1 ) နဖူးပြင်တည့်တည့်တွင် မှဲ့ ရှိခဲ့လျှင် ငွေကြေးနှင့် ပတ်သက်၍ အစွပ်အစွဲ ခံရတတ်သည်။ ပူပင်သောက များလိမ့်မည်။ မိမိတွင် ရှိ
သည်ထက်ပို၍ လူအများက ချမ်းသာသည် ဟု ထင်မြင်တတ်ခြင်းကြောင့် ဒုက္ခနှင့် တွေ့ရတတ်ပါသည် ။
2 ) ညာဘက် မျက်ခုံးမွေးပေါ်တွင် မှဲ့ ရှိလျှင် ချမ်းသာ တတ်ပါသည်။ ပစ္စည်းဥစ္စာ ပြည့်စုံလိမ့်မည်။ လောကီစည်းစိမ် အဝဝကို
သုံးဆောင် ခံစားရတတ်သည်
3 ) ဘယ်ဘက် မျက်ခုံးမွေး အပေါ်တွင် မှဲ့ ရှိလျှင် အရက်သမား၊ ကြက်သမား၊ လောင်းကစားသမား ဖြစ်တတ်သည်။ လောင်းကစားမှုကို ဇနီးမယားထက်ပင် ပိုမို၍ ချစ်ချင်စွဲလမ်း နှစ်သက်တတ်ပါသည် ။
4 ) နှာခေါင်း တည့်တည့် ( နှာသီးထိပ်ဖျား) တွင် မှဲ့ ရှိလျှင် စာပေ၊ ဇာတ်သဘင်၊ တေးဂီတ အနုပညာရပ်များဖြင့် ထင်ရှားပီး အောင်မြင်ကျော်ကြား တတ်ပါသည် ။
5 ) ညာဘက် မျက်ခမ်းအောက်တွင် မှဲ့ရှိလျှင် မျက်နှာ ပွင့်လန်းတတ်သည်။ မျက်နှာမြင် ချစ်ခင်၍ အသံကြား သနားစေ – ဟူသော ဆုတောင်းဖြင့် ပြည့်စုံသူဖြစ်သည်။ လူအများ၏ ချစ်ခင်ခြင်း ခံရတတ်သည် ။
6 ) ဘယ်ဘက် မျက်ခမ်း အောက်နားတွင် မှဲ့ ရှိလျှင် လူမုန်း များတတ်သည်။ အလုပ် လုပ်ကိုင်ရာတွင် အတိုက်အခံနှင့် ကြုံတွေ့ရတတ်သည်။ ငယ်စဉ် အခါက ဆင်းရဲဒုက္ခအမျိုးမျိုး တွေ့ကြုံခဲ့ရလိမ့်မည်..။
အချစ်ရေးတွင် စွန့်စားတတ်သည်။ တဇွတ်ထိုး လုပ်တတ်သည်။ ဇနီးမယားကို ချစ်ခင်သူ ဖြစ်မည်။ ဇနီးသည်၏ သြဇာလွှမ်းမိုးမှုကို ခံရတတ်ပါသည်
7 ) ညာဘက် ပါးမို့တွင် စံပယ်တင်မှဲ့ ရှိလျှင် မိန်းကလေးများ စိတ်ဝင်စားခြင်းကို ခံရတတ်သည်။ မျက်နှာပွင့်လန်း တတ်ပါသည် ။
လောကကို တရားသဘောဖြင့် ရှုမြင်တတ်သောသူ ဖြစ်သည်။ အသက်ကြီးရင့်လာလျှင် ရသေ ရဟန်း ပြုတတ်သည်။ အများအကျိုး
ဆောင်သည့် သာသနာပြုသော ပုဂ္ဂိုလ် ဖြစ်တတ်ပါသည် ။
8 ) ဘယ်ဘက် ပါးပေါ်တွင် စံပယ်တင်မှဲ့ ရှိလျှင် မိန်းမချောများ (သို့မဟုတ်) ထင်ရှား ကျော်ကြားသော မိန်းမနှင့် အိမ်ထောင်ကျ တတ်ပါသည်။ မိန်းမတို့၏ ချစ်ခင်စွဲခြင်းကို အထူးသဖြင့် ခံယူရတတ်ပါသည် ။
9 ) ညာဘက် ပါးပြင်၌ အောက်ဘက်နားတွင် မှဲ့ရှိလျှင် ချမ်းသာလျှင်လည်း ခဏတာမျှသာ ဖြစ်သည်။ ဆင်းရပြင်ပန်းတတ်သည် ။
