ၾကားသိရသမွ်

မင်္ဂလာပွဲမှာ သားဖြစ်သူရဲ့ သတို့သမီးက ငယ်ရွယ်စဉ်အချိန်ကပျောက်ဆုံးသွားခဲ့တဲ့ သမီးအရင်းမှန်းသိခဲ့ရတဲ့ မိခင်

ဒီအဖြစ်အပျက်ကတော့ အတော့်ကို မတွေးထင်ရက်ထားတဲ့ မိသားစုပြန်လည်ဆုံဆည်းမှုလို့ ပြောရမှာပါပဲ ။ တရုတ်နိုင်ငံမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာဆိုရင် သူမသားဖြစ်သူရဲ့ မင်္ဂလာပွဲနေ့မှာ သတို့သမီးဟာ သူမအချိန်အတော်ကြာလိုက်လံရှာဖွေနေခဲ့တဲ့ သမီးအရင်းဖြစ်နေကြောင်း သိရှိခဲ့ရပါတယ် ။ အဖြစ်အပျက်ကတော့ မင်္ဂလာပွဲနေ့မှာ အဆိုပါအမျိုးသမီးဟာ သားဖြစ်သူရဲ့သတို့သမီးလက်မှ မွေးရာပါအမှတ်လေးကို တွေ့ရှိခဲ့ပါတယ် ။ အဆိုပါ မွေးရာပါအမှတ်လေးက သူမရဲ့သမီးလက်က အမှတ်နဲ့ တူညီနေခဲ့လို့ သတို့သမီးရဲ့မိဘတွေကို သူမကမွေးစားသမီးလားဆိုပြီး မေးမြန်းခဲ့ပါတယ် ။ နောက်ဆုံးမှ သတို့သမီးဖက်က မိဘတွေက လွန်ခဲ့တဲ့နှစ်ပေါင်း 20 ကျော်ခန့်က သူမကို လမ်းမဘေးမှာတွေ့ရှိခဲ့လို့ ခေါ်ယူမွေးစားထားခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ် ။

ထိုအချိန်မှ အမျိုးသမီးက သူမရဲ့သမီးလေးမှာလည်း အဆိုပါအချိန်ခန့်ကပျောက်ဆုံးသွားခဲ့တာဖြစ်ကြောင်း ၊ လိုက်လံရှာဖွေခဲ့ပေမဲ့လည်း မတွေ့ရှိခဲ့ရကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ် ။ မောင်နှမတွေက လက်ထပ်လို့မရမှန်းသိလိုက်ရလို့ မင်္ဂလာပွဲပျက်လုနီးပါးဖြစ်ခဲ့ချိန်မှာတော့ သတို့သားရဲ့မိခင်က သူမရဲ့သားမှာလည်း မွေးစားသားဖြစ်ကြောင်း ၊ အချိန်အတော်ကြာ သမီးကိုရှာဖွေခဲ့ပေမဲ့ မတွေ့ရှိတဲ့အဆုံး သားလေးကိုမွေးစားခဲ့တာဖြစ်ကြောင်း ပြန်လည်ရှင်းပြခဲ့ပါတယ် ။

သတို့သမီးလည်း ဝမ်းနည်းပူဆွေးစွာငိုကြွေးပြီး သူမရဲ့မိခင်အရင်းကို ပွေ့ဖက်ကာ သူမရဲ့မင်္ဂလာပွဲထက်ပိုပျော်ရွှင်ရတဲ့ နေ့ရက်ဖြစ်ခဲ့ကြောင်း ပြောပြခဲ့ပါတယ် ။ တစ်ကယ့်ကို တိုက်ဆိုင်လွန်းတဲ့အချိန်အခိုက်အတန့် ဆုံဆည်းမှုလေးလို့ ပြောရမှာပါပဲ ။

Credit-Jasmine (Mckzone Daily)

Zawgyi

မဂၤလာပြဲမွာ သားျဖစ္သူရဲ႕ သတို႔သမီးက ငယ္ရြယ္စဥ္အခ်ိန္ကေပ်ာက္ဆံုးသြားခဲ့တဲ့ သမီးအရင္းမွန္းသိခဲ့ရတဲ့ မိခင္

