အခ်စ္ေရး

ဒီစကား (၆) ခွန်းကိုကြားဖူးရင်တော့ သင့်ကိုသူချစ်တယ်လို့ သွယ်ဝိုက်ပြောနေတာပါ

ဒီစကား (၆) ခွန်းကိုကြားဖူးရင်တော့ သင့်ကိုသူချစ်တယ်လို့ သွယ်ဝိုက်ပြောနေတာပါ..

ချစ်သူနှစ်ယောက်ကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ်လို့ ပါးစပ်ကတဖွဖွပြောနေမှ ချစ်တယ်လို့ယူဆလို့မရပါဘူး။

သင့်ချစ်သူက သင့်ကိုတခြားသူတွေလိုမျိုး ချစ်တယ်လို့တဖွဖွမပြောလို့ဆိုပြီး စိတ်တိုင်းမကျတွေဖြစ်မနေပါနဲ့နော်။

သူသာ ဒီစကားလေးတွေကို အမြဲပြောတတ်တယ်ဆိုရင် သူသင့်ကို ချစ်တယ်လို့ပြောနေတာနဲ့အဓိပ္ပါယ်အတူတူပါပဲနော်။

(၁) မင်းအတွက်အမြဲရှိနေမယ်

လူတစ်ယောက်အတွက် နာကျင်ဝမ်းနည်းစရာတွေ ရင်ဖွင့်ရမယ့်သူ မရှိတာဟာ တော်တော်ဆိုးတဲ့ အဖြစ်လို့ပြောလို့ ရပါတယ်။

အဲ့ဒါထက် ဆိုးတာကတော့ ပျော်ရွှင်စရာတွေကို ဝေမျှရမယ့်သူ မရှိတာပါပဲ။

သင့်ချစ်သူက သင့်အတွက် နာကျင်စရာတွေရင်ဖွင့်ဖို့၊ ပျော်ရွှင်စရာတွေဝေမျှဖို့ အမြဲအသင့်ရှိနေမယ်ဆိုရင်

သင်ဘာဖြစ်ဖြစ် သူဘေးနားမှာအမြဲရှိနေမယ်လို့ပြောရင် အဲ့ဒါက သင့်ကိုချစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

(၂) မင်းအတွက်အရမ်းဝမ်းသာတယ်

သင်သာ တစ်ယောက်ယောက်ကို တကယ်ချစ်မိသွားပြီဆိုရင် သူ့ရဲ့ပျော်ရွှင်မှုက သင့်ရဲ့ပျော်ရွှင်မှုပါပဲ။

တကယ်လို့သင့်ချစ်သူက မင်းပျော်ရင် ငါလည်းပျော်တယ်လို့ ပြောလာရင် သူသင့်ကို ချစ်တယ်ဆိုတာ အကြွင်းမဲ့ယုံလိုက်ပါ။

(၃) မင်းကအလှဆုံး အကောင်းဆုံးသူတစ်ယောက်ပါ

သင်က ဝတ်ကောင်းစားလှတွေဝတ်မထားဘဲ T Shirt အဟောင်းဝတ်ပြီးဆံပင်တွေရှုပ်ပွနေတဲ့အချိန်မှာတောင် မင်းကအရမ်းလှတဲ့သူပဲလို့ပြောဖူးရင်၊

သင်စိတ်ဓာတ်ကျတဲ့အချိန်တိုင်း မင်းလုပ်နိုင်တာတွေအများကြီးပါမင်းက အကောင်းဆုံးသူတစ်ယောက်ပါလို့ပြောဖူးရင် ဒါဟာ ချစ်တယ် လို့ပြောတာနဲ့အတူတူပါပဲနော်။

(၄) မင်းအဆင်ပြေရဲ့လား

ကိုယ့်ကိုမချစ်တဲ့သူတစ်ယောက်က ကိုယ်အဆင်ပြေမပြေ စိတ်ကိုဝင်စားနေမှာမဟုတ်ပါဘူး။

သူက မင်းအဆင်ပြေရဲ့လား လို့မေးပြီး အမြဲလိုလိုစိုးရိမ်နေတတ်တယ်ဆိုရင် သင့်ကိုတကယ်ချစ်တဲ့သူမို့လို့ပါ။

(၅) မင်းကို ရောက်ရင်ပြောပါ

သင်တစ်နေရာရာသွားမယ်ဆိုရင် သင့်ကိုစိတ်မချလက်မချဖြစ်နေပြီး ရောက်ရင်ဖုန်းဆက်ဖို့ အတန်တန်မှာပါလိမ့်မယ်။

ဘယ်အချိန်အိမ်ပြန်ရောက်ပြီလဲဆိုတာကိုလည်း စိုးရိမ်တကြီးနဲ့မေးတတ်ပါသေးတယ်။အဲ့ဒီလို စိုးရိမ်စကားတွေကလည်း ချစ်တယ်ဆိုတဲ့အဓိပ္ပါယ်ပါပဲ။

(၆) ဗိုက်ဆာနေပြီလား

ဒါကတော့ ချစ်တယ် ဆိုတဲ့စကားကို ကိုယ်စားပြုနိုင်ဆုံးစကားလုံးလို့ပြောလို့ရပါတယ်။

မတ်မတ်တို့ ခေးတို့ရော ချစ်တယ် လို့ပြောတဲ့သူထက် ဗိုက်ဆာနေပြီလား လို့မေးတတ်တဲ့ချစ်သူကိုပိုမလိုချင်ဘူးလား။crd

ဒီစကား (၆) ခြန္းကိုၾကားဖူးရင္ေတာ့ သင့္ကိုသူခ်စ္တယ္လို႔ သြယ္ဝိုက္ေျပာေနတာပါ..

