အိမ်သာတက်ရင်း ဖုန်းကြာကြာ အသုံးပြုခြင်းဟာ လိပ်ခေါင်းရောဂါ ပိုမို ဖြစ်စေနိုင်…..
နည်းပညာကမ္ဘာကြီးမှာ လူတွေဟာ ဘယ်လိုနေရာမဆိုမှာ ဖုန်းသုံးတာဟာ အံ့သြစရာ မဟုတ်တော့ပါ။ အိပ်သာတက်ရင်းလည်း ဖုန်းသုံးကြတာပါပဲ။
အမှန်တကယ်ကတော့ မကြာသေးခင်က ပြုလုပ်တဲ့ သုတေသနတစ်ရပ်မှာ ဗြိတိန်နိုင်ငံသား ၅၇ ရာခိုင်နှုန်းဟာ အိပ်သာတက်ရင်း ဖုန်းသုံးကြတယ်လို့ သိရပါတယ်။
ဒီထဲမှာ ရှစ်ရာခိုင်နှုန်းက အိပ်သာတက်ရင်း ဖုန်းမပါမဖြစ်ဆိုတဲ့ သူတွေဖြစ်ပါတယ်။
ဒါပေမယ့် အိပ်သာတက်ရင်း ဖုန်းသုံးတယ်ဆိုတဲ့ အရေးဟာ စမ်းသပ်သုတေသနတွေ လုပ်ဖို့တော့ လိုပါမယ်။
ဘာကြောင့်လည်းဆိုတော့ ဆရာဝန်တွေက သတိပေးလာနေပါတယ်။
အိပ်သာတက်ရင်း ဖုန်းသုံးတာဟာ ကောင်းတဲ့ အကျင့်မဟုတ်ဘဲ ထိခိုက်မှုတွေ ဖြစ်နိုင်တယ်လို့ သတိပေးလာတာပါ။
အဲဒီလို အိပ်သာတက်ရင်း ဖုန်းသုံးတဲ့ အကျင့်ဟာ လိပ်ခေါင်းရောဂါ ဖြစ်စေနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးတာပဲ ဖြစ်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ ဖုန်းယူသွားပြီး အိပ်သာတက်ပြီဆိုရင် အိပ်သာထဲက တော်တော်နဲ့ ပြန်မထွက်လာတော့ပါ။
အချိန်ကြာကြာ အိပ်သာထဲ ထိုင်မိနေတာဖြစ်ပါတယ်။ အဲဒီလို ထိုင်နေတာကြောင့် စအိုဝ သွေးကြောတွေမှာ ဖိစီးမှု တိုးစေပါတယ်။
အိပ်သာတက်ချိန်ကြာပြီး လှုပ်ရှားမှု မရှိတဲ့ အနေအထားဟာ လိပ်ခေါင်းဖြစ်စေမယ့် ဘေးအန္တရာယ် ပိုများစေတယ်လို့ ဆရာဝန်တွေက သတိပေးလာတာပဲ ဖြစ်ပါတယ်။
“အချက်အလက်အမှန်ကတော့ သိဖို့ခက်တယ်။ ဘာလဲဆိုတော့ လိပ်ခေါင်းဖြစ်သူ ဘယ်လောက်ရှိသလဲဆိုတာကိုပါ။
တော်တော်များများက ဒီလို ဖြစ်တာကို သိပ်မပြောတတ်ကြဘူး။ ဒါကြောင့် သိဖို့ ခက်တာပေါ့။”လို့ ဆရာဝန်မ ရာရတ်ဂျာဗစ်က ပြောပါတယ်။
“ဒါပေမယ့် ယေဘုယျတွက်မယ်ဆို နှုန်းထား ၂၀ မှာ ၁ ယောက်ကနေ လေးယောက်မှာ တစ်ယောက်နှုန်းကြား လိပ်ခေါင်းရှိနိုင်တယ်။
အကြံပေးချင်တာကတော့ အိပ်သာထဲမှာ ဖုန်းသုံးနေတာကို ရှောင်ဖို့ပဲ အကြံပေးချင်ပါတယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။
Rf; The Sun
အိမ္သာတက္ရင္း ဖုန္းၾကာၾကာ အသုံးျပဳျခင္းဟာ လိပ္ေခါင္းေရာဂါ ပိုမို ျဖစ္ေစႏိုင္…..
