အခ်စ္ေရး

မိန်းမတွေက ချစ်ပြီးဆိုရင် ယောက်ျားကို ဘုရင်လိုထားချင်ကြတာပါ

လောကမှာ တန်းဖိုးနားလည်တဲ့ သူတွေက အနားရှိနေတုန်းမှာ ဂရုစိုက်မြတ်နိုးကြတယ် တန်းဖိုးကိုနားမလည်းတဲ့ သူတွေက ဝေးသွားမှ နောင်တ ပိုက်ပြီး သတိရကြတယ်

ချစ်မိလို့ နာကျင် ရတာချင်းအတူတူ တစ်ကယ်ချစ်တဲ့ သူက ပိုပြီးနာကျင်ရတယ်လေ ပိုပြီးတော့လည်း ခံစားရတယ် တစ်ချို့သော ခင်မင်မှုက အပေါ်ယံ သက်သက် မဟုတ်ပါဘူး ခင်မင်မှုတွေမှာ ယုံကြည့်ခြင်းကိုပါ အပ်နှံ ထားတာပါ

လူတစ်ယောက်ရဲ့ ခင်မင်မှု ကိုအလေးထားပါ ယုံကြည့်ခြင်းကို တန်းဖိုးထားပါ အနေဝေးတဲ့ ချစ်သူတိုင်းလဲ သစ္စာ တရားမပျက်ကြသလို အနေနီးကြတဲ့ ချစ်သူတိုင်းလဲ သစ္စာ တရားမခိုင်မြဲကြပါဘူး

အချစ်ဆိုတာ နီးတာဝေးတာ အဓိက မကျသလို့ တစ်ယောက်ကို တစ်ယောက် သစ္စာ ရှိရှိချစ်နေဖို့ပဲလိုအပ်ပါတယ် ဝင်လာပါလိုလဲ ဘယ်သူကိုမှ မခေါ်သလို ထွက်သွားပါဆိုပြီးတော့လည်း ဘယ်သူကမှ

မနှင်ပါဘူး ကိုယ့်ဆီကို စစ်မှန်တဲ့ မေတ္တာ နဲ့ဝင်လာခဲ့ရင်တော့ ဆီးကြို့ဖိုအဆင်သင့်ပါပဲ မိန်းကလေး တွေ ဆိုတာက မိန်းမ တွေက ချစ်ပြီးဆိုရင် ယောက်ျား တွေကိုဘုရင်လိုထားချင်ကြတာပါ ခက်တာက ယောက်ျား တွေက ဘုရင်စိတ်ပေါက်ပြီး မိန်းမ ၊ ချစ်သူအများကြီး ယူချင်၊ထားချင်ကြတာ လေ

ဒါကြောင့် ဘယ်အရာမဆို တန်းဖိုးထားကျပါ အလေအနက်ထားကျပါ အနားမှာရှိနေခိုက် တန်းဖိုးထာ ကျပါ

ခရက်ဒစ် – မေတ္တာ ဖြင့်မျှဝေလိုက်ပါတယ် La min cho






