သူငယ်ချင်းများနှင့်တူတူပုန်းတမ်းဆော့ကစားရာမှ(၄)ရက်ခန့်ပျောက်နေ၍ မိဘများမှ… See more
ပဲခူးတိုင်းဒေသကြီး၊ရွှေတောင်မြို့နယ်တွင် ကလေးများတူတူပုန်းတမ်းဆော့ ကစားရာမှမိန်းကလေး ငယ်တစ်ဦးပျောက်ဆုံးနေလျက်ရှိရာ လေးရက်မြောက်သည်နေ့အထိရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း ပရဟိတနာရေးကူညီမှုအသင်းမှကိုဝင်းဇော်က ပြောသည်။
ညနေ ၄နာရီကျော်အချိန်ခန့်ကမကျီးပေါက် ကုန်းကျေးရွာအုပ်စု၊ ကျောက် ဖူးကျေးရွာတွင် အသက် ၄နှစ်အရွယ် မပြည့်ပြည့်ဇွန် နှင့် ကလေးငယ်အဖော်များအခြား အိမ်တစ်အိမ်တွင် အတူ၊တူတူပုန်းတမ်းဆော့ကစားနေရာမှပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ခုချိန်ထိတော့မတွေ့သေးပါဘူး၊စခန်းမှာတော့အမှုဖွင့်ထားတယ်၊မိဘတွေနဲ့အတူအားလုံးလဲစိတ်ပူနေကြပါတယ်၊ပျောက်တာက လေးညအိပ်ငါးရက်မြောက်ပြီ၊ရှာနေကြတာကတော့ ရဲတွေကော၊ပရဟိတလူမှုရေး အသင်း တွေ၊
ရွာခံတွေနဲ့အနီးအနားပတ်ဝန်းကျင်ကလူတွေကောဆိုရင် လူအင် အား၃၀ဝနီးပါးလောက်နဲ့ပိုက် စိပ်တိုက်ရှာနေတာမတွေ့သေးဘူးဆိုတော့ရာဇဝတ်မှုများဖြစ်နေမလားပေါ့၊ကလေးကိုတော့အမြန်ပြန်တွေ့ချင်နေကြတယ်”ဟု၎င်းကပြောသည်။
ကျောက်ဖူးရွာသည် ရွှေတောင် ကျီးသဲလမ်းမကျီးပေါက်ကုန်းရွာမှတစ်ဆင့်တစ်ရွာကျော်လျှင်ရောက်ရှိပြီအိမ်ချေ ၃ဝခန့်ရှိသည်ရွာငယ်လေးဖြစ်ကြောင်း၊ ကလေးငယ်ပျောက်ဆုံးနေမှုမှာ ညနေစောင်း အချိန်ဖြစ်ခြင်းကြောင့် နတ်ဖွက်ထားနိုင်သည်ဟုယူဆကာလောကီအစီအမံများဖြင့်လည်းရှာဖွေခြင်းများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ယင်းသို့ပြုလုပ်ရခြင်းမှာအဆိုပါဒေသ၌ယခင်ကလည်း လူတစ်ယောက်နှင့်ခွေးတစ်ကောင်ပျောက် ဆုံးခဲ့ဘူးခြင်းရှိခဲ့ရာသုံးရက်မြောက်နေ့တွင်ပြန်လည်တွေ့ရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။
