ရာသီခွင်တစ်ခုချင်းစီရဲ့ ပြင်လို့မရတဲ့ အားနည်းချက်လေးများ
ကိုယ့်ရဲ့ မွေးလရာသီခွင်အရ ကိုယ့်အားနည်းချက်က ဘာဖြစ်မလဲဆိုတာကို ဖတ်ကြည့်လိုက်ပါဦး။
(1) Aries (March 20 – April 20)

မိဿရာသီဖွားတွေကတော့ အေးအေးဆေးဆေးနေတတ်ကြပေမယ့် နေရာတိုင်းမှာ အတော်ဆုံး၊ အကောင်းဆုံး၊ ထိပ်ဆုံးဖြစ်ချင်တဲ့ စိတ်လေးတွေရှိတတ်တာက သူတို့ရဲ့ အားနည်းချက်လိုဖြစ်နေပါတယ်။ အဲ့ဒီလို အမြဲတမ်း အကောင်းဆုံးဖြစ်ချင်တဲ့စိတ်ကြောင့် ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တဲ့စိတ်၊ ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျတဲ့စိတ်တွေက အမြဲလိုလို ဖိစီးနေတာပေါ့။
(2) Taurus (April 21 – May 20)
ပြိဿရာသီဖွားတွေရဲ့ အားနည်းချက်ကတော့ အရမ်းပျင်းပြီး သက်တောင့်သက်သာလေးပဲ အမြဲနေချင်ကြတာပါ။ တစ်ခုခုလုပ်မယ်လို့ဆုံးဖြတ်ပြီးရင်လည်း အရှုံးတွေနဲ့ကြုံရမှာစိုးရိမ်စိတ်ကကြီးစိုးနေတာကြောင့် မလုပ်ဖြစ်လိုက်တာများပါတယ်။ ပြီးတော့ အကြောင်းတစ်ခုခုကြောင့် ကိုယ့်ကိုယ်ကိုပြုပြင်လိုက်ရတာမျိုးကို လုံးဝမကြိုက်တဲ့သူတွေဆိုလည်း မမှားပါဘူး။
(3) Gemini (May 21 – June 20)
အလုပ်ကြိုးစားတဲ့ မေထုန်ရာသီဖွားတွေရဲ့ အားနည်းချက်ကတော့ အလုပ်ထဲမှာ စိတ်နှစ်ထားပြီး ကိုယ့်အတွက် အားလပ်ချိန်၊ နားချိန်ရအောင် မလုပ်တတ်တာပဲဖြစ်ပါတယ်။
(4) Cancer (June 21 – July 21)
ကရကဋ်ရာသီဖွားတွေကတော့ လူတွေကို လွယ်လွယ်နဲ့မယုံတတ်တဲ့သူတွေပါ။ အားနည်းချက်ကတော့ သူစိမ်းတွေအပေါ် သံသယအရမ်းကြီးလွန်းပြီး မရင်းနှီးလွယ်တာကြောင့် ပေါင်းသင်းဆက်ဆံရေးညံ့တယ်လို့ အထင်ခံနေရတာပဲဖြစ်ပါတယ်။
(5) Leo (July 22 – August 22)
သိဟ်ရာသီဖွားတွေကတော့ ကိုယ့်ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်လို့ တခြားသူတွေရဲ့ အမြင်ကို အရမ်းဂရုစိုက်လွန်းတာက အားနည်းချက်တစ်ခုလို ဖြစ်နေတာပါ။
(6) Virgo (August 23 – September 22)
ကိစ္စတိုင်းကို စိုးရိမ်ပြီး၊ အရာအားလုံးအဆင်ပြေဖို့ ကိုယ့်မှာတာဝန်ရှိတယ်လို့ ထင်ပြီး စိတ်ဖိစီးနေတတ်တာကတော့ ကန်ရာသီဖွားတွေရဲ့ အားနည်းချက်ပါ။

(7) Libra (September 23 – October 22)
တစ်ဖက်သားကို ကူညီတတ်ပြီး တစ်ယောက်ယောက်က အကူအညီလာတောင်းလို့ မပေးလိုက်နိုင်ရင် စိတ်မကောင်းဖြစ်တတ်တဲ့ အားနည်းချက်လေးကို ပိုင်ဆိုင်ထားတာက တူရာသီဖွားတွေပါ။
(8) Scorpio (October 23 – November 21)
ဗြိစ္ဆာရာသီဖွားတွေရဲ့ အကြီးဆုံးအားနည်းချက်ကတော့ တစ်ယောက်ယောက်က သူတို့ကိုကျော်တက်သွားမှာကို မလိုလားတာပဲဖြစ်ပါတယ်။ ကိစ္စတိုင်းအတွက် အကောင်းဆုံးကြိုးစားတတ်ပြီး တခြားတစ်ယောက်ယောက်က သူတို့ကိုကျော်တက်သွားတာမျိုး လုံးဝမလိုချင်ပါဘူး။
