ညီမလေးရေ….ကိုကြီး အရင်ဆုံးပြောချင်တာကဒီလို ဗဟုသုတ ရမယ့် စာတွေကိုဖတ်နေတဲ့ညီမလေးဟာ ဘဝမှာ အောင်မြင်ချင်တဲ့မိန်းကလေး တစ်ယောက် ၊ တန်ဖိုးရှိတဲ့မိန်းမကောင်း တစ်ယောက် ဆိုတာပါပဲ
ဘဝမှာ ရုပ်လှဖို့ထက် စိတ်လှဖို့လိုတယ်ဆိုတာ ညီမလေး သိမှာပါအမှန်တိုင်း ဝန်ခံရရင် ကိုယ်တို့ ယောင်္ကျားတွေဟာ အလှကို မက်ကြပါတယ်အဲလိုဖြစ်တာကလည်း ယောင်္ကျားတို့ရဲ့တဏှာကြောင့်ပါsexyအရမ်းကျတဲ့ မိန်းမတစ်ယောက်ကို တို့ယောင်္ကျားတွေ ငမ်းတတ်ပေမယ့်မိန်းမပီသပြီး ယုံကြည်မှု အပြည့်နဲ့ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးကိုပဲ လက်တွဲဖော် အဖြစ် ရွေးတတ်ကြပါတယ်ဒါ့ကြောင့်…ညီမလေးရဲ့ ရုပ်ရည် အတွက် မှန်ရှေ့မှာအချိန်ကုန်ခံမနေပါနဲ့ညီမလေးက အောင်မြင်မယ့်သူ တစ်ယောက်ဆိုတာ မမေ့ပါနဲ့
လောကမှာ ရုပ်ရည် လှပမှုဟာခဏတာပါ ညီမလေးရဲ့ ကြိုးစားမှုကတာညီမလေးရဲ့ ဘဝအတွက် အရေးကြီးဆုံးပါအဲ့တော့ ညီမလေးကို မလှဘူးလို့လှောင်ပြောင်နေတဲ့သူရှိရင် ခွင့်လွှတ်လိုက်ပါ။အချစ်ဆိုတဲ့ အရာအတွက်စိတ်အား ငယ်မနေပါနဲ့ဘယ်ယောင်္ကျား ကိုမှ အားမကိုးဘဲအောင်မြင်နေတဲ့ မိန်းမတွေ အများကြီးပါပဲ
ကောင်လေးတစ်ယောက် အတွက်ဝမ်းနည်းစွာ ခံစားဖူးလားအခုကော ခံစားနေရတုန်းလားခံစားနေရတာတွေကို အခုရပ်လို့တော့အတင်းကြီး မတိုက်တွန်းလိုပါဘူးဒါပေမယ့် ကိုယ်နဲ့ မတန်လို့ ကိုယ့်ဘဝထဲကထွက်သွားကြတယ်လို့ပဲ သဘောထားလိုက်ပါ။ကိုယ်က ချစ်ရတဲ့သူထက်ကိုယ့်ကို ချစ်တဲ့သူကို ပိုပြီး အလေးထားပါကိုယ့်ကို မချစ်တဲ့သူတစ်ယောက်ကို
လိုက်ကပ်နေရတာ ပင်ပန်းပါတယ်ကြာရင် ကိုယ့်ကို တကယ်ချစ် တကယ်မြတ်နိုးတဲ့ သူတွေကို ဆုံးရှူံးသွားနိုင်လို့ပါ
ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင်စာဖတ်ပါ စာကြီးပေကြီးတွေ မဖတ်နိုင်ရင်တောင်အခုလို စာတိုပေစ လေးတွေကိုဖတ်ပေးတာဟာ ဘာမှ မဖတ်တဲ့သူနဲ့စာရင် အများကြီးသာပါသေးတယ်စာအုပ်စာပေ ဖတ်ခြင်းဟာကိုယ့်ကိုယုံကြည်မှုရှိစေပြီး အရမ်းကြည့်ကောင်းတဲ့ သူတစ်ယောက်ဖြစ်စေပါလိမ့်မယ်နောက်ဆုံးမှာချင်တာကတော့ဒီစာကို ဆုံးအောင်ဖတ်နေတဲ့ ညီမလေးဟာလောကမှာ အောင်မြင်ချင်တဲ့ သူဆိုတာသေချာပါတယ်လူတိုင်းက စာတစ်ပုဒ်ကို ပြီးအောင်မဖတ်နိုင်ကြပါဘူးဒါပေမယ့် ညီမလေးဟာ အခုဖတ်နိုင်ပြီလေဒါဟာ အောင်မြင်ချင်တဲ့ သူတစ်ယောက်ရဲ့လမ်းစ တစ်ခုပေါ့
ဒီစာကို ဖတ်ပြီး ညီမလေးမှာဝေဖန်အကြံပေးချင်စိတ်၊ တစ်ခုခုပြောစရာများရှိခဲ့ရင် commentမှာရေးသားခဲ့ပါ အရင်ကလည်းတင်ပေးဖူးပါတယ်ဖတ်ပြီးသားသူတွေလည်း ပြန်ဖတ်ပေးတာကျေးဇူးပါ။Ctedit – လေးစားစွာဖြင့် ကိုရဲ