ၾကားသိရသမွ်

ဒေါ်အောင်ဆန်းစုကြည် ပန်းမပန်တဲ့နေ့များ

သူ ဒီနေ့ ပန်းမပန်ပါ။

၂၀၂၁ ခုနှစ် မေလ ၂၄ ရက် နေပြည်တော်ကောင်စီ တစ်နေရာမှာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၁၀၀ ကျော်အတွင်းပထမဆုံး သူရဲ့ရုပ်ပုံကို မြင်တွေ့ရတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ ပန်ဆင်လေ့ရှိတဲ့ ပန်း ပန်မထားတာကို‌ တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။

ခိုပြာရောင်အင်္ကျီနဲ့ ဇင်းမယ်လုံချည် ဝတ်ထားပြီး ခေါင်းစည်းကြိုးပဲ စည်းထားတယ်လို့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင်ရသူ ရှေ့နေဒေါ်မင်းမင်းစိုးက သတင်းထောက်တွေကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး နောက် ပုဒ်မ (၅)ခု၊အမှု(၆)ခုနဲ့ တရားစွဲဆိုခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ဒီကနေ့ လူကိုယ်တိုင်ပထမဆုံး ရုံးထုတ်တဲ့နေ့လည်းဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာပြည်တွင်း ပြည်ပ အခမ်းအနားတွေနဲ့ ပြည်တွင်း ခရီးစဥ်တွေအားလုံးလိုလိုမှာ မြန်မာအမျိုးသမီးပီသစွာ ပန်းကို နှစ်နှစ် သက်သက် ပန်လေ့ရှိတယ်ဆိုတာ သူ့ကိုချစ်ခင်လေးစားသူတွေက ပြောကြပါတယ်။

သူ ပန်းပန်ရတဲ့အကြောင်းကိုလည်း စာတစ်စောင်ပေတဖွဲ့ အခုလိုမှတ်တမ်းတင်ထားတာကိုလည်း တွေ့ရပါတယ်။။

သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း သဘောကျ မြတ်နိုးခဲ့တဲ့ မိခင် ဒေါ်ခင်ကြည်ရဲ့ မိန်းမဆန်တဲ့ ပန်းပန်ခြင်းကို အတုယူပြီး အောင်ဆန်းစုကြည်ကလည်း နောက်ပိုင်းမှာ သူရဲ့ ဆံကေသာမှာ ပန်းတွေကို ပန်ခဲ့တာဖြစ်တယ်လို့ နယူးယောက်တိုင်းမ် သတင်းစာဆရာမ ရီနာ ပီဒါဆင်ရဲ့ မြန်မာ့နွေဦး စာအုပ်မှာရေးခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီနောက် နေပြည်တော်မှာ လူကိုယ်တိုင် ပထမဆုံး တရားရုံးထုတ်တဲ့နေ့မှာ သူဟာ ရှေ့နေနဲ့ နာရီဝက်ကြာတွေ့ခွင့်ရခဲ့ပါတယ်။

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးတို့ သီးသန့် တွေ့ဆုံမှုမှာတော့ ပြည်သူတွေကို သတင်းစကား ပါးခဲ့ပါသေးတယ်။

ပြည်သူတွေကျန်းမာစေဖို့အတွက် ဆုတောင်းပေးတယ်လို့ပြောသလို ပါတီထောင်တာကလည်း ပြည်သူတွေအတွက် ထောင်ထားတာဖြစ်လို့ ပြည်သူတွေရှိသရွေ့ ပါတီရှိနေပါမယ်လို့ ပြောတယ်လို့ဆိုပါတယ်။

တရားစွဲဆိုခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ သမ္မတဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ကိုလည်း ဒီကနေ့မှာပဲ တရားရုံးထုတ်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို နေပြည်တော် ကောင်စီ နယ်မြေထဲက အိမ်တစ်အိမ်မှာ သီးသန့် တရားရုံး လုပ်ပြီး ရုံးထုတ်စစ်ဆေးခဲ့တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုး က ပြောပါတယ်။