စွန့်စားရတာကြိုက်တဲ့ ဓနုရာသီဖွားတွေကတော့ လုပ်ချင်တာတွေများလွန်းပြီး ဘယ်တစ်ခုကိုမှ လက်လွတ်မခံနိုင်တာဟာ သူတို့ရဲ့ အားနည်းချက်ပါပဲ။
(10) Capricorn (December 21 – January 19)
ဒီရာသီဖွားတွေကတော့ ခေါင်းဆောင်နိုင်စွမ်းရှိတဲ့သူတွေဖြစ်ပြီး ရည်မှန်းချက်ကြီးမားတဲ့သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ အားနည်းချက်ကတော့ ကိုယ့်ရဲ့ အစွမ်းအစနဲ့ပတ်သက်ပြီး ယုံကြည်မှုလွန်ကဲနေတတ်တာနဲ့၊ အရာရာကို စိုးရိမ်ပူပန်မှု မရှိအေးအေးဆေးဆေး နေနိုင်လွန်းတာပါပဲ။

(11) Aquarius (January 20 – February 18)
အငြင်းပွားရမှာမုန်းတဲ့ ကုမ်ရာသီဖွားတွေက သူတို့ကို တိုက်ခိုက်တဲ့သူတွေကို ဥပေက္ခာပြုနိုင်အောင်ပဲကြိုးစားတတ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ရှောင်ထွက်သွားတတ်တဲ့ အကျင့်က ကြာလာတော့ သူတို့အတွက် အားနည်းချက်တစ်ခုလိုဖြစ်လာပါတယ်။
(12) Pisces (February 19 – March 19)
ကိုယ်ချင်းစာစိတ်ရှိတဲ့၊ စာနာတတ်တဲ့ မိန်ရာသီဖွားလေးတွေရဲ့ အားနည်းချက်ကတော့ ထိခိုက်ခံစားလွယ်လွန်းတာဖြစ်ပြီး နေရာတကာ စိတ်ခံစားချက်ကို ဦးစားပေးတတ်လွန်းတာဖြစ်ပါတယ်။
credit to
MAY THAZINHTOO
Zawgyi
ရာသီခြင္တစ္ခုခ်င္းစီရဲ႕ ျပင္လို႔မရတဲ့ အားနည္းခ်က္ေလးမ်ား
ကိုယ့္ရဲ႕ ေမြးလရာသီခြင္အရ ကိုယ့္အားနည္းခ်က္က ဘာျဖစ္မလဲဆိုတာကို ဖတ္ၾကည့္လိုက္ပါဦး။
(1) Aries (March 20 – April 20)
မိႆရာသီဖြားေတြကေတာ့ ေအးေအးေဆးေဆးေနတတ္ၾကေပမယ့္ ေနရာတိုင္းမွာ အေတာ္ဆုံး၊ အေကာင္းဆုံး၊ ထိပ္ဆုံးျဖစ္ခ်င္တဲ့ စိတ္ေလးေတြရွိတတ္တာက သူတို႔ရဲ႕ အားနည္းခ်က္လိုျဖစ္ေနပါတယ္။ အဲ့ဒီလို အၿမဲတမ္း အေကာင္းဆုံးျဖစ္ခ်င္တဲ့စိတ္ေၾကာင့္ ကိုယ့္ကိုယ္ကို အားမလိုအားမရျဖစ္တဲ့စိတ္၊ ကိုယ့္ကိုယ္ကို စိတ္တိုင္းမက်တဲ့စိတ္ေတြက အၿမဲလိုလို ဖိစီးေနတာေပါ့။
(2) Taurus (April 21 – May 20)
ၿပိႆရာသီဖြားေတြရဲ႕ အားနည္းခ်က္ကေတာ့ အရမ္းပ်င္းၿပီး သက္ေတာင့္သက္သာေလးပဲ အၿမဲေနခ်င္ၾကတာပါ။ တစ္ခုခုလုပ္မယ္လို႔ဆုံးျဖတ္ၿပီးရင္လည္း အရႈံးေတြနဲ႔ႀကဳံရမွာစိုးရိမ္စိတ္ကႀကီးစိုးေနတာေၾကာင့္ မလုပ္ျဖစ္လိုက္တာမ်ားပါတယ္။ ၿပီးေတာ့ အေၾကာင္းတစ္ခုခုေၾကာင့္ ကိုယ့္ကိုယ္ကိုျပဳျပင္လိုက္ရတာမ်ိဳးကို လုံးဝမႀကိဳက္တဲ့သူေတြဆိုလည္း မမွားပါဘူး။
(3) Gemini (May 21 – June 20)
