ဗိုလ္ခ်ဳပ္႐ုပ္ရွင္မွာ ေဒၚခင္ၾကည္ေနရာကပါဝင္တဲ့ မဇာျခည္လင္း ေသြးကင္ဆာေရာဂါနဲ႔ကြယ္လြန္
ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ရွင္မွာဗိုလ္ခ်ဳပ္ဇနီးျဖစ္သူ ေဒၚခင္ၾကည္ေနရာက ပါဝင္သ႐ုပ္ေဆာင္တဲ့ သ႐ုပ္ေဆာင္မဇာျခည္လင္းဟာ ဒီကေန႔ဒီဇင္ဘာ ၁၀ရက္ညေန ၃နာရီဝန္းက်င္မွာ
ေသြးကင္ဆာေရာဂါနဲ႔ကြယ္လြန္သြားတယ္လို႔မိသားစုဝင္ေတြကေျပာပါတယ္
” လည္ေခ်ာင္းမွာအနာျဖစ္ၿပီး အစားအေသာက္မစားႏိုင္ေတာ့ဘူး။ အစားပိုက္သြင္းလုပ္ရင္းနဲ႔ အာဟာရျပတ္တာေနာက္ဆုံးေတာ့၊ ဒီေန႔ပုသိမ္ေဆး႐ုံမွာပဲ ဆုံး
သြားတာပါ” လို႔မဇာျခည္လင္းရဲ႕ ဦးေလးျဖစ္သူက ဘီဘီစီကိုေျပာပါတယ္

မဇာျခည္လင္းဟာ မူလတန္းေက်ာင္းအုပ္ဆရာမတစ္ေယာက္ျဖစ္ၿပီး အာဏာသိမ္းၿပီးကတည္း ကအာဏာဖီဆန္ေရးလႈပ္ရွားမႈ CDM မွာပါဝင္ခဲ့ၿပီး
သူ႔ရဲ႕ ကင္ဆာေရာဂါေဝဒနာကို ေဆးကုသမႈခံယူေနရသူတစ္ဦးျဖစ္တယ္လို႔မိသားစုဝင္ေတြကေျပာပါတယ္
ရန္ကုန္မွာေဆးကုသမႈခံယူေနရင္းကေန ေနထိုင္ရာဇာတိျဖစ္တဲ့ ပုသိမ္ၿမိဳ႕ကိုျပန္ၿပီး ၁၀ရက္ဝန္းက်င္ေလာက္မွာ ကြယ္လြန္ခဲ့တာျဖစ္ၿပီးကြယ္လြန္ခ်ိန္မွာ အသက္ ၃၇ ႏွ
စ္ရွိၿပီလို႔သိရပါတယ္
သူပါဝင္႐ိုက္ကူးခဲ့တဲ့ ဗိုလ္ခ်ဳပ္႐ုပ္ရွင္နဲ႔ပတ္သက္ၿပီး ႐ိုက္ကူးမႈၿပီးစီးသြားၿပီး အသံပိုင္းဆိုင္ရာဆက္လုပ္ေဆာင္ဖို႔ရွိတယ္ဆိုတဲ့အေျခအေနေလာက္ပဲ သိရတယ္လို႔မိသားစုဝင္ေ
တြကေျပာပါတယ္။BBC

ဗိုလ်ချုပ်ရုပ်ရှင်မှာ ဒေါ်ခင်ကြည်နေရာကပါဝင်တဲ့ မဇာခြည်လင်း သွေးကင်ဆာရောဂါနဲ့ကွယ်လွန်
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာဗိုလ်ချုပ်ဇနီးဖြစ်သူ ဒေါ်ခင်ကြည်နေရာက ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင်မဇာခြည်လင်းဟာ ဒီကနေ့ဒီဇင်ဘာ ၁၀ရက်ညနေ ၃နာရီ
ဝန်းကျင်မှာ သွေးကင်ဆာရောဂါနဲ့ကွယ်လွန်သွားတယ်လို့မိသားစုဝင်တွေကပြောပါတယ်
” လည်ချောင်းမှာအနာဖြစ်ပြီး အစားအသောက်မစားနိုင်တော့ဘူး။ အစားပိုက်သွင်းလုပ်ရင်းနဲ့ အာဟာရပြတ်တာနောက်ဆုံးတော့၊ ဒီနေ့ပုသိမ်ဆေးရုံမှာပဲ ဆုံးသွားတာ
ပါ” လို့မဇာခြည်လင်းရဲ့ ဦးလေးဖြစ်သူက ဘီဘီစီကိုပြောပါတယ်
မဇာခြည်လင်းဟာ မူလတန်းကျောင်းအုပ်ဆရာမတစ်ယောက်ဖြစ်ပြီး အာဏာသိမ်းပြီးကတည်း ကအာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ခဲ့ပြီး သူ့ရဲ့ ကင်ဆာ
ရောဂါဝေဒနာကို ဆေးကုသမှုခံယူနေရသူတစ်ဦးဖြစ်တယ်လို့မိသားစုဝင်တွေကပြောပါတယ်
ရန်ကုန်မှာဆေးကုသမှုခံယူနေရင်းကနေ နေထိုင်ရာဇာတိဖြစ်တဲ့ ပုသိမ်မြို့ကိုပြန်ပြီး ၁၀ရက်ဝန်းကျင်လောက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီးကွယ်လွန်ချိန်မှာ အသက် ၃၇
နှစ်ရှိပြီလို့သိရပါတယ်
သူပါဝင်ရိုက်ကူးခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ရှင်နဲ့ပတ်သက်ပြီး ရိုက်ကူးမှုပြီးစီးသွားပြီး အသံပိုင်းဆိုင်ရာဆက်လုပ်ဆောင်ဖို့ရှိတယ်ဆိုတဲ့အခြေအနေလောက်ပဲ သိရတယ်လို့
မိသားစုဝင်တွေကပြောပါတယ်။BBC



