုံနိုင်စွာဖြင့်ထပ်မေးသည်။

“ဟုတ်လို့လား မလှရီရယ်”

“ဟုတ်ပါတယ်အစ်မ…လူ့ဘဝတုန်းကအစ်မဆီကချေးထားတဲ့ငွေတွေကိုပြန်မဆပ်လိုက်ရဘဲဆုံးသွား

တဲ့အတွက်ကြောင့်အခုဝက်ဘဝနဲ့အစ်မဆီမှာအကြွေးလာဆပ်နေရတာပါ၊တကယ်လို့အစ်မကသာ

ကျွန်မကိုရောင်းပစ်မယ်ဆိုရင်အကြွေးမကျေသေးတဲ့အတွက်ကြောင့်အခြားဘဝတစ်မျိုးနဲ့လာဆပ်ရဦး

မှာပါ။အဲဒီဒုက္ခတွေကိုကျွန်မမခံချင်တော့ပါဘူး။ဒါကြောင့်ကြုံတဲ့အခိုက်လေးမှာအစ်မရဲ့အကြွေးကို

တစ်ခါတည်းကျေအောင်ဆပ်သွားပါရစေ။ကျွန်မကိုမရောင်းလိုက်ပါနဲ့”

ဒေါ်လှရီကမျက်နှာညှိုးနွမ်းစွာဖြင့်တောင်းပန်လေတော့ဒေါ်နုယဉ်လည်းစိတ်မကောင်းစွာဖြင့်

သက်ပြင်းချမိလေသည်။

ပြီးနောက်

“အေးပါဟယ်.ငါမရောင်းပါဘူး။နေ့လည်တုန်းကပြောမိတာကလည်းငါစိတ်တိုပြီးအမှတ်တမဲ့ပြော

လိုက်မိတာပါ။စိတ်ချပါ။ငါမရောင်းပါဘူး”

“ဟုတ်ကဲ့၊ ကျေးဇူးပါ အစ်မရယ်’

ဒေါ်လှရီအိမ်ပေါ်မှဆင်းသွားသည်။

ယင်းအခိုက်မှာပင်ဒေါ်နုယဉ်လည်းအိပ်ပျော်နေရာမှဖျတ်ခနဲလန့်နိုးလာခဲ့သည်။

ပြီးနောက် သူမ.မက်ခဲ့သည်အိ့ပ်မက်ကိုပြန်တွေးပြီး.ဒေါ်လှရီအတွက်အလွန်အမင်စိးတ်မကောင်းဖြစ်မိ

လေတော့သည်။

မနက်ရောက်တော့ဒေါ်နုယဉ်သည်ညတုန်းကအိပ်မက်အား.သီသီစိုးပြန်ပြောပြလိုက်သည်။

ထိုအခါသီသီစိုးလည်းပါးစပ်အဟောင်းသားဖြင့်နားထောင်ရင်းသက်ပြင်းချလေသည်။

“လူ့ဘဝကယူထားတဲ့အကြွေးကိဝုက်ဘဝနဲ့ပြန်လာဆပ်ရတယ်လို့.ကြားရတာစိတ်မချမ်းသာလိုက်

တာအမေရယ်”

“ဘယ်တတ်နိုင်မလဲသမီးရယ်။သု့ကံနဲူ့သူဖြစ်လာတာကိုး။ဒီတော့အမေတို့လုပ်ပေးနိုင်တာကတော့သူ့

ကိုအရင်ကထက်ပိုပြီးဂရုတစိုက်နဲ့ကျွေးမွေးစောင့်ရှောက်ဖို့ပဲမဟုတ်လား-”

ယင်းသို့ဆိုပြီးနောက် ဒေါ်နုယဉ်သည်ဆွဲခြင်းနှင့်ပိုက်ဆံအိတ်ကိုယူပြီး.စျေးဝယ်ရန်အတွက်အိမ်ပေါ်မှ

ဆင်းလာခဲ့လေသည်။
ည။

နှင်းစက်တို့သ ည်ခေါင်မိုးပေါ်သို့တဖျောက်ဖျောက်နှင့်ကျလျက်ရှိနေသည်။

ခါတိုင်းရက်တွေထက်ပိုမိုချမ်းစိမ့်သည့်ညဖြစ်သည်မို့ဒေါ်နုယဉ်နှင့်သီသီစိုးသည်ခပ်စောစောပင်

