စောင့်ရခြင်းတွေ မျှော်ရခြင်းတွေဟာ ဘယ်လောက်ပင်ပန်းစေလဲဆိုတာ စောင့်ခဲ့ဖူးသူတွေ မျှော်ခဲ့ဖူးသူတွေပဲ သိပါတယ်
စောင့်ရခြင်းတွေ မျှော်ရခြင်းတွေဟာ
ဘယ်လောက်ပင်ပန်းစေလဲဆိုတာ
စောင့်ခဲ့ဖူးသူတွေ မျှော်ခဲ့ဖူးသူတွေပဲ သိပါတယ်
ပေါ်လာနိုးနိုး ပေါ်လာနိုးနိုးနဲ့ မျှော်ခဲ့ဖူးတဲ့
ကောင်မလေးတစ်ယောက်ရဲ့ ရင်ဖွင့်သံပေါ့ ။
လာခဲ့မယ်လို့ ပြောထားခဲ့ရင်တော့ မမျှော်ပါဘူးလို့
ဘယ်လောက်ပြောပြော ကိုယ့်စိတ်ထဲမှာတော့
မျှော်မိနေတတ်တဲ့ စိတ်လေးတွေရှိပါတယ် ။
ရောက်မလာခဲ့တဲ့အခါ နားလည်ပေးပါ
ခွင့်လွှတ်ပေးပါဆိုတဲ့ စကားတွေနောက်မှာ
ကျွန်မ ဘာကြောင့် ခွင့်မလွှတ်နိုင်ခဲ့ဘူးလို့ ထင်တယ် ။
အလေးမထားပါလား တန်ဖိုးမထားပါလားဆိုတဲ့
အတွေးတွေ တစ်စီတစ်တန်းကြီး
ခေါင်းထဲ ဝင်လာတဲ့အခါ ကျွန်မ မှာ ဝမ်းနည်းရတယ်
အဲ့ဒီအစားဒေါသတွေ ထွက်ခဲ့မိတာပါ ။
နားလည်မပေးနိုင်တာမဟုတ်ပဲ မျှော်နေပါလားဆိုတဲ့
အသိလေးရှိစေချင်တာ ။
နောက်ဆို ဖြစ်နိုင်မယ်လို့ထင်တဲ့ ကတိတွေကိုပဲပေးပါ ။
ကတိတွေပေးထားပြီးတဲ့အခါ အနည်းနဲ့အများတော့
မျှော်လင့်တတ်ကြတာ သဘာဝပါပဲ ။
အဲ့ဒီ ကတိပျက်ခြင်းတွေ အနောက်မှာ
ကျွန်မတို့ရဲ့ ယုံကြည်ရဲတဲ့စိတ်တွေ ကပ်ပါသွားတတ်တယ် ။
ဖြစ်လာမှာ မဟုတ်ပါဘူးဆိုတဲ့ အတွေးတွေ
ခေါင်းထဲစွဲသွားတဲ့အခါ မယုံကြည်နိုင်တာလားဆိုတဲ့
မေးခွန်းတွေ မေးရလောက်တဲ့အထိ
ကျွန်မ မမျှော်လင့်တတ်ပဲ ဖြစ်သွားလိမ့်မယ် ။
တကယ်တမ်းကျတော့
ကျွန်မ… မျှော်လင့်သင့်သလောက် မျှော်လင့်ခဲ့ဖူးသလို
ယုံကြည်သင့်တာတွေထက် ပိုပြီး ယုံကြည်ခဲ့မိတာပါ …
အဲ့တာတွေ ဖြစ်မလာတဲ့အခါ
ကျွန်မမှာ မျှော်လင့်နေမိတဲ့စိတ်ကို မုန်းမိသွားတာ ။ ဒါပါပဲ ။
မိန်းမသားတို့အတွက်
သျှင်ယွန်;