ၾကားသိရသမွ်

ဗိုလ်ချုပ် အသက် ၄ နှစ်သား အရွယ်က အဖြစ်အပျက်ကလေး တစ်ရပ်

တစ်နေ့တွင် တောမှ စပါးဝယ်သူများရောက်လာ၍ မိခင်က “ကဲ… မင်းတို့ လိုချင်ရင်လည်း ယူသွားကြတာပေါ့။

ငါဝယ်တုန်းက (၆၀) စျေး ဝယ်ထားတာပဲ။ မင်းတို့လိုချင် (၅၀) စျေးထားပေါ့” ဟုပြောဆိုနေခိုက် အိမ်လှေကားနားတွင် ကစားနေသော အောင်ဆန်းလေးက မျက်စောင်းထိုး၍ “အစ်မ…ခင်ဗျား မဟုတ်တာတွေ ပြောရော့မယ်။

ဒီစပါး (၅၀) စျေးနဲ့ ဝယ်ယူထားတာဗျ။ ကျုပ်သိတယ်။ ဟုတ်တာပြောမှ ဥစ္စာပေါတယ်။ လိမ်ပြောတာ မကောင်းဘူး” ဟု ဝင်ရောက်ပြောလိုက် သဖြင့် အနီးရှိ လူများမှာ အံ့ဩရယ်မော ကြလေသည်။

ဧည့်သည်များ ပြန်သွားသောအခါ မိခင်က အနားခေါ်ပြီး ပေါင်တွင်းကြောကို လက်နှင့်လိမ်ဆွဲကာ “ဧည့်သည်တွေနဲ့ စကားပြောနေတုန်း.. လူကြီးတွေ ပြောနေတဲ့အထဲ မင်းဘာလို့ ဝင်ပြောရတာလဲ၊ နောက်မပြောနဲ့” ဟု ဆုံးမရာ “အစ်မ လိမ်ပြောတာကိုး” ဟု ဆ​င်ခြေကန်ခဲ့ဖူးလေသည်။

📚 ၁၉၅၁ ခု၊ နိုဝင်ဘာလထုတ် သခင်ကိုယ်တော်မှိုင်း တည်းဖြတ်သော “ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ” စာအုပ်မှ ကောက်နှုတ်သည်။

📸 ဓါတ်ပုံ – ဗိုလ်ချုပ် အောင်ဆန်း လန်ဒန်မြို့ရှိ အမှတ် (၁၀) ဒေါင်းနင်းလမ်းသို့ ဗြိတိသျှ ဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် ရောက်ရှိလာစဉ် (၁၉၄၇ ခု၊ ဇန်နဝါရီ ၁၃ ရက်)

တစ္ေန႔တြင္ ေတာမွ စပါးဝယ္သူမ်ားေရာက္လာ၍ မိခင္က “ကဲ… မင္းတို႔ လိုခ်င္ရင္လည္း ယူသြားၾကတာေပါ့။

ငါဝယ္တုန္းက (၆၀) ေစ်း ဝယ္ထားတာပဲ။ မင္းတို႔လိုခ်င္ (၅၀) ေစ်းထားေပါ့” ဟုေျပာဆိုေနခိုက္ အိမ္ေလွကားနားတြင္ ကစားေနေသာ ေအာင္ဆန္းေလးက မ်က္ေစာင္းထိုး၍ “အစ္မ…ခင္ဗ်ား မဟုတ္တာေတြ ေျပာေရာ့မယ္။

ဒီစပါး (၅၀) ေစ်းနဲ႔ ဝယ္ယူထားတာဗ်။ က်ဳပ္သိတယ္။ ဟုတ္တာေျပာမွ ဥစၥာေပါတယ္။ လိမ္ေျပာတာ မေကာင္းဘူး” ဟု ဝင္ေရာက္ေျပာလိုက္ သျဖင့္ အနီးရွိ လူမ်ားမွာ အံ့ဩရယ္ေမာ ၾကေလသည္။

ဧည့္သည္မ်ား ျပန္သြားေသာအခါ မိခင္က အနားေခၚၿပီး ေပါင္တြင္းေၾကာကို လက္ႏွင့္လိမ္ဆြဲကာ “ဧည့္သည္ေတြနဲ႔ စကားေျပာေနတုန္း.. လူႀကီးေတြ ေျပာေနတဲ့အထဲ မင္းဘာလို႔ ဝင္ေျပာရတာလဲ၊ ေနာက္မေျပာနဲ႔” ဟု ဆုံးမရာ “အစ္မ လိမ္ေျပာတာကိုး” ဟု ဆ​င္ေျခကန္ခဲ့ဖူးေလသည္။

📚 ၁၉၅၁ ခု၊ ႏိုဝင္ဘာလထုတ္ သခင္ကိုယ္ေတာ္မႈိင္း တည္းျဖတ္ေသာ “ဗိုလ္ခ်ဳပ္ ေအာင္ဆန္း အတၳဳပၸတၱိ” စာအုပ္မွ ေကာက္ႏႈတ္သည္။

📸 ဓါတ္ပုံ – ဗိုလ္ခ်ဳပ္ ေအာင္ဆန္း လန္ဒန္ၿမိဳ႕ရွိ အမွတ္ (၁၀) ေဒါင္းနင္းလမ္းသို႔ ၿဗိတိသွ် ဝန္ႀကီးခ်ဳပ္ႏွင့္ ေတြ႕ဆုံရန္ ေရာက္ရွိလာစဥ္ (၁၉၄၇ ခု၊ ဇန္နဝါရီ ၁၃ ရက္)