အသိပညာ

ကံကောင်းခြင်းတွေ ပိုပိုင်ဆိုင်ရစေဖို့ ဘဝမှာ ဒီလိုလေး နေထိုင်ကြမယ်

ကိုယ့်ကိုယ်ကို ကံကောင်းတဲ့သူ တစ်ယောက် ဒါမှမဟုတ် ကံဆိုးတဲ့ သူတစ်ယောက်လို့ သတ်မှတ်ထားလား။ လူတိုင်းကတော့ ကိုယ့်ကိုယ်ကို ကံကောင်းခြင်းတွေ ပိုင်ဆိုင်ချင်ကြတာပါပဲ။

တကယ်တော့ ကံဆိုတာ အလုပ်တဲ့ ကိုယ်လုပ်လိုက်တဲ့ တန်ပြန်သက်ရောက်မှုတိုင်းက ကံကောင်းခြင်း၊ ကံဆိုးခြင်းကို ဖြစ်စေပါတယ်။ ဒီတော့ ဘဝမှာ ကံကောင်းခြင်းတွေ များများပိုင်ဆိုင်ချင်ရင်တော့ ကံကောင်းစေမယ့် အလေ့အကျင့် ကောင်းလေးတွေ လုပ်ဖို့ လိုအပ်ပါတယ်နော်။

အကောင်းမြင်စိတ်က သင့်ကို ကံဆိုးခြင်းတွေကနေ ဝေးကွာသွားစေပါတယ်နော်။ အရာရာကို အဆိုးဘက်က ကြည့်ရင် အဆိုးတွေက သင်နဲ့ထပ်ကြပ်မကွာ ဆက်လိုက်နေအုံးမှာပါပဲ။

ဒါကြောင့် အကောင်းမြင်စိတ်လေး မွေးကြည့်ပါ။ အကောင်းမြင်စိတ်က အရာရာကို ရင်ဆိုင်တဲ့အခါ ပိုလွယ်ကူ ချောမွေ့တာကို တွေ့ရမှာပါ။ ဒါဟာ ကံကောင်းခြင်းပဲ မဟုတ်လား။

စိတ်ထားကောင်းရင် ကံံကောင်းတယ်တဲ့ ဒီစကားကို တော်တော်များများ ကြားဖူးကြမယ် ထင်ပါတယ်။ ဒါဟာ မှန်ကန်တဲ့ တန်ပြန်သက်ရောက်မှု တစ်ခုပါ။

စိတ်ထားကောင်းတဲ့သူဟာ တစ်ခြားသူတွေကို ကူညီတတ်ပြီး လူတွေအပေါ် ကြင်နာတတ်တဲ့သူ ဖြစ်နေလို့ သူဒုက္ခရောက်တဲ့ အချိန်မှာလည်း ကူညီတဲ့သူတွေ ပေါများနေတာပါ။ ဒါကို လူတွေကတော့ ကံကောင်းခြင်းကို ဆိုပါတယ်။ဘုရားတရား လုပ်ဖို့ကို မမေ့ပါနဲ့။

ဘုရားတရားကို ရိုသေကိုင်းရှိုင်းတဲ့ လူဟာ စိတ်ပိုတည်ငြိမ်သလို၊ မကောင်းစိတ်တွေလည်း ပိုနည်းတတ်ပါတယ်။ ဒါကြောင့် အချိန်လေးပေးပြီး ဘုရားတရား လုပ်ပါ။

အထူးသဖြင့် ဘာသာရေးရဲ့အဆုံးအမကို ခံယူခိုင်းတာပါ။ ဒါက သင့်အတွက် ခုအတွက်ရော၊ နောင်အတွက်ပါ ကောင်းမွန်မှုတွေ ယူဆောင်လာမှာပါ။

အဆိုးတွေ ကြုံလာတဲ့ အချိန်တိုင်း ကိုယ့်ကိုယ်ကို ကံဆိုးတဲ့ သူတစ်ယောက်အဖြစ် မသတ်မှတ်လိုက်ပါနဲ့။ ဒီလိုမျိုး ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်တာနဲ့ ကံဆိုးခြင်းတွေက တကယ်ပဲ သင့်ဆီကို ရောက်လာတတ်လို့ပါ။

ကိုယ့်ကိုယ်ကို ယုံကြည်ပါ အဆိုးတွေနဲ့ ရင်ဆိုင်ရလည်း ဖြတ်ကျော်နိုင်မယ်ဆိုတာ ယုံကြည်ထားပါ။ ယုံကြည်မှုက သင့်ကို အကောင်းတွေဖြစ်လာဖို့ တွန်းအားပေးပြီး ကံကောင်းခြင်းတွေကို ပိုင်ဆိုင်နိုင်လာမှာ ဖြစ်ပါတယ်။

Credit

Unicode