ဇနီးသည္မီးမီးခဲ ကြယ္လြန္ျခင္း (၁)ႏွစ္ျပည့္ေန႔ရက္ေလးမွာ ေအာက္ေမ့ဖြယ္အစီအစဥ္ေလးျပဳလုပ္ကာ လြမ္းဆြတ္သတိရေနဆဲ ခင္ပြန္းျဖစ္သူ Brice
အခ်စ္သီခ်င္းေလးေတြနဲ႔ ပရိသတ္ေတြရဲ႕အခ်စ္ေတြကိုသိမ္းပိုင္ထားႏိုင္ခဲ့တဲ့သူတစ္ေယာက္ရွိပါတယ္။သူမကေတာ့ ကြယ္လြန္သြားၿပီျဖစ္တဲ့ ေတးသံရွင္မီးမီးခဲပဲျဖစ္ပါတယ္။လူႀကီးလူငယ္မေ႐ြး သူရဲ႕သီခ်င္းသံစဥ္ေလးေတြက ယေန႔ထိတိုင္ သက္ဝင္လႈပ္ရွားေနတုန္းျဖစ္ပါတယ္။
ေနာက္ဆုံးကြယ္လြန္တဲ့အခ်ိန္ထိ ပရိသတ္ေတြအေပၚထားတဲ့ ျဖဴစင္တဲ့ ေမတၱာေစတနာေတြေၾကာင့္ ယေန႔တိုင္ ေမ့မရပဲ ခ်စ္ေနၾကတုန္းျဖစ္ပါတယ္။ေနာက္ဆုံးအခ်ိန္ေလးမတိုင္ခင္အထိ သူဟာ ေပ်ာ္႐ႊင္စရာေကာင္းတဲ့မိသားစုဘဝေလးကိုပိုင္ဆိုင္ခဲ့တာပါတယ္။သူမဟာ ကင္ဆာေရာဂါကိုအခ်ိန္ေတာ္ၾကာခံစားရခဲ့ေပမယ့္ ေနာက္ဆုံးမွာ နာက်င္ခံစားမႈနည္းစြာနဲ႔ပဲသူခ်စ္တဲ့သူေတြကိုႏႈတ္ဆက္ထြက္ခြာသြားခဲ့ရတာပါ။

လာမယ့္ ၁၆ရက္ေန႔မွာေတာ့ ေတးသံရွင္မီးမီးခဲကြယ္လြန္တာ ၁ ႏွစ္ျပည့္ခဲ့ၿပီျဖစ္ပါတယ္။သူ႔ရဲ႕တစ္ႏွစ္ျပည့္ေလးမွာေတာ့ သူ႔ခ်စ္ခင္ပြန္းကေနၿပီးေတာ့အစီစဥ္ေလးတစ္ခုျပဳလုပ္ထားၿပီး အားလုံးပါဝင္ႏိုင္ဖို႔ လူမႈကြန္ရက္ကေနဖိတ္ေခၚလိုက္ပါတယ္။”ကြၽန္ေတာ့္ဇနီးရဲ႕ တစ္ႏွစ္ျပည့္ေအာက္ေမ့သတိရျခင္းေန႔အတြက္
သီခ်င္းေလးေတြျပင္ဆင္ထားတာရွိပါတယ္။ တစ္ရက္ပဲ ျပသသြားမွာျဖစ္တဲ့အတြက္ ထိုေန႔ညမွာ ကြၽန္ေတာ္နဲ႔အတူ အားလုံးပါဝင္ဖို႔အတြက္ ဖိတ္ေခၚပါတယ္”ဆိုၿပီးေရးသားထားတာပါ။မီးမီးခဲကိုယေန႔ခ်ိန္ထိ ခ်စ္ေပးေနၾကတဲ့ပရိသတ္ႀကီးလည္း ၁ ႏွစ္ျပည့္အထိမ္းအမွတ္ေလးမွာ သူ႔ရဲ႕သီခ်င္းေလးေတြနဲ႔အတူ ပါဝင္ၾကဖို႔ဖိတ္ေခၚလိုက္ရပါတယ္။
crd
Unicode
ဇနီးသည်မီးမီးခဲ ကွယ်လွန်ခြင်း (၁)နှစ်ပြည့်နေ့ရက်လေးမှာ အောက်မေ့ဖွယ်အစီအစဉ်လေးပြုလုပ်ကာ လွမ်းဆွတ်သတိရနေဆဲ ခင်ပွန်းဖြစ်သူ Brice
အချစ်သီချင်းလေးတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုင်ထားနိုင်ခဲ့တဲ့သူတစ်ယောက်ရှိပါတယ်။သူမကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ တေးသံရှင်မီးမီးခဲပဲဖြစ်ပါတယ်။လူကြီးလူငယ်မရွေး သူရဲ့သီချင်းသံစဉ်လေးတွေက ယနေ့ထိတိုင် သက်ဝင်လှုပ်ရှားနေတုန်းဖြစ်ပါတယ်။

နောက်ဆုံးကွယ်လွန်တဲ့အချိန်ထိ ပရိသတ်တွေအပေါ်ထားတဲ့ ဖြူစင်တဲ့ မေတ္တာစေတနာတွေကြောင့် ယနေ့တိုင် မေ့မရပဲ ချစ်နေကြတုန်းဖြစ်ပါတယ်။နောက်ဆုံးအချိန်လေးမတိုင်ခင်အထိ သူဟာ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ခဲ့တာပါတယ်။သူမဟာ ကင်ဆာရောဂါကိုအချိန်တော်ကြာခံစားရခဲ့ပေမယ့် နောက်ဆုံးမှာ နာကျင်ခံစားမှုနည်းစွာနဲ့ပဲသူချစ်တဲ့သူတွေကိုနှုတ်ဆက်ထွက်ခွာသွားခဲ့ရတာပါ။
လာမယ့် ၁၆ရက်နေ့မှာတော့ တေးသံရှင်မီးမီးခဲကွယ်လွန်တာ ၁ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။သူ့ရဲ့တစ်နှစ်ပြည့်လေးမှာတော့ သူ့ချစ်ခင်ပွန်းကနေပြီးတော့အစီစဉ်လေးတစ်ခုပြုလုပ်ထားပြီး အားလုံးပါဝင်နိုင်ဖို့ လူမှုကွန်ရက်ကနေဖိတ်ခေါ်လိုက်ပါတယ်။”ကျွန်တော့်ဇနီးရဲ့ တစ်နှစ်ပြည့်အောက်မေ့သတိရခြင်းနေ့အတွက်

သီချင်းလေးတွေပြင်ဆင်ထားတာရှိပါတယ်။ တစ်ရက်ပဲ ပြသသွားမှာဖြစ်တဲ့အတွက် ထိုနေ့ညမှာ ကျွန်တော်နဲ့အတူ အားလုံးပါဝင်ဖို့အတွက် ဖိတ်ခေါ်ပါတယ်”ဆိုပြီးရေးသားထားတာပါ။မီးမီးခဲကိုယနေ့ချိန်ထိ ချစ်ပေးနေကြတဲ့ပရိသတ်ကြီးလည်း ၁ နှစ်ပြည့်အထိမ်းအမှတ်လေးမှာ သူ့ရဲ့သီချင်းလေးတွေနဲ့အတူ ပါဝင်ကြဖို့ဖိတ်ခေါ်လိုက်ရပါတယ်။
crd



