Credit
unicode
အချိန်တွေအကြာကြီးတွဲလာခဲ့ပြီးမှ လက်တွဲဖြုတ်တော့မယ်ဆို သေချာစဉ်းစားပါ
အသစ်တွေနဲ့ သာယာပြီး ကြည်နူးနေရတာရင်ခုန်နေရတာ စိတ်လှုပ်ရှားနေရတာကို ဘဝမထင်ပါနဲ့
ဘယ်စုံတွဲမဆို တွဲကာစ သုံးလေးငါးလလောက်အထိ ပျော်စရာကောင်းပါတယ် ရင်ခုန်စရာကောင်းပါတယ်
ဒီထက်နည်းနည်း အချိန်ပိုကြာလာတာနဲ့အမျှညှိစရာနှိုင်းစရာတွေ ပြဿနာတွေ…
သူ့အကြိုက် ကိုယ့်အကြိုက်တွေနဲ့ဇယားတွေရှုပ်ပြီး နားလည်မှုတွေလွဲပျော်စရာတွေ နည်းလာတတ်တာ သဘာဝပါ
အဲ့တော့ လက်ရှိ relationship ကိုတောင်သာယာအောင် မဖန်တီးနိုင်ပဲ အသစ်တစ်ခုကို ပြန်စချင်တယ်ဆိုတာ…
ကိုယ်ကိုယ်တိုင်ရှုပ်ထွေးအောင် ရေးဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ်ကို ပြီးအောင်အဆုံးမသတ်ပဲအသစ်တစ်ခု ထပ်ရေးတာနဲ့ တူပါတယ်
စိတ်ညစ်တဲ့ဒဏ်ကို မခံနိုင်လို့ နောက်တယောက်တွဲမယ်ဆိုရင် အချစ်ဆိုတာကို ဘယ်တော့မှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး
အဆင်မပြေချိန် စိတ်ညစ်လာတတ်တာ အချစ်မဟုတ်ဘူး
ဒုက္ခရောက်နေချိန် ညည်းညူနေတတ်တာ အချစ်မဟုတ်ဘူး
ပျော်နေရတဲ့အချိန် မေ့ထားတတ်တာ အချစ်မဟုတ်ဘူး
ကိုယ်အဆင်မပြေတဲ့အချိန်ရော အောင်မြင်တဲ့အချိန်ရောလိုအပ်တဲ့သူက သူတစ်ယောက်တည်း ဖြစ်နေမှသာ အချစ်လို့ခေါ်တာပါ
အဲ့တော့ ပန်းချီကား အသစ်တစ်ချပ်ကို ဘယ်လိုလှအောင်ဆွဲမယ်ဆိုပြီး စိတ်ကူးယဉ်နေမယ့်အစား…
ကိုယ့်လက်ထဲက ပန်းချီကားလေးကိုသာ အတတ်နိုင်ဆုံး လှလှပပလေးဖြစ်အောင် ရေးဆွဲဖို့
Credit