စစ်ကောင်စီက ထုတ်လွှင့်သွားတဲ့ ရုပ်သံပြကွက်မှာတော့ သူတို့ ၃ ဦးကို တရားခွင်အဖြစ် ပြင်ဆင်ထားတဲ့ အခန်းတစ်ခန်းထဲမှာ ဘေးချင်းယှဉ်လျက် ထိုင်နေကြတာတွေ့ရပြီး သူတို့ရဲ့နောက်မှာ ရပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း တွေ့ရပါတယ်။

သူတို့ ၃ ဦး ဟာ ထိန်းသိမ်းခံရပြီး ပြင်ပ ကမ္ဘာနဲ့ အဆက်ပြတ်နေပြီး အိပ်လိုက်စားလိုက် ဖြစ်နေရတယ်လို့ ပြောကြောင်းလည်း ဒေါ်မင်းမင်းစိုးကပြောပါတယ်။

“အမေက ပန်းတော့ ပန်မထားဘူး၊ ခေါင်းစည်းကွင်းလေးနဲ့ စည်းထားတယ်၊ အရင်လို ပေါ့ပေါ့ပါးပါးလန်းလန်းဆန်းဆန်းရှိပါတယ်”လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို အမေလို့ ရည်ညွှန်းခေါ်ဆိုပြီး ဒေါ်မင်းမင်းစိုးကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ သဘာဝ ဘေးအန္တရာယ် စီမံ ခန့်ခွဲမှု ဥပဒေနဲ့ ၂ မှု၊ ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ ၁ မှု၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ နဲ့ ၁ မှု၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာလည်း နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ နဲ့တရားစွဲဆို ထားခဲ့ပါတယ်။ ရန်ကုန်က အမှုအတွက်ကတော့ လက်ရှိမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို လွှဲပြောင်းထားတယ်လို့ ရှေ့နေတွေကပြောပါတယ်။

ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် နဲ့ဒေါက်တာမျိုးအောင် တို့ ကိုရှေ့နေ စုစုပေါင်း (၆)ဦးလိုက်ပါ အမှုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီကနေ့ရုံးချိန်းမှာ ဒေါက်တာမျိုးအောင်ရဲ့ရှေ့နေ ဦးသိန်းလှိုင်ထွန်း ကတော့ ဖမ်းဆီးခံခဲ့ရပါတယ်။သူ့ကိုနိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းခံရတာ ဖြစ်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပန်းမပန်တဲ့နေ့တွေလည်း အရင်က ရှိခဲ့ပါတယ် ။

အဲဒီရက်တွေကတော့ အာဇာနည်နေ့အခမ်းအနားတွေ၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ရဲ့စျာပန အခမ်းအနားတို့မှာ ပန်းပန်တာ မတွေ့ရဘူးလို့ ပြည်တွင်းက ဓာတ်ပုံဆရာတစ်ဦးကပြောပါတယ်။

၂၀၂၁ ခုနှစ်မေလ ၂၄ ရက်နေ့ ဟာစစ်အာဏာသိမ်းပြီး အမှု ၆ မှုနဲ့ တရားစွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး လူကိုယ်တိုင် ရုံးထုတ်တဲ့နေ့ ဖြစ်ပါတယ်။

ထိုအတူ ဒီနေ့ဟာ သူပန်းမပန်ခဲ့တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။

————————

သူ ဒီေန႔ ပန္းမပန္ပါ။

၂၀၂၁ ခုႏွစ္ ေမလ ၂၄ ရက္ ေနျပည္ေတာ္ေကာင္စီ တစ္ေနရာမွာ ျဖစ္ပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ ရက္ေပါင္း ၁၀၀ ေက်ာ္အတြင္းပထမဆုံး သူရဲ႕႐ုပ္ပုံကို ျမင္ေတြ႕ရတဲ့အခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ သူ ပန္ဆင္ေလ့ရွိတဲ့ ပန္း ပန္မထားတာကို‌ ေတြ႕ခဲ့ၾကရတာ ျဖစ္ပါတယ္။

