ၾကားသိရသမွ်

စက္ကူငှက်ရုပ်လေးတွေကို ခေါက်ပြီး ရောင်းနေတဲ့ အဘိုးအို အတွက် ငွေကျပ် ၆၅၀၀၀၀ တိတိသွားရောက်လှူဒါန်းခဲ့တဲ့ အလှူရှင်

ဒီကာလမှာတော့ အားလုံးဟာ တစ်ယောက်တစ်မျိုး အခက်အခဲတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရပြီး ပြည်သူ ပြည်သား အချင်းချင်းဟာလည်း တစ် ဖက်တစ်လှမ်းကနေ တတ်နိုင်သလောက် ကူညီနေကြတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ စက္ကူငှက်ရုပ်လေးကို ခေါက်ပြီး နေပူထဲမှာ ရောင်းနေရတဲ့ အဘိုးအိုရဲ့ ဘဝကို စာနာသော အားဖြင့် အ လှူရှင် တစ်ဦးက အလှူငွေကောက်ခံပြီး သွား ရောက် လှူဒါန်းဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့ဒီ အဘိုးအိုကတော့ ညောင်တုန်း၊ ဆားမလော က်ရွာ ၊ဘုရားလမ်း ဘုန်းကြီးကျောင်းနားက တန်းလျှားမှာနေတယ်လို့ သိရပါတယ်။ငှက်သည် ဦးကျော်မြင့် ဆိုရင်လူတိုင်း သိပါတယ်။ ဒီနေ့ အဘိုးကို လှူကြတဲ့ ငွေကျပ် ၆၅၀၀၀၀ တိတိကို အလှူ ရှင်က သွားရေ ာက်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ သွားရောက် လှူဒါန်းပေးခဲ့တဲ့ အလှူရှင်ကိုလည်း ငှက်ရုပ် ခေါက်နည်းကိုပါ အဘိုးက ပြန်သင်ပေးလိုက်ပြီး ၂၆ ရက်နေ့မှာ တရားစခန်းဝင်မယ် ပြောတယ်လို့ သိရပါတယ်။

အလှူရှင်က ဒီလောက်ငွေပမာဏ လှူဒါန်းဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း ပြောပြထားပါသေးတယ်။”အဘိုးအတွက်ဆိုပြီး လှူကြရာမှာ ၅၀၀ ကျပ် ကနေ ၁၀၀၀၀၀ ကျပ်အထိ ပမာဏ မျိုးစုံပါဝင်ပါတယ်။၅၀၀ ကျပ်ပဲ ရှိလို့ ဘာမှ မလုပ်တာထက် ရှိတဲ့၅၀၀ ကျပ်ကို စေတနာနဲ့ ထည့်ဝင်လို က်မယ်ဆိုတဲ့သူတွေ များတဲ့အခါ ဒီလိုပမာဏ ကို ရောက်ဖို့ဖြစ်လာပါတယ်၊၊

နှမ်းတစ်စေ့နဲ့တော့ ဆီ မဖြစ်ပါ။ဆီ ဖြစ်ဖို့တော့ နှမ်းစေ့တွေ လိုကို လိုတယ် မဟုတ်ပါလား။ပေးလှူသောသူ၊ ဆော်အောသောသူ အယောက်ဆီတိုင်းကို ကျေးဇူးတင်လျှက်…..”ဆိုပြီး အလှူရှင်ကပြောပြထားတာပဲ ဖြစ်ပါတယ်။