10 ) ဘယ်ဘက် ပါးပြင်အောက်တွင် ထင်ရှားစွာ မှဲ့ရှိလျှင် ချမ်းသာ ကြီးပွားတတ်သည်။ မည်သည့် အလုပ်မဆို အောင်မြင်၍ နာမည်ကျော်ကြား တတ်ပါသည် ။
11 ) မေးစေ့ တည့်တည့်တွင် မှဲ့ရှိလျှင် ကိုယ်ပိုင် လုပ်ငန်းဖြင့် ကြီးပွားချမ်းသာ တတ်ပါသည်။ သတင်းကောင်းဖြင့် ကျော်ကြား အောင်မြင်မည်..။
12 ) မေးစေ့နား တဝိုက်တွင် ထင်ရှားသော မှဲ့ရှိလျှင် ဒုက္ခဆင်းရဲ အမျိုးမျိုးတို့ကို ကြုံတွေ့ရတတ်ပြီး နောက်ဆုံးတွင် အောင်မြင်တတ်သည်။ ကမ္ဘာကျော်သည့် ပုဂ္ဂိုလ်ထူးများတွင်လည်း ပါရှိသည် ။
13 ) မျက်ရည် စီးကျရာ လမ်းကြောင့်တည့်တည့် (ဝဲ, ယာ) တွင် မှဲ့ရှိလျှင် မယားဆုံးတတ်သည်။ (သို့မဟုတ်) အိမ်ထောင်ရေး ညံ့တတ်သည်။ စီးပွားရှာရာတွင် ပင်ပန်းတတ်ပါသည် ။
14 ) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာ ကြီးပွားတတ်သည်။ အလုပ်အကိုင် အကြံအစည် အောင်မြင်တတ်သည်။ ဆင်းရဲလျှင်လည်း ခဏသာဖြစ်၍ မမျှော်လင့် မထင်မှတ်သော အကြောင်းတခုခုဖြင့် ပြန်လည် ချမ်းသာတတ်ပါသည် ။
15 ) ဘယ်, ညာ လက်မောင်း (သို့မဟုတ်) လက်ဖျံ ဘယ်, ညာတွင် မှဲ့ရှိလျှင် ဆင်းရဲသူဖြစ်ပါက လူလတ်တန်းစား ဘဝဖြင့် အဆင်ပြေတတ်သည်။ အလယ်အလတ်တန်း အဆင့်ဖြစ်လျှင် ဇောတိက သူဌေးကဲ့သို့ ချမ်းသာကြွယ်ဝသော သူဌေး ဖြစ်တတ်ပါသည် ။
16 ) ရင်ဘတ် ဘယ်ဘက်နှင့် ညာဘက်တွင် မှဲ့တလုံးစီ ရှိ၍ ရင်ဘတ်အလယ် တည့်တည့်တွင် မှဲ့တလုံး၊ ခါးနားတွင် မှဲ့တလုံး၊ ပါရှိခြင်းကို မှဲ့စလွယ်ဟု ခေါ်ဆိုသည်။ အသက်ရှည်၍ ဗဟုသုတ ဉာဏ်အမြော်အမြင် ကြီးမားသော ရှေးလူကြီးများ၊ ရသေ့ ပညာရှိကြီးများ၏
အဆိုအမိန့်အရ ယောကျ်ားတွင် မှဲ့စလွယ် ရှိခြင်းသည် ယခင် ဘဝဟောင်းက မင်းဖြစ်ခဲ့သူ ဖြစ်သည်ဟု အဆိုအမိန့် ရှိကြ၏ ။ မှဲ့စလွယ် ပါရှိသောသူသည် ဆင်းရဲဒုက္ခနှင့် မကြုံရဘဲ အဆင့်အတန်းမြင့်သည့် ဘဝမျိုးနှင့် နေနိုင်ရလိမ့်မည်။ လူအများ၏ ကြည်ညိုလေးစားခြင်းကို ခံရတတ်သည်။ ဇနီးမယား အပေါ်တွင် သြဇာညောင်း တတ်ပါသည် ။
17 ) ဘယ်ဘက် (သို့မဟုတ်) ညာဘက် ပေါင်တွင် မှဲ့ရှိလျှင် လျင်မြန် ဖျတ်လတ်သူ ဖြစ်တတ်သည်။ လူမှုရေး ကိစ္စ အဝဝကို သိနားလည်ပြီး အကင်းပါးသူ ဖြစ်တတ်သည် ။
