ၾကားသိရသမွ်

သမီးရှင်များ သတိထားဖို့ပါ (နားနဲ့မနာ ဖဝါးနဲ့နာ ပါ)

မရေးချင်ပေမယ့်_ရေးလိုက်ပါဦးမည်။ဒီနေ့ဆေးခန်းမှာ case 2 ခု တပြိုင်တည်း ရပါသည်။ ပထမ case က ၂၃နှစ်ပါ။ကျမရဲ့ထုံးစံက ultrasoud ကြည့်ရင်း early pregnancy တွေ့ရင် ကိုယ်ဝန်ရှိနေပြီလို့ တခါတည်း တန်းမပြောပဲ အိမ်ထောင်ရှိလားလို့ အရင်မေးတတ်ပါတယ်။ အိမ်ထောင်မရှိတဲ့ ကိုယ်ဝန်ဆောင် တနေ့တခြား များလာတဲ့ခေတ်ကြီးမှာ လူနာနဲ့အဖော်ပါလာတဲ့သူကို မသိစေချင်လို့ပါ။

အိမ်ထောင်မရှိဘူးလို့ ဖြေတော့ ရည်းစားရောရှိလားပေါ့။ ရည်းစားလည်းမရှိဘူး ဆရာမ။ အဲ့သလိုဆိုပြန်တော့ မတတ်နိုင်တော့ သမီး ကိုယ်ဝန် ၆လပြည့်တော့မယ်။ အတူနေဖူးတဲ့ ယောကျ်ားတော့ ရှိကိုရှိနေမှာမို့ အဲဒီလူကို လက်ထပ်လိုက်ဖို့ ကြိုးစားပါလို့ ပြောလိုက်ရော.. ဆရာမရေ့ ကူပါကယ်ပါနဲ့ ငိုပါလေရော။..

အဲ့ဒါနဲ့ အဓိက ဘယ်သူနဲ့ရတဲ့ကိုယ်ဝန်လည်းဆိုတာပဲ အရေးကြီးဆုံးလေ.. အရင်ဆုံး လင်ကောင်ဖော်ရမှာမို့ ဘယ်သူနဲ့ရတာလည်းသမီး.. ပထမတော့မဖြေပါ…

ကဲ ဆရာမကိုမဖြေရင်လည်း အိမ်ကျရင် မိသားစုကိုဖြေပြီး အဲ့ဒီလူနဲ့ ယူဖို့ စီစဉ်ပေါ့လို့ပြောမှ အိမ်ကိုပြောလို့မဖြစ်ဖူး။ အိမ်ကိုပြောရင် အမေကြီး လဲသေသွားလိမ့်မယ်.။ ယူလို့လည်းမဖြစ်နိုင်ဘူး… ဆိုတော့ ဘယ်သူဖြစ်နေလို့လည်းသမီးလို့ ကျမထပ်မေးမိတော့ အကိုဝမ်းကွဲပါတဲ့ .. သမီးတို့အိမ်ကနေ GTC လာတက်တာပါတဲ့…။

သမီးတို့ ချစ်သူတွေလားဆိုတော့ မဟုတ်ဖူးတဲ့။ မဟုတ်ပဲနဲ့ ဘာလို့ အတူနေဖြစ်တာလည်းလို့ ထပ်မေးကြည့်တော့ အိမ်မှာ အားလုံးအပြင်သွားတဲ့နေ့ အကို ကျောင်းကပြန်လာရင်း သမီးကိုဆွဲပြီး အတူနေတာပါတဲ့။ မရုန်းဘူးလား။ မအော်ဘူးလားဆိုတဲ့ မေးခွန်းတွေကို ဆက်မဖြေပဲ ငူငူကြီး ငြိမ်နေပုံထောက်တော့ သူကိုယ်တိုင်က အလိုတူခဲ့ပုံပါပဲ။

အဲ့ဒါနဲ့ အိမ်ကိုဖွင့်ပြောပြီး ယူလိုက်တော့ပေါ့သမီးရယ် လို့ပဲ ပြောဖြစ်ပါသည်..။ သူကတော့ ယူလို့မရဘူး မောင်နှမဝမ်းကွဲတွေမို့ဆိုပြီး ထပ်ခါထပ်ခါ ပြောလာတော့ ယူလို့ ရလို့ ညားတောင်နေပြီသမီးရေ… ဒီဗိုက်က နောက်လဆို ဖုံးလို့မရတော့ဘူး။

ဒီလထဲမှာ လူကြီးတွေဖွင့်ပြောပြီး ဆွဲစိထားနိုင်မှ ရတော့မှာ.. အိမ်ကိုဖွင့်ပြောလိုက်လို့ အကြံပေးတော့ အိမ်ကိုတော့ လုံးဝအသိခံလို့မရ..။ ရတယ်။ သမီးဘာသာ ကြံအုံးမယ်လို့ ဉာဏ်ကြီးရှင်မမက ဆိုပါတယ်။

ဒီနေရာမှာ ကျမ ညီမလေးတွေကို သတိပေးချင်တာက ဒီလိုပြသနာ ကြုံလာခဲ့ရင် အရင်ဆုံး ကြိုးစားရမှာ လင်ကောင်ပေါ်ဖို့ ကလေးအဖေ ဖမ်းမိဖို့မို့ ဒီကိစ္စကို အရင်ဆုံးအသိပေးသင့်သူတွေက ညီမလေးတို့ရဲ့ အမေနဲ့ မိသားစုဝင်တွေကိုပါ။ ကိုယ်မှ အနေအထိုင်မတတ်ခဲ့တော့ ရိုက်လည်းခဏပေါ့လို့တော့ တွေးကြည့်လိုက်ပါ။