ခိုျပာေရာင္အက်ႌနဲ႔ ဇင္းမယ္လုံခ်ည္ ဝတ္ထားၿပီး ေခါင္းစည္းႀကိဳးပဲ စည္းထားတယ္လို႔ ဒီေန႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ခြင္ရသူ ေရွ႕ေနေဒၚမင္းမင္းစိုးက သတင္းေထာက္ေတြကို ေျပာပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီး ေနာက္ ပုဒ္မ (၅)ခု၊အမႈ(၆)ခုနဲ႔ တရားစြဲဆိုခံထားရတဲ့ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကို ဒီကေန႔ လူကိုယ္တိုင္ပထမဆုံး ႐ုံးထုတ္တဲ့ေန႔လည္းျဖစ္ပါတယ္။

ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဟာျပည္တြင္း ျပည္ပ အခမ္းအနားေတြနဲ႔ ျပည္တြင္း ခရီးစဥ္ေတြအားလုံးလိုလိုမွာ ျမန္မာအမ်ိဳးသမီးပီသစြာ ပန္းကို ႏွစ္ႏွစ္ သက္သက္ ပန္ေလ့ရွိတယ္ဆိုတာ သူ႔ကိုခ်စ္ခင္ေလးစားသူေတြက ေျပာၾကပါတယ္။

သူ ပန္းပန္ရတဲ့အေၾကာင္းကိုလည္း စာတစ္ေစာင္ေပတဖြဲ႕ အခုလိုမွတ္တမ္းတင္ထားတာကိုလည္း ေတြ႕ရပါတယ္။။

သူ႔ဖခင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း သေဘာက် ျမတ္ႏိုးခဲ့တဲ့ မိခင္ ေဒၚခင္ၾကည္ရဲ႕ မိန္းမဆန္တဲ့ ပန္းပန္ျခင္းကို အတုယူၿပီး ေအာင္ဆန္းစုၾကည္ကလည္း ေနာက္ပိုင္းမွာ သူရဲ႕ ဆံေကသာမွာ ပန္းေတြကို ပန္ခဲ့တာျဖစ္တယ္လို႔ နယူးေယာက္တိုင္းမ္ သတင္းစာဆရာမ ရီနာ ပီဒါဆင္ရဲ႕ ျမန္မာ့ေႏြဦး စာအုပ္မွာေရးခဲ့ပါတယ္။

စစ္အာဏာသိမ္းၿပီေနာက္ ေနျပည္ေတာ္မွာ လူကိုယ္တိုင္ ပထမဆုံး တရား႐ုံးထုတ္တဲ့ေန႔မွာ သူဟာ ေရွ႕ေနနဲ႔ နာရီဝက္ၾကာေတြ႕ခြင့္ရခဲ့ပါတယ္။

ဒီကေန႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သူ႔ရဲ႕ေရွ႕ေန ေဒၚမင္းမင္းစိုးတို႔ သီးသန႔္ ေတြ႕ဆုံမႈမွာေတာ့ ျပည္သူေတြကို သတင္းစကား ပါးခဲ့ပါေသးတယ္။

ျပည္သူေတြက်န္းမာေစဖို႔အတြက္ ဆုေတာင္းေပးတယ္လို႔ေျပာသလို ပါတီေထာင္တာကလည္း ျပည္သူေတြအတြက္ ေထာင္ထားတာျဖစ္လို႔ ျပည္သူေတြရွိသေ႐ြ႕ ပါတီရွိေနပါမယ္လို႔ ေျပာတယ္လို႔ဆိုပါတယ္။

တရားစြဲဆိုခံထားရတဲ့ ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔အတူ သမၼတဦးဝင္းျမင့္နဲ႔ ေဒါက္တာမ်ိဳးေအာင္တို႔ကိုလည္း ဒီကေန႔မွာပဲ တရား႐ုံးထုတ္ခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကို ေနျပည္ေတာ္ ေကာင္စီ နယ္ေျမထဲက အိမ္တစ္အိမ္မွာ သီးသန႔္ တရား႐ုံး လုပ္ၿပီး ႐ုံးထုတ္စစ္ေဆးခဲ့တာ ျဖစ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေရွ႕ေန ေဒၚမင္းမင္းစိုး က ေျပာပါတယ္။

