ကြက်ဟင်းခါးသီးနဲ့တူတဲ့ ဖေဖေ(သို့မဟုတ်) လူကြီးလူကောင်းတွေရဲ့ ကျင့်ကြံပုံ
လင်မယားနှစ်ယောက်ရှိတယ်။ယောက်ျားက ကြက်ဟင်းခါးသီး သိပ်ကြိုက်တယ်။မိန်းမက သိပ်မကြိုက်ဘူး။မကြိုက်တော့ သူဟင်းချက်တဲ့အခါ ကြက်ဟင်း ခါးသီး ချက်လေ့မရှိဘူး။ ယောက်ျားကကြိုက်တော့ သူကိုယ်တိုင်မီးဖိုချောင်ဝင်ရင်ကြက်ဟင်း ခါးသီးဟင်းက ပါကိုပါတယ်ကြက်ဟင်းခါးသီးစားရင် ကောင်းတယ်လို့ ယောက်ျားက အမြဲပြောတယ်။
မိန်းမမီးဖိုချောင်ဝင်လို့ ကြက်ဟင်းခါးသီးဟင်းမပါရင် ယောက်ျားက အပြစ်မပြောဘူး။ မချက်ရကောင်းလားလို့လည်း မဆူဘူး။ ကြက်ဟင်းခါးသီးစားရင် ကောင်းတယ်လို့ပဲပြောတယ်။
ကလေးရလာတော့ ကလေးကလည်း ကြက်ဟင်းခါးသီး မကြိုက်ဘူး။ ဒါပေမဲ့ အမေနဲ့ ဈေးသွားတဲ့အခါ.. မေမေ ကြက်ဟင်းခါးသီးဝယ်ပါ.. ဖေဖေကြိုက်တယ်လို့ ပြောတတ်တယ်။
တစ်နေ့မှာ မိန်းမမီးဖိုချောင်ဝင်တယ်။အသားနဲ့ ငရုတ်ပွကို သူကြော်ပြီး သားနဲ့သူ့အတွက် ဟင်းတစ်ဝက်ကို အရင်ဖယ်ထားလိုက်တယ်။ ကျန်တဲ့ တစ်ဝက်ထဲကြက်ဟင်းခါးသီးရောထည့်ကြော်တယ်။ ယောက်ျားအတွက်ပေါ့။ ဒါကို ယောက်ျားကတွေ့တော့ ဘာလို့ ခွဲကြော်သလဲမေးတယ်။ သားက ကြက်ဟင်းခါးသီးမကြိုက်တော့ အတူရောကြော်ရင် အသားတွေပါခါးသွားမှာစိုးလို့လို့ မိန်းမကပြောတယ်။
မိန်းမပြောတာကို နားထောင်ပြီးယောက်ျားက ရယ်တယ်။ အဲဒီနောက် ယောက်ျားကပြောတယ်။ကြက်ဟင်းခါးသီးဟာ ဘာနဲ့ရောကြော်ကြော် သူ့အခါးဓာတ်ကို သူနဲ့ရောကြော်တဲ့အရာထဲ ထည့်မပေးဘူး၊ အခါးဓာတ် ကူးမပေးဘူး.. သူက လူကြီးလူကောင်းလိုမျိုး အသီးပါ တဲ့။
ကြက်ဟင်းခါးသီးက သူ့အခါးဓာတ်ကို သူနဲ့ရောကြော်တဲ့အရာထဲ ကူးမပေးဘူးဆိုတာကို မိန်းမက ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်ပြီး အတူရောကြော်ထားတဲ့ အသားကိုစားကြည့်လိုက်တာ အဲဒီအသားက ခါးမနေတာကို တွေ့ရတယ်။
ဒါကို သားကသိတော့ ဖေဖေဟာလည်း လူကြီးလူကောင်းပါ.. သူကြိုက်တာကို မလုပ်ပေးလည်း မေမေ့ကိုတစ်ခါမှ အပြစ်မဆိုခဲ့ဘူး တဲ့။
(ကိုယ့်ဒေါသ၊ ကိုယ့်စိတ်ခံစားချက်၊အပျက်ဓာတ်၊ ကိုယ့်ရဲ့မကောင်းတာကို ကိုယ့်ဆီမှာပဲချုပ်ငြိမ်းသွားစေပြီး တခြားသူကို ကူးစက်မပေးတာဟာ လူကြီးလူကောင်းပါပဲ )
လူကြီးလူကောင်းများနှင့်သာ အမြဲတွေ့ဆုံနိုင်ကြပါစေ၊ကိုယ်တိုင်ကလည်း လူကြီးလူကောင်းကဲ့သို့ ကျင့်ကြံနေထိုင်နိုင်ကြပါစေ… ဆန္ဒပြုပါသည်။