နည္းပညာကမာၻႀကီးမွာ လူေတြဟာ ဘယ္လိုေနရာမဆိုမွာ ဖုန္းသုံးတာဟာ အံ့ၾသစရာ မဟုတ္ေတာ့ပါ။ အိပ္သာတက္ရင္းလည္း ဖုန္းသုံးၾကတာပါပဲ။
အမွန္တကယ္ကေတာ့ မၾကာေသးခင္က ျပဳလုပ္တဲ့ သုေတသနတစ္ရပ္မွာ ၿဗိတိန္ႏိုင္ငံသား ၅၇ ရာခိုင္ႏႈန္းဟာ အိပ္သာတက္ရင္း ဖုန္းသုံးၾကတယ္လို႔ သိရပါတယ္။
ဒီထဲမွာ ရွစ္ရာခိုင္ႏႈန္းက အိပ္သာတက္ရင္း ဖုန္းမပါမျဖစ္ဆိုတဲ့ သူေတြျဖစ္ပါတယ္။
ဒါေပမယ့္ အိပ္သာတက္ရင္း ဖုန္းသုံးတယ္ဆိုတဲ့ အေရးဟာ စမ္းသပ္သုေတသနေတြ လုပ္ဖို႔ေတာ့ လိုပါမယ္။
ဘာေၾကာင့္လည္းဆိုေတာ့ ဆရာဝန္ေတြက သတိေပးလာေနပါတယ္။
အိပ္သာတက္ရင္း ဖုန္းသုံးတာဟာ ေကာင္းတဲ့ အက်င့္မဟုတ္ဘဲ ထိခိုက္မႈေတြ ျဖစ္ႏိုင္တယ္လို႔ သတိေပးလာတာပါ။
အဲဒီလို အိပ္သာတက္ရင္း ဖုန္းသုံးတဲ့ အက်င့္ဟာ လိပ္ေခါင္းေရာဂါ ျဖစ္ေစႏိုင္တယ္လို႔ ဆရာဝန္ေတြက သတိေပးတာပဲ ျဖစ္ပါတယ္။
ဘာေၾကာင့္လည္းဆိုေတာ့ ဖုန္းယူသြားၿပီး အိပ္သာတက္ၿပီဆိုရင္ အိပ္သာထဲက ေတာ္ေတာ္နဲ႔ ျပန္မထြက္လာေတာ့ပါ။
အခ်ိန္ၾကာၾကာ အိပ္သာထဲ ထိုင္မိေနတာျဖစ္ပါတယ္။ အဲဒီလို ထိုင္ေနတာေၾကာင့္ စအိုဝ ေသြးေၾကာေတြမွာ ဖိစီးမႈ တိုးေစပါတယ္။
အိပ္သာတက္ခ်ိန္ၾကာၿပီး လႈပ္ရွားမႈ မရွိတဲ့ အေနအထားဟာ လိပ္ေခါင္းျဖစ္ေစမယ့္ ေဘးအႏၲရာယ္ ပိုမ်ားေစတယ္လို႔ ဆရာဝန္ေတြက သတိေပးလာတာပဲ ျဖစ္ပါတယ္။
“အခ်က္အလက္အမွန္ကေတာ့ သိဖို႔ခက္တယ္။ ဘာလဲဆိုေတာ့ လိပ္ေခါင္းျဖစ္သူ ဘယ္ေလာက္ရွိသလဲဆိုတာကိုပါ။
ေတာ္ေတာ္မ်ားမ်ားက ဒီလို ျဖစ္တာကို သိပ္မေျပာတတ္ၾကဘူး။ ဒါေၾကာင့္ သိဖို႔ ခက္တာေပါ့။”လို႔ ဆရာဝန္မ ရာရတ္ဂ်ာဗစ္က ေျပာပါတယ္။
“ဒါေပမယ့္ ေယဘုယ်တြက္မယ္ဆို ႏႈန္းထား ၂၀ မွာ ၁ ေယာက္ကေန ေလးေယာက္မွာ တစ္ေယာက္ႏႈန္းၾကား လိပ္ေခါင္းရွိႏိုင္တယ္။
အႀကံေပးခ်င္တာကေတာ့ အိပ္သာထဲမွာ ဖုန္းသုံးေနတာကို ေရွာင္ဖို႔ပဲ အႀကံေပးခ်င္ပါတယ္။”လို႔ ၎က ေျပာခဲ့ပါတယ္။
Rf; The Sun