ဗဟုသုတ

အနာခံမှ အသာစံရမယ် (အရမ်းကောင်းတဲ့ ပုံပြင်လေး တပုဒ်ပါ)

လှပတဲ့ မြို့လေးတစ်မြို့ရဲ့ မြို့လယ်ခေါင်မှာ ပြတိုက်လေးတစ်ခု ရှိပါတယ်။ အဲဒီပြတိုက်လေးဟာ နေ့စဉ် နိုင်ငံတကာက လာရောက်ကြည့်ရှုသူတွေနဲ့ စည်ကားနေပါတယ်။ ပြတိုက်ကို လူတွေအများကြီး လာရောက်ကြည့်ကြတဲ့ အကြောင်းရင်းက ပြတိုက်ရဲ့ ခန်းမတစ်ခုထဲမှာ ပြထားတဲ့ လက်ရာမြောက်လှပလွန်းတဲ့ အဖြူရောင် စကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့ လူပုံ ရုပ်ထုကြီးတစ်ခုကို လာကြည့်ကြတာပါ။ တစ်ရက် ပြခန်းကိုမဖွင့်ခင်မှာ ပြခန်းရဲ့ကြမ်းကို ခင်းထားတဲ့ စကျင်ကျောက်ပြားက ရုပ်ထုကို လှမ်းစကားပြောလိုက်တယ်။

ကျောက်ပြား . . . “ဟေ့ကောင် ရုပ်ထု၊ လူတွေဟာ မင်းကို ရင်သပ်ရှုမောလာကြည့်ကြတယ်။ မင်းကို လှပလွန်းတယ်ဆိုပြီး ချီးကျူးကြတယ်။ ငါ့ကိုကျတော့ တစ်ယောက်မှ ဂရုမစိုက်တဲ့အပြင် ငါ့အပေါ်လည်း ဖိနပ်တွေနဲ့ တက်နင်းကြသေးတယ်။ လောကကြီး မတရားဘူးပါကွာ၊ ဟုတ်တယ် မဟုတ်လား”

ရုပ်ထု . . . “မိတ်ဆွေကျောက်ပြားရယ်၊ ငါတို့ဟာ တောင်ကြားတစ်ခုက အတူနေလာခဲ့ကြတဲ့ စကျင်ကျောက်တွေ အတူတူပါပဲလေ။ အဲဒီလို စိတ်မပျက်ပါနဲ့ဗျာ”

ကျောက်ပြား . . . “စိတ်ပျက်တာထက် ငါဝမ်းနည်းတာကွ။ မင်းပဲ စဉ်းစားကြည့်လေ။ ငါတို့ဟာ တစ်နေရာထဲမှာ တွေ့တဲ့ စကျင်ကျောက်ချင်းအတူတူ လူတွေက မင်းကို ကြည့်ပြီး ချီးပွမ်းကြတယ်။ ငါ့ကိုတော့ ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် မအောက်မေ့ကြဘူးကွာ”

ရုပ်ထု . . . “မိတ်ဆွေ ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ပန်းပုဆရာက ပထမဆုံး ထုလုပ်တဲ့ နေ့ကို မှတ်မိသေးရဲ့လား။ သူက မိတ်ဆွေကို ရုပ်ထုအဖြစ် အရင်ထုလုပ်တာလေ။ မိတ်ဆွေက သူထုတာကို မခံချင်လို့ ငြင်းတာလေ”

ကျောက်ပြား . . . “ငါကောင်းကောင်း မှတ်မိတာပေါ့ကွာ။ သူ ငါ့ကို တူနဲ့ ဆောက်ကို သုံးပြီး ငါ့ကို ဖဲ့တော့ ငါအရမ်းနာတာ ပေါ့ကွာ။ ဒါကြောင့် သူထုတဲ့နေရာက ငါ့အသားကို အပဲ့မခံဘဲ တခြားနေရာတွေကို ပဲ့ပေးလိုက်တယ်လေ။ ငါ စိတ်ပျက် နေတဲ့ အဲဒီလူကြီးမျက်နှာကို မြင်ယောင်နေသေးတယ်။ ငါ အဲဒီလူကြီးကို အရမ်းမုန်းတယ်ကွာ”

