

လူတူမရှား နာမည်တူ မရှား ဆိုပြီး ဆိုစမှတ်ရှိပါတယ်
အခုလည်း ဆုံးသွားတဲ့ အဆိုတော် ကိုရေမွန်နဲ့ တော်တော်လေး တူတဲ့ လူကို တွေ့ရပါတယ်

ဇာတ်ကားတကားမှာ သရုပ်ဆောင်တယောက်က ကိုရေမွန်နဲ့ အတော်လေးတူတာ တွေ့ရပါတယ်
ပရိတ်သတ်တယောက်က “ရေမွန်က MuItiverse ထဲ ရောက်သွားတာလား”

“စကားပြော လမ်းလျောက်တဲ့စတိုင်က အစတူတယ်” ဆိုပြီး တင်ထားတာပါ
ရေမွန်ရဲ့ ညီမလေး လပြည့်ကဗျာကလည်း သူ့အကိုနဲ့ အတော်တူကြောင်း ပြန်လည်ဝေမျှထားပါတယ်

ဒီသရုပ်ဆောင်ကို မြင်လိုက်ရတာ ပရိတ်သတ်တွေနဲ့ သူ့မိသားစုတွေကို ကိုရေမွန့်ကို သွားအမှတ်ရမိစေပါတယ်
ရေမွန်ထွက်ခွာသွားပေမယ့် ပရိတ်သတ်တွေရင်ထဲမှာ လွမ်းဆွတ်သတိရနေကြဆဲပါ