ဘယ်အမေ ဘယ်အကိုမှတော့ သေအောင် မသတ်နိုင်တာမို့ အနီးစပ်ဆုံးမိသားစုဝင်တွေကို အဓိက ယုံကြည်ပေးပြီး အကူအညီ တောင်းပေးစေချင်ပါတယ်။ နောက်တခုအကြံပေးချင်တာက ရှုပ်ထွေးလှတဲ့ အခုခေတ်ထဲမှာ သမီးမိန်းကလေးရှိတဲ့ အိမ်တိုင်းမှာ ယောကျ်ားလူပျို လူအို ဘယ်သူ့ကိုမဆို ယုံကြည်ပြီး တမိုးအောက်ထားမယ်ဆိုရင် သတိကြီးကြီးထားကြဖို့ လိုလာပြီဆိုတာပါပဲ။

ကိုယ့်သမီး လစဉ်ရာသီလာ မလာကို တစေ့တစောင်း အကဲခတ်ရမှာ လစဉ်မေမေတို့တာဝန် ဖြစ်နေပြီနော်

ကဲ..ထားပါလေ။ အဲ့ဒီ သမီးကြံပါမယ်ဆိုတဲ့ ရွှေဉာဏ်ရှင်မမလေးကို တတ်သလောက်မှတ်သလောက်နဲ့ ဆွေးနွေးဖိတ်ခေါ် အကြံပေး အပြီးမှာ ကျမ အခြားလူနာ ဆက်ကြည့်နေခဲ့ပါတယ်။ ၁၅မိနစ်လောက်သာခြားပြီး မမ OG ဝင်လာပါတယ် မြတ်သန့်ရေ..

ဒီမှာနင့် case ဟေ့.. စိတ်ပျက်လွန်းပေမယ့် ပေါက်ကရလျှောက်လုပ်ရင် ငါလည်း ဒုက္ခများမှာမို့ ကိုယ်တိုင်လာပို့တာ… ဆိုပြီး ၁၆နှစ်မပြည့်သေးတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဝင်လာပါတယ်။.

ရည်းစားလည်းမထားဖူး .. အိမ်အပြင်လည်း ထွက်မလည်တတ်တဲ့ ကလေးမလေးက ကိုယ်ဝန် .၄လကျော်နေပြီမို့ပါတဲ့။ သူ့အမေ.. မမ OG နဲ့ ကျမ အစ်အောက်မေးလိုက်တော့ တရားခံ ထွက်လာပါတယ်။ တရားခံက အမေရဲ့ အကိုကြီးပါဆိုတော့ ကျမနှုတ်ကတောင် သြော် ..ဘကြီးပေါ့ လုပ်ရက်လိုက်တာလို့ ငြီးမိပါတယ်။

ငယ်ငယ်လေးထဲက ဘဘကလည်းအရမ်းချစ် သူကလည်း ဘဘကို အရမ်းချစ်တာမို့ ဘကြီးက ညအိပ်ညနေ သူတို့အိမ်ကို အလည်လာတိုင်း မှာ ဘဘရဲ့အိပ်ရာထဲမှာ အတူသွားအိပ်ပါတယ်တဲ့။ ငယ်စဉ်ထဲကပေါ့။

ဘဘက ဟိုဟိုဒီဒီစမ်းတော့ သမီးက မလုပ်ပါနဲ့လို့ ပြောပါတယ်တဲ့။ ဒါပေမယ့် ဆေးပညာအရတော့ အမှန်တကယ်ငြင်းဆိုခြင်း မမြောက်ဘူး ပြောရမယ်ပေါ့။ ဘဘကလည်း ခုနောက်ပိုင်း ဆေးကုလာတယ်ဆိုပြီး ခဏခဏ ညအိပ်ညနေ လာပါတယ်တဲ့။ အသက် ၇၀ ဘဘခမျာ နေသာမကောင်းတယ် အစားအသောက်ကတော့ ကောင်းနေပုံပဲ

ဘယ်လိုပဲ သဘောတူသည်ဖြစ်စေ သဘောမတူပဲ လုပ်သည်ဖြစ်စေ အဲ့သလို ဆွေမျိုးရင်းနဲ့ ကိုယ်ဝန်ရတဲ့ မိန်းမငယ်တွေဟာ ချစ်သူနဲ့ ကိုယ်ဝန်ရတဲ့သူတွေထက် ပိုပြီး စိတ်ထိခိုက်ခံစားရပြီး အရိပ်မဲကြီး ပိုကျန်ရစ်ခဲ့ပြီမို့ မေမေတို့အနေနဲ့. ကိုယ့်သမီးလေး ဘယ်အရွယ်မဆို ဘယ်လို ယောက်ျားမျိုးနဲ့မှ နှစ်ဦးထဲလွှတ်မပေး လွှတ်မထားတော့ပဲ သတိကြီးကြီးနဲ့ ထိန်းသိမ်းတတ်ဖို့ အကြံပေးပါရစေ။

နောက်ပြီး ကလေးတွေကိုလည်း မိန်းမကိုယ်ကို တင်ပါးကို ပေါင်ကို ရင်သားကို မေမေနဲ့ ဖွားဖွားကလွဲလို့ မည်သူ့ကိုမှ မပြရ မထိတွေ့စေရ အကိုင်တွယ်မခံရကြောင်း တကယ်လို့ တဦးဦးက အဲ့သလို လုပ်လာခဲ့ရင်လည်း မေမေတို့ကို အရင်ဆုံးပြောဖို့ ငယ်စဉ်ထဲက သင်ကြားပေးဖို့ အကြံပေးရင်း ဒီနေ့ ကျမကြုံတွေ့ခဲ့ရတာလေးတွေကို ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်။

ပွင့်သောပန်းတိုင်း လှနိုင် မွှေးနိုင် လန်းနိုင်ပါစေ။

Credit to original writer