ရေစက်ရှိသလောက်ဆုံဆည်းခွင့်ရပြီး
ကံပါသလောက်ပဲ ပတ်သက်ခွင့်ရတဲ့ အချိန်လေးမှာ
ဘယ်လောက်ပဲ
မြတ်မြတ်နိုးနိုး နဲ့ ချစ်ခဲ့ချစ်ခဲ့
ဘယ်တန်ခိုးကြီးဘုရားတွေမှာပဲ သစ္စာတွေဆိုဆို
ဝေးချိန်တန်ရင် ဝေးရတာပါပဲ……
သူပျော်ရွှင်နေတာကြားတော့လည်း
ကိုယ်စိတ်ချမ်းသာရသလို
အရင်လူနဲ့
ရယ်ရယ်မောမောဖြစ်နေတာ တွေ့နေရတော့လည်း
ကိုယ်ကျန်းမာချင်ယောင်ဆောင်ရတာပါပဲ။
ဒီလိုပါပဲ
ကိုယ်တစ်ယောက်တည်းပဲ ချစ်တယ်ဆိုတဲ့
တချို့လိမ်ညာမှုတွေဟာ
အဲဒီလိုပဲ အတိတ္က ကာလတစ္ခုမွာ
သိပ်ကို ယုတ္တိတန်ခဲ့တာမျိုးပါ။
အလွတ်ရထားတဲ့ဖုန်းနံပါတ်တွေကို
ဦးနှောက်ထဲက ထုတ်ပစ်ဖို့ ခက်ခဲနေတာကလွဲရင်
ဘာလုပ်နေလဲဆိုတာသိဖို့
အချိန်တိုင်း သူ့ရဲ့ အကောင့်လေးကို
မယောင်မလည် သတိထားမိနေတာတစ်ခုကလွဲရင်….
တိုက်ဆိုင်တာတွေ့လည်း ကြေကွဲလိုက်
မသက်ဆိုင်တာမြင်တော့လည်း ပြိုလဲလိုက်….
သိပ်တော့ ရင်နာစရာကောင်းတယ်….
မေ့ချင်ယောင်ဆောင်ရတဲ့ ပတ်သက်ခဲ့မှုတွေရယ်….
မေ့လိုက်ပြီလို့ လိမ်ညာရတဲ့ အခိုက်အတန့်တွေရယ်….
ချစ်ချင်ယောင်ဆောင်ခဲ့တဲ့ မင်းရယ်…
မုန်းချင်ယောင် ဆောင်ရတဲ့ ကိုယ်ရယ်…..အရင်ဘဝက ဆုတောင်းမှားခဲ့ကြတယ်တူပါတယ်…..
ဒီဘဝမှာလည်း ရှင်ကွဲခွဲရခြင်းတွေနဲ့……
Credit – ပုံရိပ်စစ်
Unicode
ရေစက်ရှိသလောက်ဆုံဆည်းခွင့်ရပြီး
ကံပါသလောက်ပဲ ပတ်သက်ခွင့်ရတဲ့ အချိန်လေးမှာ
ဘယ်လောက်ပဲ
မြတ်မြတ်နိုးနိုး နဲ့ ချစ်ခဲ့ချစ်ခဲ့
ဘယ်တန်ခိုးကြီးဘုရားတွေမှာပဲ သစ္စာတွေဆိုဆို
ဝေးချိန်တန်ရင် ဝေးရတာပါပဲ……
သူပျော်ရွှင်နေတာကြားတော့လည်း
ကိုယ်စိတ်ချမ်းသာရသလို
အရင်လူနဲ့
ရယ်ရယ်မောမောဖြစ်နေတာ တွေ့နေရတော့လည်း
ကိုယ်ကျန်းမာချင်ယောင်ဆောင်ရတာပါပဲ။
ဒီလိုပါပဲ
ကိုယ်တစ်ယောက်တည်းပဲ ချစ်တယ်ဆိုတဲ့
တချို့လိမ်ညာမှုတွေဟာ
အဲဒီလိုပဲ အတိတ်က ကာလတစ်ခုမှာ
သိပ်ကို ယုတ္တိတန်ခဲ့တာမျိုးပါ။
အလွတ်ရထားတဲ့ဖုန်းနံပါတ်တွေကို
ဦးနှောက်ထဲက ထုတ်ပစ်ဖို့ ခက်ခဲနေတာကလွဲရင်
ဘာလုပ်နေလဲဆိုတာသိဖို့
အချိန်တိုင်း သူ့ရဲ့ အကောင့်လေးကို
မယောင်မလည် သတိထားမိနေတာတစ်ခုကလွဲရင်….
တိုက်ဆိုင်တာတွေ့လည်း ကြေကွဲလိုက်
မသက်ဆိုင်တာမြင်တော့လည်း ပြိုလဲလိုက်….
သိပ်တော့ ရင်နာစရာကောင်းတယ်….
မေ့ချင်ယောင်ဆောင်ရတဲ့ ပတ်သက်ခဲ့မှုတွေရယ်….
မေ့လိုက်ပြီလို့ လိမ်ညာရတဲ့ အခိုက်အတန့်တွေရယ်….
ချစ်ချင်ယောင်ဆောင်ခဲ့တဲ့ မင်းရယ်…
မုန်းချင်ယောင် ဆောင်ရတဲ့ ကိုယ်ရယ်…..အရင်ဘဝက ဆုတောင်းမှားခဲ့ကြတယ်တူပါတယ်…..
ဒီဘဝမှာလည်း ရှင်ကွဲခွဲရခြင်းတွေနဲ့……
Credit – ပုံရိပ်စစ်