Credit to original writer
ၾကက္ဟင္းခါးသီးနဲ႔တူတဲ့ ေဖေဖ(သို႔မဟုတ္) လူႀကီးလူေကာင္းေတြရဲ့ က်င့္ႀကံပုံ
လင္မယားႏွစ္ေယာက္ရွိတယ္။ေယာက္်ားက ၾကက္ဟင္းခါးသီး သိပ္ႀကိဳက္တယ္။မိန္းမက သိပ္မႀကိဳက္ဘူး။မႀကိဳက္ေတာ့ သူဟင္းခ်က္တဲ့အခါ ၾကက္ဟင္း ခါးသီး ခ်က္ေလ့မရွိဘူး။ ေယာက္်ားကႀကိဳက္ေတာ့ သူကိုယ္တိုင္မီးဖိုေခ်ာင္ဝင္ရင္ၾကက္ဟင္း ခါးသီးဟင္းက ပါကိုပါတယ္ၾကက္ဟင္းခါးသီးစားရင္ ေကာင္းတယ္လို႔ ေယာက္်ားက အျမဲေျပာတယ္။
မိန္းမမီးဖိုေခ်ာင္ဝင္လို႔ ၾကက္ဟင္းခါးသီးဟင္းမပါရင္ ေယာက္်ားက အျပစ္မေျပာဘူး။ မခ်က္ရေကာင္းလားလို႔လည္း မဆူဘူး။ ၾကက္ဟင္းခါးသီးစားရင္ ေကာင္းတယ္လို႔ပဲေျပာတယ္။
ကေလးရလာေတာ့ ကေလးကလည္း ၾကက္ဟင္းခါးသီး မႀကိဳက္ဘူး။ ဒါေပမဲ့ အေမနဲ႔ ေဈးသြားတဲ့အခါ.. ေမေမ ၾကက္ဟင္းခါးသီးဝယ္ပါ.. ေဖေဖႀကိဳက္တယ္လို႔ ေျပာတတ္တယ္။
တစ္ေန႔မွာ မိန္းမမီးဖိုေခ်ာင္ဝင္တယ္။အသားနဲ႔ င႐ုတ္ပြကို သူေၾကာ္ၿပီး သားနဲ႔သူ႔အတြက္ ဟင္းတစ္ဝက္ကို အရင္ဖယ္ထားလိုက္တယ္။ က်န္တဲ့ တစ္ဝက္ထဲၾကက္ဟင္းခါးသီးေရာထည့္ေၾကာ္တယ္။ ေယာက္်ားအတြက္ေပါ့။ ဒါကို ေယာက္်ားကေတြ႕ေတာ့ ဘာလို႔ ခြဲေၾကာ္သလဲေမးတယ္။ သားက ၾကက္ဟင္းခါးသီးမႀကိဳက္ေတာ့ အတူေရာေၾကာ္ရင္ အသားေတြပါခါးသြားမွာစိုးလို႔လို႔ မိန္းမကေျပာတယ္။
မိန္းမေျပာတာကို နားေထာင္ၿပီးေယာက္်ားက ရယ္တယ္။ အဲဒီေနာက္ ေယာက္်ားကေျပာတယ္။ၾကက္ဟင္းခါးသီးဟာ ဘာနဲ႔ေရာေၾကာ္ေၾကာ္ သူ႔အခါးဓာတ္ကို သူနဲ႔ေရာေၾကာ္တဲ့အရာထဲ ထည့္မေပးဘူး၊ အခါးဓာတ္ ကူးမေပးဘူး.. သူက လူႀကီးလူေကာင္းလိုမ်ိဳး အသီးပါ တဲ့။
ၾကက္ဟင္းခါးသီးက သူ႔အခါးဓာတ္ကို သူနဲ႔ေရာေၾကာ္တဲ့အရာထဲ ကူးမေပးဘူးဆိုတာကို မိန္းမက ယုံတစ္ဝက္ မယုံတစ္ဝက္ျဖစ္ၿပီး အတူေရာေၾကာ္ထားတဲ့ အသားကိုစားၾကည့္လိုက္တာ အဲဒီအသားက ခါးမေနတာကို ေတြ႕ရတယ္။
ဒါကို သားကသိေတာ့ ေဖေဖဟာလည္း လူႀကီးလူေကာင္းပါ.. သူႀကိဳက္တာကို မလုပ္ေပးလည္း ေမေမ့ကိုတစ္ခါမွ အျပစ္မဆိုခဲ့ဘူး တဲ့။
(ကိုယ့္ေဒါသ၊ ကိုယ့္စိတ္ခံစားခ်က္၊အပ်က္ဓာတ္၊ ကိုယ့္ရဲ့မေကာင္းတာကို ကိုယ့္ဆီမွာပဲခ်ဳပ္ၿငိမ္းသြားေစၿပီး တျခားသူကို ကူးစက္မေပးတာဟာ လူႀကီးလူေကာင္းပါပဲ )
လူႀကီးလူေကာင္းမ်ားႏွင့္သာ အျမဲေတြ႕ဆုံနိုင္ၾကပါေစ၊ကိုယ္တိုင္ကလည္း လူႀကီးလူေကာင္းကဲ့သို႔ က်င့္ႀကံေနထိုင္နိုင္ၾကပါေစ… ဆႏၵျပဳပါသည္။
Credit to original writer