ဒီအျဖစ္အပ်က္ကေတာ့ အေတာ့္ကို မေတြးထင္ရက္ထားတဲ့ မိသားစုျပန္လည္ဆံုဆည္းမႈလို႔ ေျပာရမွာပါပဲ ။ တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ အမ်ိဳးသမီးတစ္ဦးဟာဆိုရင္ သူမသားျဖစ္သူရဲ႕ မဂၤလာပြဲေန႔မွာ သတို႔သမီးဟာ သူမအခ်ိန္အေတာ္ၾကာလိုက္လံ႐ွာေဖြေနခဲ့တဲ့ သမီးအရင္းျဖစ္ေနေၾကာင္း သိ႐ွိခဲ့ရပါတယ္ ။ အျဖစ္အပ်က္ကေတာ့ မဂၤလာပြဲေန႔မွာ အဆိုပါအမ်ိဳးသမီးဟာ သားျဖစ္သူရဲ႕သတို႔သမီးလက္မွ ေမြးရာပါအမွတ္ေလးကို ေတြ႔႐ွိခဲ့ပါတယ္ ။ အဆိုပါ ေမြးရာပါအမွတ္ေလးက သူမရဲ႕သမီးလက္က အမွတ္နဲ႔ တူညီေနခဲ့လို႔ သတို႔သမီးရဲ႕မိဘေတြကို သူမကေမြးစားသမီးလားဆိုၿပီး ေမးျမန္းခဲ့ပါတယ္ ။ ေနာက္ဆံုးမွ သတို႔သမီးဖက္က မိဘေတြက လြန္ခဲ့တဲ့ႏွစ္ေပါင္း 20 ေက်ာ္ခန္႔က သူမကို လမ္းမေဘးမွာေတြ႔႐ွိခဲ့လို႔ ေခၚယူေမြးစားထားခဲ့တာျဖစ္ေၾကာင္း ဝန္ခံခဲ့ပါတယ္ ။

ထိုအခ်ိန္မွ အမ်ိဳးသမီးက သူမရဲ႕သမီးေလးမွာလည္း အဆိုပါအခ်ိန္ခန္႔ကေပ်ာက္ဆံုးသြားခဲ့တာျဖစ္ေၾကာင္း ၊ လိုက္လံ႐ွာေဖြခဲ့ေပမဲ့လည္း မေတြ႔႐ွိခဲ့ရေၾကာင္း ျပန္လည္ေျပာၾကားခဲ့ပါတယ္ ။ ေမာင္ႏွမေတြက လက္ထပ္လို႔မရမွန္းသိလိုက္ရလို႔ မဂၤလာပြဲပ်က္လုနီးပါးျဖစ္ခဲ့ခ်ိန္မွာေတာ့ သတို႔သားရဲ႕မိခင္က သူမရဲ႕သားမွာလည္း ေမြးစားသားျဖစ္ေၾကာင္း ၊ အခ်ိန္အေတာ္ၾကာ သမီးကို႐ွာေဖြခဲ့ေပမဲ့ မေတြ႔႐ွိတဲ့အဆံုး သားေလးကိုေမြးစားခဲ့တာျဖစ္ေၾကာင္း ျပန္လည္႐ွင္းျပခဲ့ပါတယ္ ။

သတို႔သမီးလည္း ဝမ္းနည္းပူေဆြးစြာငိုေႂကြးၿပီး သူမရဲ႕မိခင္အရင္းကို ေပြ႔ဖက္ကာ သူမရဲ႕မဂၤလာပြဲထက္ပိုေပ်ာ္ရႊင္ရတဲ့ ေန႔ရက္ျဖစ္ခဲ့ေၾကာင္း ေျပာျပခဲ့ပါတယ္ ။ တစ္ကယ့္ကို တိုက္ဆိုင္လြန္းတဲ႔အခ်ိန္အခိုက္အတန္႔ ဆံုဆည္းမႈေလးလို႔ ေျပာရမွာပါပဲ ။

Credit-Jasmine (Mckzone Daily)