ၾကားသိရသမွ်

မီးခိုးဖြစ်သွားတဲ့ ချစ်သူစုံတွဲနဲ့ မာယွန်မီးတောင်ရဲ့ နောက်ကွယ်က အချစ်ရာဇဝင်

ဖိလစ်ပိုင်နိုင်ငံ၊ မှာတည်ရှိတဲ့ မာယွန်မီးတောင်ဟာ အမြင့်ပေ (၈)ထောင်ကျော် မြင့်မားပြီး လက်တလောမှာလည်း မီးတောင်ပြွန်ဝကနေ မီးခိုနဲ့ ပြာတွေမှုတ်ထုတ်နေဆဲဖြစ်လို့ SOS Alert ထုတ်ပြန်ထားရဆဲပါဘဲ။ ပြီးခဲ့တဲ့လ ဇန်နဝါရီ(၁၈)ရက်နေ့ အစောပိုင်းက မာယွန်မီးတောင်မှ မှုတ်ထုတ်လိုက်တဲ့ မီးခိုးတွေဟာ ချစ်သူနှစ်ဦးရဲ့ ပုံစံမျိုးဖြစ်သွားတာကို ဓာတ်ပုံဆရာ Bro. Jun Santiago က အမိအရ ဖမ်းယူနိုင်ခဲ့ပါတယ်။

အဆိုပါဓာတ်ပုံဟာ ဖိလစ်ပိုင်လူမှုကွန်ယက်ပေါ်မှာ အများစိတ်ဝင်စားစရာ ဖြစ်ခဲ့ပြီး၊ ရှေးယခင် ဖိလစ်ပိုင်လူမျိုးအဆက်ဆက်က ပြောခဲ့တဲ့ ပါးစပ်ရာဖဝင်ပုံပြင်တစ်ခုလည်း မာယွန်မီတောင်နဲ့ပတ်သက်ပြီး ရှိနေခဲ့ပါတယ်။ ဒီပုံပြင်လေးကတော့ အချစ်ပုံပြင်လေးဆိုပေမယ့် ဇာတ်သိမ်းလှခဲ့တဲ့ ပုံပြင်တော့ မဟုတ်ပါဘူး။

ပုံပြင်ထဲမှာ မာဂယွန်လို့အမည်ရတဲ့ ငွေကြေးချမ်းသာသူ လုံမပျိုလေးဟာ သာမန်လူဆင်းရဲ့ လုလင်တစ်ယောက်နဲ့ လူငယ်ချင်းသဘာဝ ချစ်သူ ဖြစ်သွားခဲ့ပါတယ်။ ဒါကို မာဂယွန်ရဲ့ မိဘတွေက သဘောမတူပါဘူး။

ဒါကြောင့် မာဂယွန်ကို အမျိုးမျိုးချုပ်ချယ်မှုတွေ ပြုလုပ်ခဲ့ပြီး ဆင်းရဲသားကောင်လေးနဲ့ ဇာတ်လမ်းပျက်အောင် ကြံစည်ခဲ့ပါတယ်။

မာဂယွန်ဟာ ချစ်သူကောင်လေးကို ဘယ်လိုမှ မပျက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် လုလင်ပျိုနဲ့ မကြာခဏတွေ့ရအောင် ကြံစည်ခဲ့ပါတယ်။ ဒီလိုနဲ့ မာဂယွန်ရဲ့ မိဘတွေက တစ်ဖန်သိသွားပြန်တော့ ချုပ်ချယ်မှုစည်းတွေကို ထပ်တိုးလိုက်ပြန်ပါတယ်။

နေ့ဘက် မတွေ့ရတော့ မာဂယွန်က ညဘက်တွေ့ရအောင် ကြံစည်ပြန်ပါတယ်။ ဒါလည်း မာဂယွန်ရဲ့ မိဘတွေက သိသွားခဲ့ပါတယ်။

ဒီလိုနဲ့ နှစ်ယောက်သား ရက်အတန်ကြာ မတွေ့ရပါဘူး။ အချစ်ကြီးချစ်သူများဖြစ်ကြလို့ တစ်နည်းနည်းနဲ့ တွေ့အောင် ကြံစည်ကြပြန်ပါတယ်။ တွေ့ဆုံမှုအောင်မြင်သွားခဲ့ပြီး နှစ်ယောက်သား ဒီထက်ပိုပြီး မခွဲနိုင်လို့ ထွက်ပြေးကြဖို့ ကြံစည်ပါတယ်။ မာဂယွန်တို့ ထွက်ပြေးတဲ့နောက်ကိုလိုက်ဖို့ သူဌေးကြီးက လူသတ်သမားတွေ၊ မုဆိုးတွေ ငှားလွှတ်ပြီးလိုက်စေခဲ့ပါတယ်။

ပြေးရင်းလွှားရင်းနဲ့ လုလင်ပျိုဟာ မုဆိုးတွေပစ်လိုက်တဲ့ မြားထိပြီး ကွယ်လွန်ခဲ့ပါတယ်။ မာဂယွန်ကလည်း ချစ်သူမရှိတဲ့ဘဝမှာ လူဆက် မလုပ်လိုတော့ပြီလို့ စိတ်ပိုင်းပြီး မိမိကိုယ်ကိုယ် ဓားနဲ့ထိုးသတ်ပြီး အဆုံးစီရင်ခဲ့ပါတယ်။ သူတို့စုံတွဲကို မုဆိုးတွေ၊ လူသတ်သမားတွေက ကောင်းစွာ မီးသြင်္ဂိုဟ်ပြီး ထားရစ်ခဲ့ပါတယ်။

