ဗဟုသုတ

ချွေးနဲ့ရင်းပြီး ရှာထားတဲ့ ပိုက်ဆံ (ဒီစာဖတ်ပြီးရင် သင့်အတွက်မှတ်သားစရာ ကျန်ခဲ့မှာပါ)

ချွေးနဲ့ရင်းပြီး ရွာထားတဲ့ ပိုက်ဆံ (ဒီစာဖတ်ပြီးရင် သင့်အတွက်မှတ်သားစရာ ကျန်ခဲ့မှာပါ)

အလွန်ချမ်းသာတဲ့သူဌေးကြီးလင်မယားမှာ သားတစ်ယောက်ရှိတယ်။တစ်ဦးတည်းသောသားမို့အဖေရောအမေပါအလိုလိုက်ထားတယ်။ကလေးဟာငယ်ကထဲကအလိုလိုက်ခံထားရလို့ အိမ်မှာဘာအလုပ်မှမလုပ်ချင်ဘူး။ပျင်းတယ်။ပျင်းတာမှအရမ်းကိုပျင်းတယ်။

သူ့သားအသက် ၁၃ နှစ်အရွယ်မှာ သူဌေးကြီးဟာစိုးရိမ်လာတယ်သူသေသွားရင်ရှိသမျှအမွေတွေကိုသူ့သားကိုပေးခဲ့ရမယ်။အခုသူ့သားပုံစံကအမွေတွေရလာရင်ဘာအလုပ်မှမလုပ်ဘဲထိုင်စားနေမယ့်ပုံပဲ။သူဌေးကြီးဟာသူ့သားကိုအလုပ်ရဲ့ တန်ဖိုးကိုသိစေချင်လို့ တစ်ခုခုလုပ်ဖို့အကြံထုတ်တယ်။

နောက်တစ်နေ့ညနေကျောင်းဆင်းပြန်လာတဲ့သားကိုသူဌေးကြီးကခုလိုပြောလိုက်တယ်။ငါ့သားဒီညနေအလုပ်တစ်ခုလုပ်ပြီးထမင်းဖိုးပိုက်ဆံရအောင်ရှာလာခဲ့။ပိုက်ဆံရမလာရင်ဒီညမင်းကိုညစာမကျွေးဘူး။

ကလေးဟာအလုပ်မလုပ်ချင်ဘူး။ဘာအလုပ်လုပ်ရမှန်းလည်းမသိလို့ငိုပြီးတခြားအိမ်ကိုအလည်သွားနေတဲ့အမေကိုသွားပြောတယ်။သူ့အမေဟာသူ့ယောက်ျားကိုအတော်စိတ်ဆိုးသွားတယ်။ဒါပေမဲ့သူ့ယောက်ျားရဲ့ စိတ်ကိုသူသိတယ်။သူပြောသလိုကလေးပိုက်ဆံပါမလာရင်ထမင်းတကယ်မကျွေးဘူးဆိုတာကိုသိလို့သူ့သားကိုငွေ ၂ ထောင်ကျပ်ထုတ်ပေးလိုက်တယ်။ကလေးလည်းအဲဒီပိုက်ဆံကိုကိုင်ပြီးအိမ်ကိုပြန်ပြေးသွားတယ်။

အိမ်ရောက်တော့အဖေကအလုပ်လုပ်ခဲ့လားလို့မေးတယ်။သူကလုပ်ခဲ့ပါတယ်ဆိုပြီးငွေ ၂ ထောင်ကျပ်ကိုပြလိုက်တယ်။သူဌေးကြီးဟာသူ့သားပုံစံကိုကြည့်ပြီးအဲဒီပိုက်ဆံဟာအလုပ်လုပ်လို့ရတာမဟုတ်ဘဲသူများဆီကတောင်းလာတာမှန်းရိပ်မိတယ်။ဒါပေမယ့်သူကပိုက်ဆံကိုဘာအလုပ်လုပ်လို့ရလာသလဲမမေးဘဲအဲဒီပိုက်ဆံကိုရေတွင်းထဲပစ်ချလိုက်လို့ပြောလိုက်တယ်။ကလေးကလည်းချက်ချင်းပဲပိုက်ဆံကိုရေတွင်းထဲပစ်ချလိုက်တယ်။

နောက်တစ်နေ့ညနေရောက်ပြန်တော့ကျောင်းဆင်းပြန်လာတဲ့သားကိုသူဌေးကြီးကမနေ့ကလိုပဲပြောလိုက်တယ်။ငါ့သားဒီညနေအလုပ်တစ်ခုလုပ်ပြီးထမင်းဖိုးပိုက်ဆံရအောင်ရှာလာခဲ့။ပိုက်ဆံရမလာရင်ဒီညမင်းကိုညစာမကျွေးဘူး။ဒီတစ်ခါတော့ကလေးအမေဟာတခြားမြို့မှာနေမကောင်းဖြစ်နေတဲ့သူ့အဖေဆီသွားနေလို့အိမ်မှာမရှိဘူး။

ဒါပေမယ့်ကလေးအတွက်ကိစ္စမရှိဘူး။တခြားရပ်ကွက်မှာနေတဲ့အဒေါ်ဆီပြေးပြီးပိုက်ဆံသွားတောင်းတယ်။အိမ်ကိုပိုက်ဆံပါမသွားရင်ညစာစားရမှာမဟုတ်ဘူးဆိုလို့ အဒေါ်ကသနားပြီးငွေ ၂ထောင်ကျပ်ပေးလိုက်တယ်။ကလေးလည်းအဲဒီပိုက်ဆံကိုကိုင်ပြီးအိမ်ကိုပြန်ပြေးသွားတယ်။အိမ်ရောက်တော့အဖေကအလုပ်လုပ်ခဲ့လားလို့မေးတယ်။သူကလုပ်ခဲ့ပါတယ်ဆိုပြီးငွေ၂ထောင်ကျပ်ကိုပြလိုက်တယ်