စစ္ေကာင္စီက ထုတ္လႊင့္သြားတဲ့ ႐ုပ္သံျပကြက္မွာေတာ့ သူတို႔ ၃ ဦးကို တရားခြင္အျဖစ္ ျပင္ဆင္ထားတဲ့ အခန္းတစ္ခန္းထဲမွာ ေဘးခ်င္းယွဥ္လ်က္ ထိုင္ေနၾကတာေတြ႕ရၿပီး သူတို႔ရဲ႕ေနာက္မွာ ရပ္ေနတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကိုလည္း ေတြ႕ရပါတယ္။

သူတို႔ ၃ ဦး ဟာ ထိန္းသိမ္းခံရၿပီး ျပင္ပ ကမာၻနဲ႔ အဆက္ျပတ္ေနၿပီး အိပ္လိုက္စားလိုက္ ျဖစ္ေနရတယ္လို႔ ေျပာေၾကာင္းလည္း ေဒၚမင္းမင္းစိုးကေျပာပါတယ္။

“အေမက ပန္းေတာ့ ပန္မထားဘူး၊ ေခါင္းစည္းကြင္းေလးနဲ႔ စည္းထားတယ္၊ အရင္လို ေပါ့ေပါ့ပါးပါးလန္းလန္းဆန္းဆန္းရွိပါတယ္”လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္ကို အေမလို႔ ရည္ၫႊန္းေခၚဆိုၿပီး ေဒၚမင္းမင္းစိုးကေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္တရား႐ုံးမွာ သဘာဝ ေဘးအႏၲရာယ္ စီမံ ခန႔္ခြဲမႈ ဥပေဒနဲ႔ ၂ မႈ၊ ပို႔ကုန္/သြင္းကုန္ဥပေဒ ပုဒ္မ ၈ နဲ႔ ၁ မႈ၊ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၇ နဲ႔ ၁ မႈ၊ ႏိုင္ငံေတာ္ အၾကည္အညိဳ ပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ)နဲ႔ တရားစြဲဆိုခံထားရတာျဖစ္ပါတယ္။

ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးမွာလည္း ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒ နဲ႔တရားစြဲဆို ထားခဲ့ပါတယ္။ ရန္ကုန္က အမႈအတြက္ကေတာ့ လက္ရွိမွာ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္ကို လႊဲေျပာင္းထားတယ္လို႔ ေရွ႕ေနေတြကေျပာပါတယ္။

ဒီကေန႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္ နဲ႔ေဒါက္တာမ်ိဳးေအာင္ တို႔ ကိုေရွ႕ေန စုစုေပါင္း (၆)ဦးလိုက္ပါ အမႈေဆာင္႐ြက္ခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ ဒီကေန႔႐ုံးခ်ိန္းမွာ ေဒါက္တာမ်ိဳးေအာင္ရဲ႕ေရွ႕ေန ဦးသိန္းလႈိင္ထြန္း ကေတာ့ ဖမ္းဆီးခံခဲ့ရပါတယ္။သူ႔ကိုႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈနဲ႔ ဖမ္းခံရတာ ျဖစ္တယ္လို႔ ေရွ႕ေနေတြက ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ပန္းမပန္တဲ့ေန႔ေတြလည္း အရင္က ရွိခဲ့ပါတယ္ ။

အဲဒီရက္ေတြကေတာ့ အာဇာနည္ေန႔အခမ္းအနားေတြ၊ သတင္းစာဆရာႀကီး ဟံသာဝတီဦးဝင္းတင္ ရဲ႕စ်ာပန အခမ္းအနားတို႔မွာ ပန္းပန္တာ မေတြ႕ရဘူးလို႔ ျပည္တြင္းက ဓာတ္ပုံဆရာတစ္ဦးကေျပာပါတယ္။

၂၀၂၁ ခုႏွစ္ေမလ ၂၄ ရက္ေန႔ ဟာစစ္အာဏာသိမ္းၿပီး အမႈ ၆ မႈနဲ႔ တရားစြဲခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ပထမဆုံး လူကိုယ္တိုင္ ႐ုံးထုတ္တဲ့ေန႔ ျဖစ္ပါတယ္။

ထိုအတူ ဒီေန႔ဟာ သူပန္းမပန္ခဲ့တဲ့ ေန႔တစ္ေန႔လည္း ျဖစ္ပါတယ္။

BBC Burmese