ၾကားသိရသမွ်

ဒီနေ့အဖေ့ကိုဆေးခန်းပြဖို့သွားရင်း ကိုယ့်ရှေ့မှာ ဖြစ်သွားတဲ့ဖြစ်ရပ်လေးကြောင့်မျက်ရည်ကျခဲ့ရတယ်

ဒီပုံတင်ရတာ တကယ်စိတ်မကောင်းဘူးဗျာ

ဒီနေ့ အဖေ့ကိုဆေးခန်းပြဖို့သွားရင်းကိုယ့်အရှေ့တင်ဖြစ်သွားတာပါ

အဒေါ်ကြီးတစ်ယောက် ဘေးကသူ့သားလေးပရုတ်တရက် O2ပြတ်ပြီးအသက်ဆုံးရှုံးသွားခဲ့ရတယ်

အသက်ကတော့ ၄၈ဝန်းကျင်ပါဒီနေ့မှ ကိုဗစ်လာစစ်တယ် pတဲ့စစ်ပြီးမကြာဘူး အသက်ရှူကြပ်ပြီး
ဆုံးသွားတယ် သူမသေခင် ဘယ်လိုအခြေအနေ
ဖြစ်ခဲ့မလဲဆိုတာ မြေကြီးပေါ်ခင်ထားတာကိုပဲ
ကြည့်ပါဗျာ

သားဖြစ်သူမှာ ”ကျွန်တော့်အမေကိုကယ်ကြပါဦးဗျာ” အော်နေခဲ့ပေမယ့် ဘယ်သူမှမကယ်ပေးနိုင်ခဲ့ဘူး ”အမေ အမေ”လို့အဆက်မပြတ် သူအော်ငိုနေတာကိုကြည့်ပြီးကိုယ့်အမေသာဆို ကိုယ်ဘယ်လိုခံစားရမလဲဆိုပြီး မျက်ရည်ကျခဲ့ရတယ်

တကယ်ဖြစ်ရင် ဘယ်သူ့ကိုမှ အကူညီတောင်းဖို့
ဆိုတာ မလွယ်ကူပါဘူး မဖြစ်ခင်ကြိုတင်ကာကွယ်ဖို့သာ အဓိကပါ

ဒီနေ့အတွက် တကယ်ကိုစိတ်မကောင်းဖြစ်ခဲ့ရပါတယ် တကယ်ကိုကြောက်စရာကောင်းပါတယ်ဗျာ

အားလုံးပဲ အထူးဂရုစိုက်ဖို့လိုနေပါပြီ

Crd