ကိုထွဋ်/ပြည်မြန်မာ,ဓာတ်ပုံ -ကိုဝင်းဇော်-ပရဟိတလူမှုကူညီရေးအသင်း
သူငယ္ခ်င္းမ်ားႏွင့္တူတူပုန္းတမ္းေဆာ့ကစားရာမွ(၄)ရက္ခန႔္ေပ်ာက္ေန၍ မိဘမ်ားမွ… See more
ပဲခူးတိုင္းေဒသႀကီး၊ေရႊေတာင္ၿမိဳ႕နယ္တြင္ ကေလးမ်ားတူတူပုန္းတမ္းေဆာ့ ကစားရာမွမိန္းကေလး ငယ္တစ္ဦးေပ်ာက္ဆုံးေနလ်က္ရွိရာ ေလးရက္ေျမာက္သည္ေန႔အထိရွာေဖြေတြ႕ရွိျခင္းမရွိေသးေၾကာင္း ပရဟိတနာေရးကူညီမႈအသင္းမွကိုဝင္းေဇာ္က ေျပာသည္။
ညေန ၄နာရီေက်ာ္အခ်ိန္ခန႔္ကမက်ီးေပါက္ ကုန္းေက်းရြာအုပ္စု၊ ေက်ာက္ ဖူးေက်းရြာတြင္ အသက္ ၄ႏွစ္အရြယ္ မျပည့္ျပည့္ဇြန္ ႏွင့္ ကေလးငယ္အေဖာ္မ်ားအျခား အိမ္တစ္အိမ္တြင္ အတူ၊တူတူပုန္းတမ္းေဆာ့ကစားေနရာမွေပ်ာက္ဆုံးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
“ခုခ်ိန္ထိေတာ့မေတြ႕ေသးပါဘူး၊စခန္းမွာေတာ့အမႈဖြင့္ထားတယ္၊မိဘေတြနဲ႔အတူအားလုံးလဲစိတ္ပူေနၾကပါတယ္၊ေပ်ာက္တာက ေလးညအိပ္ငါးရက္ေျမာက္ၿပီ၊ရွာေနၾကတာကေတာ့ ရဲေတြေကာ၊ပရဟိတလူမႈေရး အသင္း ေတြ၊
ရြာခံေတြနဲ႔အနီးအနားပတ္ဝန္းက်င္ကလူေတြေကာဆိုရင္ လူအ အား၃၀ဝနီးပါးေလာက္နဲ႔ပိုက္ စိပ္တိုက္ရွာေနတာမေတြ႕ေသးဘူးဆိုေတာ့ရာဇဝတ္မႈမ်ားျဖစ္ေနမလားေပါ့၊ကေလးကိုေတာ့အျမန္ျပန္ေတြ႕ခ်င္ေနၾကတယ္”ဟု၎ကေျပာသည္။
ေက်ာက္ဖူးရြာသည္ ေရႊေတာင္ က်ီးသဲလမ္းမက်ီးေပါက္ကုန္းရြာမွတစ္ဆင့္တစ္ရြာေက်ာ္လၽွင္ေရာက္ရွိၿပီအိမ္ေခ် ၃ဝခန႔္ရွိသည္ရြာငယ္ေလးျဖစ္ေၾကာင္း၊ ကေလးငယ္ေပ်ာက္ဆုံးေနမႈမွာ ညေနေစာင္း အခ်ိန္ျဖစ္ျခင္းေၾကာင့္ နတ္ဖြက္ထားနိုင္သည္ဟုယူဆကာေလာကီအစီအမံမ်ားျဖင့္လည္းရွာေဖြျခင္းမ်ားျပဳလုပ္ခဲ့ေၾကာင္းလည္း သိရသည္။
ယင္းသို႔ျပဳလုပ္ရျခင္းမွာအဆိုပါေဒသ၌ယခင္ကလည္း လူတစ္ေယာက္ႏွင့္ေခြးတစ္ေကာင္ေပ်ာက္ ဆုံးခဲ့ဘူးျခင္းရွိခဲ့ရာသုံးရက္ေျမာက္ေန႔တြင္ျပန္လည္ေတြ႕ရွိခဲ့ျခင္းေၾကာင့္ျဖစ္ေၾကာင္းသိရသည္။
ကိုထြဋ္/ျပည္ျမန္မာ,ဓာတ္ပုံ -ကိုဝင္းေဇာ္-ပရဟိတလူမႈကူညီေရးအသင္း