ရုပ်ထု . . . “သူဟာ မိတ်ဆွေကို ရုပ်ထု,ထုဖို့ ကြိုးစားတိုင်း မိတ်ဆွေက သူထုတဲ့ နေရက အသားကို မပဲ့ဘဲ မဆိုင်တဲ့ နေရာတွေက အသားတွေ ပဲ့ပြတယ်။ သူလည်း မိတ်ဆွေကို အမျိုးမျိုးကြိုးစားထုပေမယ့် ဘယ်လိုမှ ထုမရလို့ လက်လျှော့ လိုက်တယ်။ ဒါကြောင့် သူက ငါ့ကို တူ ဆောက်တွေနဲ့ ထုပြန်တယ်။ ငါ အရမ်းနာကျင်ပေမယ့် ကြိတ်မှိတ်ပြီး သည်းခံတယ်။ ငါ ဘာကြောင့် သည်းခံခဲ့တာလဲဆိုတော့ သူဟာ ငါ့ကို အလွန်လှပတဲ့ ရုပ်ထုဖြစ်အောင် လုပ်ပေးနေမှန်း သိလို့ပါ”

ကျောက်ပြား . . . “’ဒါပေမဲ့ သူ ထုတာတွေက အရမ်းနာတယ်ကွ။ ငါ မခံနိုင်ဘူး”

ရုပ်ထု . . . “မိတ်ဆွေရယ်၊ လောကမှာ တစ်ခုခုကို လိုချင်ရင် တစ်ခုခုကို ပြန်ပေးဆပ်ရတယ်ဆိုတဲ့ စကားရှိပါတယ်။ မိတ်ဆွေကို လှပတဲ့ ရုပ်ထုဖြစ်အောင် ပန်းပုဆရာက ပထမဆုံး အခွင့်အရေးပေးခဲ့တာပါ။ ဒါပေမဲ့ မိတ်ဆွေဟာ အသားနာ တာ အသားပဲ့တာကို မခံနိုင်လို့ အဲဒီအခွင့်အလမ်းကို ငြင်းပယ်တာကြောင့် လူတကာရဲ့ ဖိနပ်တွေနဲ့ တက်နင်း ခံနေရတဲ့ ကြမ်းခင်းကျောက်ပြားဖြစ်နေတယ်ပါ။ တကယ်တော့ ဘယ်သူမပြု မိမိမှုပါလေ”

ကျောက်ပြားလည်း ဘာမှပြန်မပြောတော့ဘဲ ငြိမ်နေပြီး အခွင့်အလမ်းရတာကို မယူခဲ့တဲ့ သူ့အဖြစ်ကို ပြန်တွေးရင်း နောင်တရနေပါတယ်။

ဒါဟာ ပုံပြင်လေးဆိုပေမယ့် သင်ခန်းစာယူစရာတွေ ပါနေပါတယ်။ ကျွန်တော်တို့လည်း ဘဝမှာ အခွင့်အလမ်းတွေ ရတတ် ကြပါတယ်။ ဒါပေမဲ့ အခွင့်အလမ်းကို ယူလိုက်ရင် ပင်ပန်းမယ်၊ စိတ်မသက်မသာဖြစ်မယ်၊ နာကျင်မယ်၊ ပျော်သလို မနေနိုင် တော့ဘူးဆိုပြီး အခွင့်အလမ်းကို လက်လွှတ်ဆုံးရှုံးခံလိုက်တယ်။ အဲဒီလိုဖြစ်ရင် ကြမ်းခင်းကျောက်ပြားလိုပဲ နောင်မှ နောင်တ ရ တဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ရမယ်ဆိုတာကို သတိပြုစေချင်ပါတယ်။

Credit:ဗန်းမော်သိန်းဖေ

Unicode