နှစ်ပေါင်းထောင်ချီ ကြာမြင့်တဲ့အခါမှာတော့ သူတို့ကို မီးသြင်္ဂိုဟ်ခဲ့ရာနေရာကနေ မီးတောင်ပုံစံ တောင်ထွဋ်ကြီး ဖြစ်ပေါ်လာခဲ့ပြီး၊ ချစ်သူစုံတွဲကို အသိအမှတ်ပြုသောအားဖြင့် မာယွန်မီးတောင်လို့ ခေါ်တွင်စေခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ယုံတမ်းပုံပြင်တစ်ပုဒ်ဆိုပေမယ့် ဖိလစ်ပိုင်လူမျိုးတွေကတော့ မာယွန်မီးတောင်ကို အချစ်နတ်တို့ ပူးဝင်နေတဲ့ မီးတောင်လို့ ယုံကြည်ကြပါတယ်။

အခုလို မီးခိုးချစ်သူဓာတ်ပုံတွေ ပြန်လည်ပေါ်ထွက်လာတဲ့အခါမှာတော့ ဒေသခံတွေက မာဂယွန်တို့ရဲ့ချစ်ခြင်း တစ်ဖန်ပြန်လည် နိုးထလာပြီလားလို့ ယုံကြည်နေကြပါတယ်။ ပုံပြင်တွေ ပါးစပ်ရာဇဝင်တွေဆိုတာ ယုံကြည်သူတွေအတွက်တော့ အလွန်ကို အနှစ်သာရရှိကြပြီး၊ မယုံကြည်သူတွေကလည်း တစ်သီးတစ်ခြားရှိနေဆဲပါ။

Credit:နတ်စည်တော် (Shwemom)

Unicode

မီးခိုးဖြစ်သွားတဲ့ ချစ်သူစုံတွဲနဲ့ မာယွန်မီးတောင်ရဲ့ နောက်ကွယ်က အချစ်ရာဇဝင်

ဖိလစ်ပိုင်နိုင်ငံ၊ မှာတည်ရှိတဲ့ မာယွန်မီးတောင်ဟာ အမြင့်ပေ (၈)ထောင်ကျော် မြင့်မားပြီး လက်တလောမှာလည်း မီးတောင်ပြွန်ဝကနေ မီးခိုနဲ့ ပြာတွေမှုတ်ထုတ်နေဆဲဖြစ်လို့ SOS Alert ထုတ်ပြန်ထားရဆဲပါဘဲ။ ပြီးခဲ့တဲ့လ ဇန်နဝါရီ(၁၈)ရက်နေ့ အစောပိုင်းက မာယွန်မီးတောင်မှ မှုတ်ထုတ်လိုက်တဲ့ မီးခိုးတွေဟာ ချစ်သူနှစ်ဦးရဲ့ ပုံစံမျိုးဖြစ်သွားတာကို ဓာတ်ပုံဆရာ Bro. Jun Santiago က အမိအရ ဖမ်းယူနိုင်ခဲ့ပါတယ်။

အဆိုပါဓာတ်ပုံဟာ ဖိလစ်ပိုင်လူမှုကွန်ယက်ပေါ်မှာ အများစိတ်ဝင်စားစရာ ဖြစ်ခဲ့ပြီး၊ ရှေးယခင် ဖိလစ်ပိုင်လူမျိုးအဆက်ဆက်က ပြောခဲ့တဲ့ ပါးစပ်ရာဖဝင်ပုံပြင်တစ်ခုလည်း မာယွန်မီတောင်နဲ့ပတ်သက်ပြီး ရှိနေခဲ့ပါတယ်။ ဒီပုံပြင်လေးကတော့ အချစ်ပုံပြင်လေးဆိုပေမယ့် ဇာတ်သိမ်းလှခဲ့တဲ့ ပုံပြင်တော့ မဟုတ်ပါဘူး။

ပုံပြင်ထဲမှာ မာဂယွန်လို့အမည်ရတဲ့ ငွေကြေးချမ်းသာသူ လုံမပျိုလေးဟာ သာမန်လူဆင်းရဲ့ လုလင်တစ်ယောက်နဲ့ လူငယ်ချင်းသဘာဝ ချစ်သူ ဖြစ်သွားခဲ့ပါတယ်။ ဒါကို မာဂယွန်ရဲ့ မိဘတွေက သဘောမတူပါဘူး။ ဒါကြောင့် မာဂယွန်ကို အမျိုးမျိုးချုပ်ချယ်မှုတွေ ပြုလုပ်ခဲ့ပြီး ဆင်းရဲသားကောင်လေးနဲ့ ဇာတ်လမ်းပျက်အောင် ကြံစည်ခဲ့ပါတယ်။

မာဂယွန်ဟာ ချစ်သူကောင်လေးကို ဘယ်လိုမှ မပျက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် လုလင်ပျိုနဲ့ မကြာခဏတွေ့ရအောင် ကြံစည်ခဲ့ပါတယ်။ ဒီလိုနဲ့ မာဂယွန်ရဲ့ မိဘတွေက တစ်ဖန်သိသွားပြန်တော့ ချုပ်ချယ်မှုစည်းတွေကို ထပ်တိုးလိုက်ပြန်ပါတယ်။ နေ့ဘက် မတွေ့ရတော့ မာဂယွန်က ညဘက်တွေ့ရအောင် ကြံစည်ပြန်ပါတယ်။ ဒါလည်း မာဂယွန်ရဲ့ မိဘတွေက သိသွားခဲ့ပါတယ်။