ၾကားသိရသမွ်
အင်းစိန်ထောင် မှာရှိတဲ့ အနုပညာရှင် တွေ အားလုံးရဲ့ အခုလက်ရှိ အခြေအနေများ
ပရိတ်သတ်တွေ အကုန် စိုးရိမ် စိတ်ပူနေကျလို့ ကျနော် သိသမျှ အကြောင်း အားလုံး သိရအောင်လို့ တင်ပေးလိုက်ပါတယ်
အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ အနုပညာရှင်များ ဘယ်ကိုရောက်ရှိနေတယ်ဆိုတာကို
Delta News Agencyက စုံစမ်းသိရှိရသမျှကို တင်ပြလိုက်ပါတယ်။
သရုပ်ဆောင်ပြေတီဦးဟာ အင်းစိန်သီးသန့်ထောင် အဆောင် ၂ အခန်း၆ မှာ ရောက်ရှိနေပြီး
သုံးရက်လောက် ရှိပြီဖြစ်တယ်လို့ဆိုပါတယ်။
သရုပ်ဆောင် ရဲတိုက်တို့ ပိုင်တံခွန် တို့နဲ့ အတူတူထားရှိထားတာလို့ သိရပါတယ်။
သရုပ်ဆောင်လူမင်း နိုင်ငံရေးပညာရှင် ဦးမြအေး တို့ကို တော့ အင်းစိန် ထောင်မကြီးရဲ့ အဆောင် ၂မှာထားထားတယ်လို့ ဆိုပါတယ်။
သရုပ်ဆောင် အိန္ဒြာကျော်ဇင် ၊မေတိုးခိုင် ၊အဆိုတော် ပိုပို ၊
beauty blogger ၀င်းမင်းသန်း တို့ကိုတော့ အမျိုးသမီးစာသင်ဆောင်မှာထား ရှိထားတယ်လို့ ထောင်တာ၀န်ရှိသူတွေ ဆီကနေ သိရှိရပါတယ်။
ထပ်ပြီး သိလာသမျှ အနုပညာရှင်တွေအကြောင်း တင်ပေးမှာ မလို့ page ကို like နဲ့ follow ထားဖို့ မမေ့ပါနဲ့ ဦးနော်
အခုလိုဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်တစ်ယောက်ခြင်းစီတိုင်း
ကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ c r d
———————-