အိပ်ရာဝင်ဖြစ်ကြလေသည်။

“ဒေါက်ဒေါက်”

နှစ်ယောက်သားနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြခိုက်တံခါးခေါက်သံသည်နားထဲသို့တိုးဝင်လာသော

ကြောင့့်အလွန်အအိပ်ဆတ်သည့်ဒေါ်နုယဉ်၏မျက်လုံးအစုံလည်းဖျတ်ခနဲပွင့်လာသည်။

“ဟဲ့.ဘယ်သူလဲ ”

“ကျွန်..ကျွန်မလှရီပါ ”

“ဟုတ်လား.ခဏစောင့်မလှရီ”

ဒေါ်နုယဉ်လည်းအိပ်ရာမှထပြီးတံခါးဖွင့်ပေးလိုက်လေရာအပေါက်ဝတွင်ရပ်နေသည့်ဒေါ်လှရီကိုတွေ့ရ

လေသည်။

“မလှရီ.ဘာပြောချင်လို့တုံး”

“ကျွန်မ.ကလေးတွေကြောင့်အခုထိမအိပ်ရသေးပါဘူး။ကလေးတွေကမတ်တတ်ရပ်ရင်းနို့စို့နေကြလို့

ကျွန်မမှာသူတို့လေးတွေပိမှာစိုးရိမ်လို့ဒီအတိုင်းပဲမတ်တတ်ရပ်နေရာပါတယ်။ဒါကြောင့်အောက်ကို

ဆင်းပြီးကူညီပေးပါဦးအစ်မရယ်”

“သြော်.အေးအေး.ငါလာပြီးကူညီပေးပါမယ်”

ယင်းသို့ပြောပြီးခိုက်မှာပင်ဒေါ်နုယဉ်သည်အိပ်ပျော်နေရာမှလန့်နိုးလားခဲ့သည်။

ထို့နောက်

“သြော်.မလှရီ မှာ.ကလေးတွေကြောင့်အိပ်မရတာကိုအိပ်မက်လာပေးရှာတာပဲ”

ယင်းသို့တွေးပြီးနောက်.ဒေါ်နုယဉ်သည်လက်နှိပ်ဓာတ်မီးတစ်လက်ယူပြီးတံခါးကိုဖွင့်လိုက်သည်။

ပြီးနောက်အိမ်အောက်ရှိဝက်ခြံထဲသို့ဓာတ်မီးဖြင့်ထိုးကြည့်လိုက်ရာမတ်တပ်ရပ်ရင်းကလေးတွေကို

နို့တိုက်နေရသည့်မိညှက်ကိုတွေ့လေသည်။

ထို့နောက် ဒေါ်နုယဉ်လည်းဝက်ြံခထဲသို့ဝင်ပြီးဝက်ကလေးတွေကိုဖယ်ပေးလိုက်သည်။

ဒီတော့မှမိညှက်လည်းမြေကြီးပေါ်လှဲချပြီးကောင်းစွာအိပ်စက်နိုင်လေတော့သည်။

ဒေါ်နုယဉ်လည်းဝက်ပေါက်ကလေးတွေကိုမိညှက်အနားသို့ပြန်ရွေ့ပေးပြီးအိမ်ပေါ်သို့ပြန်တက်လာခဲ့

သည်။

ထို့နောက် မနက်မိုးလင်းသည့်အချိန်ထိမိညှက်သည်အိပ်မက်ထဲသို့ဝင်မလာပါတော့ချေ။

ဤသို့ဖြင့်ခြောက်နှစ်ခန့်ကြာလာခဲ့သည်။

ယင်းသို့ကြာလာသည်နှင့်အမျှမိညှက်သည်လည်းတဖြည်းဖြည်းအိုမင်းလာပြီးမကြာခဏဆိုသလို

အဖျားဝင်လေတော့သည်။

သာမန်အားဖြင့်ဆိုလျှင်ဤကဲ့သို့အိုမင်းဖျားနာသည့်ဝက်မျိုးကိုမည်သူမှဒုက္ခခံပြီးကျွေးမွေးစောင့်