အလုပ္ႀကိဳးစားတဲ့ ေမထုန္ရာသီဖြားေတြရဲ႕ အားနည္းခ်က္ကေတာ့ အလုပ္ထဲမွာ စိတ္ႏွစ္ထားၿပီး ကိုယ့္အတြက္ အားလပ္ခ်ိန္၊ နားခ်ိန္ရေအာင္ မလုပ္တတ္တာပဲျဖစ္ပါတယ္။
(4) Cancer (June 21 – July 21)
ကရကဋ္ရာသီဖြားေတြကေတာ့ လူေတြကို လြယ္လြယ္နဲ႔မယုံတတ္တဲ့သူေတြပါ။ အားနည္းခ်က္ကေတာ့ သူစိမ္းေတြအေပၚ သံသယအရမ္းႀကီးလြန္းၿပီး မရင္းႏွီးလြယ္တာေၾကာင့္ ေပါင္းသင္းဆက္ဆံေရးညံ့တယ္လို႔ အထင္ခံေနရတာပဲျဖစ္ပါတယ္။
(5) Leo (July 22 – August 22)
သိဟ္ရာသီဖြားေတြကေတာ့ ကိုယ့္ရဲ႕ ႐ုပ္ရည္သြင္ျပင္နဲ႔ပတ္သက္လို႔ တျခားသူေတြရဲ႕ အျမင္ကို အရမ္းဂ႐ုစိုက္လြန္းတာက အားနည္းခ်က္တစ္ခုလို ျဖစ္ေနတာပါ။
(6) Virgo (August 23 – September 22)
ကိစၥတိုင္းကို စိုးရိမ္ၿပီး၊ အရာအားလုံးအဆင္ေျပဖို႔ ကိုယ့္မွာတာဝန္ရွိတယ္လို႔ ထင္ၿပီး စိတ္ဖိစီးေနတတ္တာကေတာ့ ကန္ရာသီဖြားေတြရဲ႕ အားနည္းခ်က္ပါ။
(7) Libra (September 23 – October 22)
တစ္ဖက္သားကို ကူညီတတ္ၿပီး တစ္ေယာက္ေယာက္က အကူအညီလာေတာင္းလို႔ မေပးလိုက္ႏိုင္ရင္ စိတ္မေကာင္းျဖစ္တတ္တဲ့ အားနည္းခ်က္ေလးကို ပိုင္ဆိုင္ထားတာက တူရာသီဖြားေတြပါ။
(8) Scorpio (October 23 – November 21)
ၿဗိစာၦရာသီဖြားေတြရဲ႕ အႀကီးဆုံးအားနည္းခ်က္ကေတာ့ တစ္ေယာက္ေယာက္က သူတို႔ကိုေက်ာ္တက္သြားမွာကို မလိုလားတာပဲျဖစ္ပါတယ္။ ကိစၥတိုင္းအတြက္ အေကာင္းဆုံးႀကိဳးစားတတ္ၿပီး တျခားတစ္ေယာက္ေယာက္က သူတို႔ကိုေက်ာ္တက္သြားတာမ်ိဳး လုံးဝမလိုခ်င္ပါဘူး။
စြန႔္စားရတာႀကိဳက္တဲ့ ဓႏုရာသီဖြားေတြကေတာ့ လုပ္ခ်င္တာေတြမ်ားလြန္းၿပီး ဘယ္တစ္ခုကိုမွ လက္လြတ္မခံႏိုင္တာဟာ သူတို႔ရဲ႕ အားနည္းခ်က္ပါပဲ။
(10) Capricorn (December 21 – January 19)
ဒီရာသီဖြားေတြကေတာ့ ေခါင္းေဆာင္ႏိုင္စြမ္းရွိတဲ့သူေတြျဖစ္ၿပီး ရည္မွန္းခ်က္ႀကီးမားတဲ့သူေတြျဖစ္ပါတယ္။ သူတို႔ရဲ႕ အားနည္းခ်က္ကေတာ့ ကိုယ့္ရဲ႕ အစြမ္းအစနဲ႔ပတ္သက္ၿပီး ယုံၾကည္မႈလြန္ကဲေနတတ္တာနဲ႔၊ အရာရာကို စိုးရိမ္ပူပန္မႈ မရွိေအးေအးေဆးေဆး ေနႏိုင္လြန္းတာပါပဲ။
(11) Aquarius (January 20 – February 18)
အျငင္းပြားရမွာမုန္းတဲ့ ကုမ္ရာသီဖြားေတြက သူတို႔ကို တိုက္ခိုက္တဲ့သူေတြကို ဥေပကၡာျပဳႏိုင္ေအာင္ပဲႀကိဳးစားတတ္ပါတယ္။ ဒါေပမယ့္ အဲ့ဒီလို ေရွာင္ထြက္သြားတတ္တဲ့ အက်င့္က ၾကာလာေတာ့ သူတို႔အတြက္ အားနည္းခ်က္တစ္ခုလိုျဖစ္လာပါတယ္။
(12) Pisces (February 19 – March 19)
ကိုယ္ခ်င္းစာစိတ္ရွိတဲ့၊ စာနာတတ္တဲ့ မိန္ရာသီဖြားေလးေတြရဲ႕ အားနည္းခ်က္ကေတာ့ ထိခိုက္ခံစားလြယ္လြန္းတာျဖစ္ၿပီး ေနရာတကာ စိတ္ခံစားခ်က္ကို ဦးစားေပးတတ္လြန္းတာျဖစ္ပါတယ္။
credit to
MAY THAZINHTOO