ခ်စ္သူႏွစ္ေယာက္ၾကားမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္တယ္လို႔ ပါးစပ္ကတဖြဖြေျပာေနမွ ခ်စ္တယ္လို႔ယူဆလို႔မရပါဘူး။

သင့္ခ်စ္သူက သင့္ကိုတျခားသူေတြလိုမ်ိဳး ခ်စ္တယ္လို႔တဖြဖြမေျပာလို႔ဆိုၿပီး စိတ္တိုင္းမက်ေတြျဖစ္မေနပါနဲ႔ေနာ္။

သူသာ ဒီစကားေလးေတြကို အၿမဲေျပာတတ္တယ္ဆိုရင္ သူသင့္ကို ခ်စ္တယ္လို႔ေျပာေနတာနဲ႔အဓိပၸါယ္အတူတူပါပဲေနာ္။

(၁) မင္းအတြက္အၿမဲရွိေနမယ္

လူတစ္ေယာက္အတြက္ နာက်င္ဝမ္းနည္းစရာေတြ ရင္ဖြင့္ရမယ့္သူ မရွိတာဟာ ေတာ္ေတာ္ဆိုးတဲ့ အျဖစ္လို႔ေျပာလို႔ ရပါတယ္။

အဲ့ဒါထက္ ဆိုးတာကေတာ့ ေပ်ာ္႐ႊင္စရာေတြကို ေဝမွ်ရမယ့္သူ မရွိတာပါပဲ။

သင့္ခ်စ္သူက သင့္အတြက္ နာက်င္စရာေတြရင္ဖြင့္ဖို႔၊ ေပ်ာ္႐ႊင္စရာေတြေဝမွ်ဖို႔ အၿမဲအသင့္ရွိေနမယ္ဆိုရင္

သင္ဘာျဖစ္ျဖစ္ သူေဘးနားမွာအၿမဲရွိေနမယ္လို႔ေျပာရင္ အဲ့ဒါက သင့္ကိုခ်စ္တယ္ဆိုတဲ့ အဓိပၸါယ္ပါပဲ။

(၂) မင္းအတြက္အရမ္းဝမ္းသာတယ္

သင္သာ တစ္ေယာက္ေယာက္ကို တကယ္ခ်စ္မိသြားၿပီဆိုရင္ သူ႔ရဲ႕ေပ်ာ္႐ႊင္မႈက သင့္ရဲ႕ေပ်ာ္႐ႊင္မႈပါပဲ။

တကယ္လို႔သင့္ခ်စ္သူက မင္းေပ်ာ္ရင္ ငါလည္းေပ်ာ္တယ္လို႔ ေျပာလာရင္ သူသင့္ကို ခ်စ္တယ္ဆိုတာ အႂကြင္းမဲ့ယုံလိုက္ပါ။

(၃) မင္းကအလွဆုံး အေကာင္းဆုံးသူတစ္ေယာက္ပါ

သင္က ဝတ္ေကာင္းစားလွေတြဝတ္မထားဘဲ T Shirt အေဟာင္းဝတ္ၿပီးဆံပင္ေတြရႈပ္ပြေနတဲ့အခ်ိန္မွာေတာင္ မင္းကအရမ္းလွတဲ့သူပဲလို႔ေျပာဖူးရင္၊

သင္စိတ္ဓာတ္က်တဲ့အခ်ိန္တိုင္း မင္းလုပ္ႏိုင္တာေတြအမ်ားႀကီးပါမင္းက အေကာင္းဆုံးသူတစ္ေယာက္ပါလို႔ေျပာဖူးရင္ ဒါဟာ ခ်စ္တယ္ လို႔ေျပာတာနဲ႔အတူတူပါပဲေနာ္။

(၄) မင္းအဆင္ေျပရဲ႕လား

ကိုယ့္ကိုမခ်စ္တဲ့သူတစ္ေယာက္က ကိုယ္အဆင္ေျပမေျပ စိတ္ကိုဝင္စားေနမွာမဟုတ္ပါဘူး။

သူက မင္းအဆင္ေျပရဲ႕လား လို႔ေမးၿပီး အၿမဲလိုလိုစိုးရိမ္ေနတတ္တယ္ဆိုရင္ သင့္ကိုတကယ္ခ်စ္တဲ့သူမို႔လို႔ပါ။

(၅) မင္းကို ေရာက္ရင္ေျပာပါ

သင္တစ္ေနရာရာသြားမယ္ဆိုရင္ သင့္ကိုစိတ္မခ်လက္မခ်ျဖစ္ေနၿပီး ေရာက္ရင္ဖုန္းဆက္ဖို႔ အတန္တန္မွာပါလိမ့္မယ္။

ဘယ္အခ်ိန္အိမ္ျပန္ေရာက္ၿပီလဲဆိုတာကိုလည္း စိုးရိမ္တႀကီးနဲ႔ေမးတတ္ပါေသးတယ္။အဲ့ဒီလို စိုးရိမ္စကားေတြကလည္း ခ်စ္တယ္ဆိုတဲ့အဓိပၸါယ္ပါပဲ။

(၆) ဗိုက္ဆာေနၿပီလား

ဒါကေတာ့ ခ်စ္တယ္ ဆိုတဲ့စကားကို ကိုယ္စားျပဳႏိုင္ဆုံးစကားလုံးလို႔ေျပာလို႔ရပါတယ္။

မတ္မတ္တို႔ ေခးတို႔ေရာ ခ်စ္တယ္ လို႔ေျပာတဲ့သူထက္ ဗိုက္ဆာေနၿပီလား လို႔ေမးတတ္တဲ့ခ်စ္သူကိုပိုမလိုခ်င္ဘူးလား။