သင့်ကို အသက်နဲ့အမျှချစ်တဲ့ သူဆိုတာ ဒီလိုလက္ခဏာ (၅) မျိုး ရှိကိုရှိပါတယ်
အချစ်ဆိုတာ နှလုံးသားချင်း ဆက်နွယ်နေမှ ဖြစ်ပေါ်လာတဲ့ အရာ အချစ်ကံကောင်းတဲ့ မိန်းကလေးတွေကတော့ ဒီလိုယောကျာ်းမျိုးကို ပိုင်ဆိုင် ထားရမှာပါနော်။
ယခုသင်ရော ပိုင်ဆိုင် ထားရပြီး လား။ ပိုင်ဆိုင် ထားရပြီးဆို အရင်ကထက် ပိုလိမ္မာပါတော့နော်
၁။ သင့်ကို နားလည်မှု အပြည့်ပေး ထားတယ်
သင့်ကို ဘယ်လောက်တောင် ချစ်တယ်ဆိုရင် သင့်ကို ချုပ်ချယ် ထားတာမျိုး မရှိဘဲ သင့်ကို စိတ်ချမ်းသာအောင် အမြဲ နားလည်မှု ပေးထားသူ တစ်ယောက်ပါ။
မကောင်းတာ ဆိုရင်တော့ ဆိုးဆုံးမ တတ်တာက လွဲရင် သင့်ကို အမြဲ လွတ်လပ်စွာ နားလည်မှု အပြည့်နဲ့ နေခိုင်းတယ်။
သူငယ်ချင်းတွေနဲ့ အပြင်သွား မယ်ဆိုရင်လည်း သူ့ကိုယ်တိုင် လိုက်ပို့ပေး တာမျိုး ဖြစ်ဖြစ် လုပ်ပေး တယ်။
သင့်ပျော်နေတာ မြင်ရရင် သူ့စိတ်ထဲလည်း ပျော်နေတတ် တာမျိုးပေါ့။
၂။ သင့်ကို အမြဲ ဂရုစိုက်တယ်
သင့်ကို အသက်နဲ့ အမျှ ချစ်တဲ့ ယောကျာ်းဆိုတာ သင့်ရဲ့ အရာအားလုံး အသေးအမွှေားလေးတွေ ကစ ဂရုစိုက်နေ တတ်သူပါ။
တကယ်လို့ သင်နေမကောင်းခဲ့ ရင်တောင်အဖေတစ်ယောက်လို၊ အစ်ကိုကြီး တစ်ယောက် ဆေးသောက်ဖို့၊ အစားပုံမှန်စားဖို့ ကို တဖွဖွ မှာပြီး ဂရုစိုက် နေတတ် တယ်။
သင်နေမကောင်း ဖြစ်ရင် အပြစ်ရှိတယ်လို့ ခံယူ နေသူပါ။ အားငယ်နေချိန် သင့်အနားမှာ ဖေးမ ကူညီ တတ်ပြီး သင်ဝမ်းနည်းရင် သူ့စိတ်ထဲလည်း မကောင်း ဖြစ်နေ တတ်ပါတယ်။
၃။ သင်ဟာသူ့ရဲ့ ဘဝပါ
သူ့အလုပ်တွေ ဘယ်လောက်ပဲ ပင်ပန်း နေပါစေ၊ အလုပ်တွေ ဘယ်လောက်ပဲ ရှုပ်နေပါစေ သင်နဲ့ တွေ့ရရင် ပင်ပန်းတာတွေ ပျောက်သွားတယ်။
သင့်အတွက်ဆို ညည်းနေရတာ မျိုးမရှိဘဲ သင့်စိတ်ကြိုက် ဖြစ်အောင်အမြဲနေပေး တတ်တယ်။
အလုပ်ဆိုတာ ကလည်း သင့်ကို ချမ်းချမ်းသာသာ ထားစေချင်တဲ့ ရည်ရွယ်ချက်ကြောင့် လုပ်နေ ရသလို သူ့အနာဂတ် တစ်ခုလုံးက သင်နဲ့ပဲ ဖြစ်နေမှာပါ။
၄။ သင့်ကို ခွင့်လွတ်မြဲ ခွင့်လွှတ်တယ်
သင့်ကို သူဘယ်လောက်ထိ ချစ်လဲ ဆိုရင် တခြားသူတွေအတွက်ဆို ခွင့်လွှတ်ပေးလို့မရတဲ့ အပြစ်မျိုးဖြစ်နေ ရင်တောင် သူ့သင်ကို ခွင့်လွှတ်မြဲ၊ ခွင့်လွှတ်ဆဲပါ။
သူနဲ့ တွဲနေရက်နဲ့ သင့်ကတခြားတစ်ယောက်နဲ့ တွဲနေတာ မျိုး ကိုတောင် သင့်ကို ခွင့်လွှတ်ပေးပြီး ဆက်တွဲနေတတ်တယ် ။
သူ့တုံးလို့၊ အလို့မဟုတ်ဘဲ သင့်ကိ ဆုံးရှုံးလိုက် ရမှာကြောက် လို့ပါ။ ဒီလိုမျိုး ချစ်သူကောင်လေးကို ပိုင်ဆိုင် ထားရပြီးဆို အရမ်းမဆို းပါနဲ့။
၅။ သင်ကဘုရင်မ ”သင်က သူ့ဘဝအတွက် အလင်းပါ
သူ့မှာ တစ်နေ့လုံး အလုပ်တွေရှုပ်နေရင်တောင် သင်အတွက် အချိန်ပေးပြီး date ပေးတယ်။
သူ့အလုပ်တွေကြောင့် ပင်ပန်းနေရင်တောင် ပင်ပန်းတယ်လို့ မညည်းဘဲ သင့်အတွက် အချိန်ပေး တယ်။
သင်စိတ်ဆိုးနေ လည်း သင့်ကို စိတ်ရှည်ရှည်နဲ့ ချော့တယ်။ အကြောင်း ကတော့ သင့်က သူ့ဘဝ အတွက် ဘုရင်မဖြစ်နေ လို့ပါပဲနော်။
Credit