18 ) တင်ပါး၏ ဘယ်ဘက် (သို့မဟတု်) ညာဘက်တွင် မှဲ့ရှိလျှင် အရှက်အကြောက် အလွန်ကြီးတတ်ပါသည်။ စိတ်သဘောထား နုတတ်သည်။ ယောကျ်ား ဖြစ်ပါလျက်နှင့် တခါတရံတွင် မိန်းမဆန်သော အပြုအမူ အနေအထိုင်များကို တွေ့ရတတ်သည် ။
19 ) ယောကျ်ားတန်ဆာ ထိပ်ဖူးနားတွင် မှဲ့ ရှိလျှင် မိန်းမတို့၏ ချစ်ခင်စွဲလမ်း နှစ်သက်ခြင်းကို ခံစားရတတ်ပါသည်။ ရှေးဆရာကြီး များ၏ အဆိုအမိန့်အရ မှဲ့များ
လေ ပို၍ အစွမ်းထက်လေဟု ဆိုကြ၏။ ထိပ်ဖူးနားတွင် မှဲ့နှစ်လုံးထက် ပိုလျှင် အိမ်ထောင်ဆက် များတတ်သည်။ တန်ဆာ၏ အရင်းပိုင်းတွင် မှဲ့ ပါရှိလျှင် မှဲ့မပါသကဲ့သို့ပင် စွမ်းအား မရှိဟု မှတ်ယူရပါမည်..။
20 ) ခြေဖဝါး အလည်တည့်တည့်တွင် မှဲ့ရှိလျှင် တနေရာတည်းတွင် အတည်တကျ မနေရဘဲ ခြေသလုံးအိမ်တိုင် ဘဝဖြင့် သွားလာ နေထိုင်ရကာ ဘဝဆုံးပါးပျက်စီးတတ်ပါသည် ။
21 ) ဘယ် (သို့မဟုတ်) ညာ ခြေဖမိုးတွင် မှဲ့များစွာ ပါရှိလျှင် သူရဲကောင်းဖြစ်တတ်သည်။ (သို့မဟုတ်) လူဆိုး၊ ဓားပြ ဖြစ်တတ်ပါသည်။ တုတ်၊ ဓား၊ လှံ စသည့် လက်နက် ကိရိယာများကို ဆောင်ထားတတ်သည်။ တိုက်ခိုက်ရေး ပညာများတွင်လည်း ဝါသနာပါ၍ ပညာရှင်ဖြစ်တတ်သည် ။
22 ) ရင်ညွန့် တည့်တည့်တွင် ထင်ရှားသော မှဲ့ရှိလျှင် သူတော်ကောင်း သူမြတ်လောင်း ဖြစ်တတ်သည်။ တရားဓမ္မ နှလုံးသွင်းတတ်သည်။ လောကီ သမထ ဈာန်တန်ခိုးဘက်သို့ လိုက်စားတတ်သည်။ သိဒ္ဓိ မဟိဒ္ဓိ တန်ခိုးများ ရ၍ ပေါက်မြောက်နိုင်သည် ။
23 ) ညာဘက်လက်တွင် မှဲ့ ပါရှိလျှင် ငွေကြေးကို အကြောင်းပြု၍ အမှုဖြစ်တတ်ပါသည်။ ကပ်စေးနှဲသူ၊ မိမိကိုယ်ကျိုး တခုတည်းကိုသာ ကြည့်မြင်တတ်သူ ဖြစ်တတ်ပါသည် ။
24 ) လက်ဖဝါးပြင်၏ ဘယ် ညာ နှစ်ဖက်စလုံး၏ အလယ် တည့်တည့်တွင် ထူးထူးခြားခြား မှဲ့အစိမ်းတလုံး ပါရှိလျှင် လူအများ၏ ကြည်ညိုလေးစားခြင်း ခံရ
သော ဘုန်းရှင်၊ ကံရှင်၊ ပါရမီရှင် ဖြစ်တတ်ပါသည်။ ဝိဇ္ဇာဓိုရ်၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင် ပုဂ္ဂိုလ်များနှင့် ပဋ္ဌာန်းဆက် ရှိသူဖြစ်သည်။ ဝိဇ္ဇာလမ်းသို့ လိုက်စားလျှင် ဆရာသမားကောင်းနှင့် တွေ့ပြီး သိဒ္ဓိရတတ်ပါသည် ။
credit