ရှောက်ခြင်းမပြုတော့ဘဲဝက်ပေါ်သည့်လူဆီကိုသာရောင်းပစ်တတ်ကြသည်။

သို့သော်ဒေါ်နုယဉ်နှင့်သီသီစိုးသည်မိညှက်ကိုဤသို့မပြုရက်ပါချေ။

ထို့အပြင်မိညှက်ကိုဆေးကုရန်အတွက်တိရိစ္ဆာန်ဆေးကုဆရာဝန်အားသွားပင့်လေသည်။

ထိုအခါဆရာဝန်ကလည်းမနက်ဖြန်လာပါမည်ဟုပြောပြီးပန်လွှတ်လိုက်သည်။

ဤသို့ဖြင့်ညအချိန်ရောက်လာခဲ့သ ည်။

ဒေါ်နုယဉ်သည်သီသီစိးနှုင့်အတူအိပ်ပျော်နေခိုက်တွင်အိပ်ခန်းထဲသို့အမျိုးသမီးကြီးတစ်ဦးရောက်လာ

လေသည်။

ထိုအမျိုးသမီးကြီးသည်ဒေါ်လှရီဖြစ်နေသည်။

ထိုအခါဒေါ်နုယဉ်က

“မလှရီ. အသံလည်းမပေး.ဘာမပေးနဲ့.ပြောပါဦး.ဘာကိစ္စ”

ယ်းသို့မေးတော့ဒေါ်လှရီက

“အစ်မ.ကျွန်မလူ့ဘဝတုန်းကယူထားမိတဲ့အကြွေးကိုအခုဝက်ဘဝနဲ့ပြန်လာဆပ်တာကျေလောက်ပါပြီ

နော်”

ထိုအမေးကြောင့်ဒေါ်နုယဉ်လည်းအလွန်စိတ်မကောင်းဖြစ်သွားရလေသည်။

“သြော်.ကျေပါပြီမလှရီရယ်။ကျေတဲ့အပြင်ပိုတောင်ပိုနေပါသေးတယ်”

“ဒါဆိုကျွန်မကိုခွင့်ပြုပါတော့နော်။ကျွန်မသွားတော့မယ်”

“ဟင်.မလှရီကဘယ်ကိုသွားမှာမို့တုံး”

“နောက်ဘဝတစ်ခုကိုပါ။ကောင်းလားဆိုးလားတော့ကျွန်မလည်းမပြောတတ်သေးပါဘူး”

ပြောပြီးသည့်နောက်ဒေါ်လှရီ.အိပ်ခန်း ထဲမှထွက်သွားသည်။

ဒေါ်နုယဉ်လည်းဒေါ်လှရီ၏ကျောပြင်ကိုသာကြည့်ရင်းကျန်ခဲ့လေသည်။

“အမေ.အမေ”

ရုတ်တရက် အတင်းလှုပ်နှိုးခံရသောကြောင့်ဒေါ်နုယဉ်လည်းအိပ်ပျော်နေရာမှလန့်နိုးလာခဲ့သည်။

“သမီး..ဘာဖြစ်လို့တုံး”

ယင်းသို့မေးရင်းဖြင့်ဒေါ်နုယဉ်သည်နေမြင့်နေပြီကိုသတိပြုမိလေသည်။

ထို့ကြောင့် အိပ်ရာမှ.ကမန်းကတန်းထခိုက်တွင်.သီသီစိုးက

“အမေ.မိညှက်တော့သေသွားပြီ”
“ဟင်”

ဒေါ်နုယဉ်အံ့အားသင့်ပြီးမျက်လုံးပါပြူးသွားသည်။

“ဟဲ့.ဟုတ္လို့လား “”ဟုတ်တယ်အမေရဲ့.မနက်ကသမီးအစာကျွေးဖို့ခြံထဲဝင်လိုက်တော့သူကသေနပြီ”

“သြော်”ဒေါ်နုယဉ်ဆက်မပြောတော့ချေ။ညတုန်းကမက်ခဲ့သည့်အိပ်မက်ကိုပြန်လည်သတိရမိလိုက်

သောကြောင့်ဖြစ်သည်။

ထို့နောက်

“ကဲကဲ. သမီ။မိညှက်ကိုမြေမြုပ်ဖို့စီစဉ်ရအောင်”ဟုသာပြောလိုက်လေတော့သည်။

မနက်အချိန်ခါဖြစ်သည်မို့ဈေးထဲတွင်ကြက်ပျံမကျစည်ကားလျက်ရှိနေသည်။

ဒေါ်နုယဉ်လည်းလိုအပ်တာတွေဝယ်ပြီးပြီမို့ဆွဲခြင်းကိုဆွဲကာဈေးထဲမှပြန်ထွက်မည်ပြုစဉ်

“ဟဲ့.ဈေးဦးတောင်မပေါက်သေးဘူး။ဘယ့်နှယ့်အကြွေးလာယူနေရတာတုံး”