ဒီတစ်ခါလည်းသူဌေးကြီးဟာအဲဒီပိုက်ဆံကိုရေတွင်းထဲပစ်ချလိုက်လို့ပြောလိုက်တယ်။ကလေးကလည်ချက်ချင်းပဲ ပိုက်ဆံကိုရေတွင်းထဲပစ်ချလိုက်တယ်။နောက်တစ်နေ့ညနေရောက်ပြန်ပြီ။ကျောင်းဆင်းပြန်လာတဲ့သားကိုသူဌေးကြီးကမနေ့ကလိုပဲပြောလိုက်တယ်။ ငါ့သားဒီညနေအလုပ်တစ်ခုလုပ်ပြီးထမင်းဖိုးပိုက်ဆံရအောင်ရှာလာခဲ့။ပိုက်ဆံရမလာရင်ဒီညမင်းကိုညစာမကျွေးဘူး။

ဒီတစ်ခါမှာကလေးအတွက်အကျပ်တွေ့နေတယ်။တခြားမြို့ကိုသွားနေတဲ့အမေကပြန်ရောက်မလာသေးဘူး။အဒေါ်ဆီသွားတော့လည်းသူ့အိမ်မှာမတွေ့ရဘူး။ဒါနဲ့သစ်ပင်ရိပ်တစ်ခုအောက်မှာငုတ်တုတ်လေးထိုင်ပြီးငိုနေတယ်။ဘေးကဖြတ်သွားတဲ့အဖိုးကြီးတစ်ယောက်ကသူ့ကိုဘာကြောင့်ငိုနေတာလဲလို့မေးတော့ကလေးကအလုပ်လုပ်တဲ့ပိုက်ဆံပါမသွားရင်ညစာစားရမှာမဟုတ်ဘူးလို့အကျိုးအကြောင်းပြောပြတယ်။

အဖိုးကြီးဟာဟိုတယ်ကြီးတစ်ခုရဲ့ပိုင်ရှင်ဖြစ်တယ်။နောက်ပြီးကလေးအဖေရဲ့သူငယ်ချင်းပါ။ကလေးကတော့မသိပါဘူး။အဖိုးကြီးက ကေလးကို ဟိုတယ်ကိုလိုက်ခဲ့။သူအလုပ်ပေးမယ်။ပိုက်ဆံလည်းပေးမယ်ဆိုလို့ကလေးလည်းလိုက်သွားတယ်။ဟိုတယ်ရောက်တော့အဖိုးကြီးက ကလေးကိုဟိုတယ်မီးဖိုချောင်မှာပုံနေတဲ့ ပန်းကန်တွေတစ်ထပ်ကြီးကို ဆေးခိုင်းတယ်။ပြီးရင်အဝတ်နဲ့ပန်းကန်တွေကိုခြောက်အောင်သုတ်ခိုင်းတယ်။မီးဖိုခန်းကိုရေဆေး ဆေးကြောခိုင်းတယ်။

ကေလးဟာ ၂ နာရီကြာအောင် ပင်ပင်ပန်းပန်းလုပ်ပြီးတဲ့အခါမှာအဖိုးကြီးကသူ့ကိုငွေ ၂ ထောင်ကျပ်ထုတ်ပေးလိုက်တယ်။ကလေးဟာတစ်ခါမှအလုပ်မလုပ်ဖူးတော့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတယ်။သူဟာပိုက်ဆံကိုကျစ်ကျစ်ပါအောင်လက်ထဲမှာဆုပ်ကိုင်ပြီး အိမ်ကိုပြန်ပြေးတယ်။အိမ်ရောက်တော့အဖေကအလုပ်လုပ်ခဲ့လားလို့မေးတယ်။ သူကလုပ်ခဲ့ပါတယ်ဆိုပြီးငွေ ၂ ထောင်ကျပ်ကိုပြလိုက်တယ်။

ဒီတစ်ခါလည်းသူဌေးကြီးဟာအဲဒီပိုက်ဆံကိုရေတွင်းထဲပစ်ချလိုက်လို့ပြောလိုက်တယ်။ဒီတစ်ခါမှာတော့ကလေးကပိုက်ဆံကိုရေတွင်းထဲပစ်မချနိုင်ဘူးလို့ပြန်ပြောတယ်။သူဌေးကြီးကဘာကြောင့်အရင်လိုပစ်မချရတာလဲလို့မေးတော့ ကေလးက သူ့တစ်ကိုယ်လုံးနာကျင်ကိုက်ခဲပြီးချွေးတစ်လုံးလုံးနဲ့ရှာထားတဲ့ပိုက်ဆံမို့မပစ်ရက်ဘူးလို့ငိုပြီးပြောတယ်။

ဒီအခါမှာသူဌေးကြီးကသူ့သားကိုခုလိုပြောလိုက်တယ်။ချွေးနဲ့ ရင်းပြီး ရွာထားတဲ့ပိုက်ဆံကို ဘယ်သူမွ မဖြုန်းရက်ဘူးကွ တဲ့။အဲဒီညမှာသူဌေးကြီးဟာစိတ်ချမ်ချမ်းသာသာနဲ့အိပ်ယာဝင်သွားပါတယ်။

Credit to original writer