သင်ကိုယ်တိုင်လုပ်နေမိတဲ့ အသားအရေကို ထိခိုက်ပျက်စီးစေတဲ့ အမှားတွေ
ရေချိုးရင်း သင့်အသားအရေကို ထိခိုက်ပျက်စီးစေတဲ့ သင်ကိုယ်တိုင်လုပ်နေမိတဲ့အမှားများ
သင့်အသားအရေကို ထိခိုက်ပျက်စီးစေတဲ့ ရေချိုးနေစဉ်မှာ သင်အမြဲလိုလို လုပ်မိတဲ့အမှားတွေကို မျှဝေပေးချင်ပါတယ်။
၁။ အရမ်းပူတဲ့ရေနဲ့ ချိုးခြင်း

ရေချိုးတဲ့အခါမှာ ရေအရမ်းပူတာနဲ့ ချိုးတာမျိုး မလုပ်သင့်ပါဘူး။ ရေအရမ်းပူတာနဲ့ ချိုးတဲ့အခါ သင့်အသားအရေကို ခြောက်သွေ့စေပြီး အဆီပြန်စေပါတယ်
၂။ ရေအကြာကြီးချိုးခြင်း
တချို့ဆိုရင် ရေချိုးတာ အရမ်းကြာတာ တွေ့ဖူးကြမှာပါ။ ရေအကြာကြီးချိုးတာဟာ သင့်အသားအရေကို ခြောက်သွေ့စေပါတယ်။ ရေချိုးရင်
အများဆုံး ၁၀ မိနစ်ထက် မပိုသင့်ပါဘူး။
၃။ ရေချိုးဆပ်ပြာခဏခဏ သုံးခြင်း

ရေချိုးနေစဉ် ရေချိုးဆပ်ပြာကို ၂ ခါ ၃ ခါလောက်တိုက်တာဟာ သင့်အသားအရေကို ခြောက်သွေ့ ကြမ်းတမ်းစေပါတယ်။ ရေချိုးဆပ်ပြာကို အနည်းငယ်နဲ့ သေချာသုံးသင့်ပါတယ်။
၄။ ရေစိုတာကို အရမ်းခြောက်အောင်သုတ်ခြင်း
ရေချိုးပြီးလို့ တဘက်သုတ်တဲ့အခါ အရမ်းခြောက်နေအောင်သုတ်ပေးတာထက် နည်းနည်းလေး စိုစိုပြေပြေ ဖြစ်အောင် သုတ်ပေးပါ။ ပြီးရင် Lotion လိမ်းပေးပါ။ အဲလိုလုပ်ပေးရင် သင့်အသားအရေကို စိုပြေစေပါတယ်။
၅။ ရေစိုနေတဲ့ ရေမြုပ်သုံးခြင်း
ရေချိုးဆပ်ပြာတိုက်တဲ့ ရေမြုပ်ကို သန့်သန့်ရှင်းရှင်းနဲ့ ခြောက်အောင်ထားသင့်ပါတယ်။ ရေချိုးခန်းထဲမှာပဲထားပြီး စိုစိစိဖြစ်နေတာမျိုး မဖြစ်သင့်ပါဘူး။
သင္ကိုယ္တိုင္လုပ္ေနမိတဲ့ အသားအေရကို ထိခိုက္ပ်က္စီးေစတဲ့ အမွားေတြ
ေရခ်ိဳးရင္း သင့္အသားအေရကို ထိခိုက္ပ်က္စီးေစတဲ့ သင္ကိုယ္တိုင္လုပ္ေနမိတဲ့အမွားမ်ား
သင့္အသားအေရကို ထိခိုက္ပ်က္စီးေစတဲ့ ေရခ်ိဳးေနစဥ္မွာ သင္အျမဲလိုလို လုပ္မိတဲ့အမွားေတြကို မၽွေဝေပးခ်င္ပါတယ္။
၁။ အရမ္းပူတဲ့ေရနဲ႔ ခ်ိဳးျခင္း
ေရခ်ိဳးတဲ့အခါမွာ ေရအရမ္းပူတာနဲ႔ ခ်ိဳးတာမ်ိဳး မလုပ္သင့္ပါဘူး။ ေရအရမ္းပူတာနဲ႔ ခ်ိဳးတဲ့အခါ သင့္အသားအေရကို ေျခာက္ေသြ႕ေစၿပီး အဆီျပန္ေစပါတယ္။
၂။ ေရအၾကာႀကီးခ်ိဳးျခင္း
တခ်ိဳ႕ဆိုရင္ ေရခ်ိဳးတာ အရမ္းၾကာတာ ေတြ႕ဖူးၾကမွာပါ။ ေရအၾကာႀကီးခ်ိဳးတာဟာ သင့္အသားအေရကို ေျခာက္ေသြ႕ေစပါတယ္။ ေရခ်ိဳးရင္ အမ်ားဆုံး ၁၀ မိနစ္ထက္ မပိုသင့္ပါဘူး။
၃။ ေရခ်ိဳးဆပ္ျပာခဏခဏ သုံးျခင္း
ေရခ်ိဳးေနစဥ္ ေရခ်ိဳးဆပ္ျပာကို ၂ ခါ ၃ ခါေလာက္တိုက္တာဟာ သင့္အသားအေရကို ေျခာက္ေသြ႕ ၾကမ္းတမ္းေစပါတယ္။ ေရခ်ိဳးဆပ္ျပာကို အနည္းငယ္နဲ႔ ေသခ်ာသုံးသင့္ပါတယ္။
၄။ ေရစိုတာကို အရမ္းေျခာက္ေအာင္သုတ္ျခင္း
ေရခ်ိဳးၿပီးလို႔ တဘက္သုတ္တဲ့အခါ အရမ္းေျခာက္ေနေအာင္သုတ္ေပးတာထက္ နည္းနည္းေလး စိုစိုေျပေၿပ ျဖစ္ေအာင္ သုတ္ေပးပါ။ ၿပီးရင္ Lotion လိမ္းေပးပါ။ အဲလိုလုပ္ေပးရင္ သင့္အသားအေရကို စိုေျပေစပါတယ္။
၅။ ေရစိုေနတဲ့ ေရျမဳပ္သုံးျခင္း
ေရခ်ိဳးဆပ္ျပာတိုက္တဲ့ ေရျမဳပ္ကို သန႔္သန႔္ရွင္းရွင္းနဲ႔ ေျခာက္ေအာင္ထားသင့္ပါတယ္။ ေရခ်ိဳးခန္းထဲမွာပဲထားၿပီး စိုစိစိျဖစ္ေနတာမ်ိဳး မျဖစ္သင့္ပါဘူး။