ထိုစကားသံကြောင့်ဒေါ်နုယဉ်၏ခြေလှမ်းတွေတုန့်ခနဲရပ်သွားပြီးအသံလာရာဘက်သို့လှည့်ကြည့်

လိုက်ရာကြက်ဥသည်နှင့်ဈေးဝယ်သူတို့စကားပြောနေသည်ကိုတွေ့လိုက်ရလေသည်။

ဈေးဝယ်သူက

“အစ်မရယ်.ဝယ်နေကျဖောက်သည်တွေပဲဥစ္စာ။ခါတိုင်းဈေးဝယ်ရင်ကျွန်တော်ပိုက်ဆံကိုလုံလုံလောက်

လောက်ထည့်လာတာပဲ။ဒီနေ့ကျမှဝယ်တာများသွားလို့ကြက်ဥဝယ်ဖို့မကျန်ဘဲဖြစ်သွားတာပါ။

မနက်ဖြန်ဒီကိုလာရင်ပေးပါ့မယ်ဗျာ”

ဒေါ်နုယဉ်ဆက်လက်နားမထောင်ဖြစ်တော့ဘဲလှည့်ထွက်လာခဲ့သည်။

ပြီး..ဈေးဝယ်သူပြောသည့်’.မနက်ဖြန် ဒီကိုလာလျှင်ပေးပါမည်’ဆိုသည့်စကားကလည်းစိတ်ထဲတွင်စွဲ

ထင်နေလျက်ရှိသည်။

မနက်ဖြန်.. .လူတွေအများဆုံးသုံးသည့်စကားဖြစ်သည်။

မနက်ဖြန် လုပ်မည်။မနက်ဖြန်ပေးမည်။မနက်ဖြန်သုံးမည်စသည်စသည်ဖြ့်င့်…။

တကယ်တော့မနက်ဖြန်ဆိုတာယနေ့လောက်မသေချာချေ။

ယနေ့ဆိုတာကလည်းနောင်ဘဝနှင့်ကျောချင်းကပ်လျက်ရှိနေသည်။

ဤကဲ့သို့မရေရာလှသောလူ့ဘဝတွင်အကြွေးတွေဖြင့်သာလူတွေရှင်သန်ကြရသည်။

အကြွေး တွေဖြင့်သာဘဝကိုနိဂုံးချုပ်ကြရသည်။

အချို့ လုပ်လက်စအလုပ်တွေတန်းလန်းကြီးဖြင့်ကွယ်လွန်သွားကြသည်။

အချို့ လည်းသူတစ်ပါးဆီမှယူထားသည့်အကြွေးကိုပြန်မဆပ်နိုင်မီကွယ်လွန်သွားကြသည်။

ဒီတော့ တမလွန် ဘဝ၌မဖြစ်ဖြစ်သည့်နည်းဖြင့်ပြန်လာကာအကြွေးဆပ်ကြရသည်။

သို့့သော်ဒါတွေကလည်းအထူးအဆန်းမဟုတ်တော့ချေ။

အကျိုးတရားဖြစ်ဖို့အတွက်အကြောင်းတရားတွေရှိခဲ့ကြသည်မဟုတ်လား။

မည်သို့ပင်ဆိုစေ။ယူထားသည့်အကြွေးကိုဆပ်ဖို့မကြုံခဲ့လျှင်တောင်.ကြုံသည့်အချိန်တွင်ပြန်ဆပ်ရမှာ

တော့ဧကန်မုချဖြစ်ပါတေ့ာသည်။

ှ အားလုံးအေးချမ်းပါစေ.. ။

ဆရာဆွေ(တောင်တွင်း)

မှတ်ချက်။ ။၂၀၁၇တွင်ဤဝတ္ထုအား’လှိုင်ဦး’ကလောင်အမည်ဖြ့င်ဆဌမအာရုံမဂ္ဂဇင်းတွင်ဖော်ပြခံရ

ပြီးဖြစ်ပါသည်။

ယခုဆရာဆွေ(တောင်တွင်း)ကလောင်အမည်ကိုပြောင်းလဲအသုံးပြုပီးပြန်လည်ရေးသားတင်ပြခြင်း

ဖြစ်ပါသည်။

Credit