အခ်စ္နွင့္ဘဝ

ခ်စ္သူႏွစ္ေယာက္ကို အဆင္မေျပမႈေတြျဖစ္ေစတဲ့ ေမၽွာ္လင့္ခ်က္(၅)မ်ိဳး

ခ်စ္သူနွစ္ေယာက္ကို အဆင္မေျပမႈေတြျဖစ္ေစတဲ့ ေမွ်ာ္လင့္ခ်က္(၅)မ်ိဳး

အခ်စ္ေရး အဆင္မေျပေစတဲ့ အေၾကာင္းရင္းေတြအမ်ားၾကီး ရွိတဲ့အထဲမွာ တစ္ဖက္သားဆီက အရမ္းေမွ်ာ္လင့္တတ္တာကလည္းအဆင္မေျပမႈကို ပိုဆိုးေစနိုင္ပါတယ္။

ဒီေတာ့ သင့္အေနနဲ႕ လက္ရွိအခ်စ္ေရးမွာ အခုထက္ပိုျပီး အဆင္ေျပခ်င္တယ္၊ ေပ်ာ္ေနတဲ့စံုတြဲေတြကို တကယ္အားက်တယ္ဆိုရင္သင့္ခ်စ္သူဆီကေန ဒီအခ်က္ေတြကို ေမွ်ာ္လင့္ေနတာေလးေတြ နည္းနည္းေလွ်ာ့လိုက္ပါ။

(၁) အရာအားလံုးကိုယ့္စိတ္ၾကိဳက္ျဖစ္ဖို႕မေမွ်ာ္လင့္ပါနဲ႕

Relationship တစ္ခုမွာ အရာအားလံုးကိုယ့္စိတ္ၾကိဳက္ျဖစ္ဖို႕ပဲ ေတြးလို႕မရပါဘူး။ ကိုယ့္အတြက္ေတြးသလို၊ သူ႕အတြက္လည္း ေတြးေပးဖို႕လိုပါတယ္။

ဒါေၾကာင့္ အဆင္မေျပမႈေတြ၊ ျငင္းခုန္ရန္္ျဖစ္တာေတြ ေလ်ာ့နည္းခ်င္ရင္ အရာအားလံုးကိုယ့္စိတ္ၾကိဳက္ ျဖစ္ခ်င္ေနတဲ့စိတ္ကိို နည္းနည္းေလွ်ာ့ပါ။

(၂) ကိုယ့္ကိုယ္ကို တန္ဖိုးမထားဘဲ၊သူ႕ဆီကတန္ဖိုးထားမႈရဖို႕မေမွ်ာ္လင့္ပါနဲ႕

လူတိုင္းကေတာ့ ကိုယ့္ခ်စ္သူက ကိုယ့္ကိုတန္ဖိုးထားတာ လိုခ်င္ၾကတာပါပဲ။ ဒါေပမယ့္ ခ်စ္သူကတန္ဖိုးထားတာကို လိုခ်င္ရင္ ကိုယ့္ကိုယ္ကိုအရင္တန္ဖိုးထားတတ္ဖို႕လိုပါတယ္။ ကိုယ့္ကိုယ္ကိုတန္ဖိုးမထားဘဲနဲ႕ေတာ့ သူ႕ဘက္ကတန္ဖိုးထားမႈကို မေမွ်ာ္လင့္ပါနဲ႕။

(၃) ကိုယ့္စိတ္ထဲက ျဖစ္ခ်င္တာေတြကို အလိုအေလ်ာက္သိဖို႔ မေမွ်ာ္လင့္ပါနဲ႔

အလိုက္သိတဲ့ ခ်စ္သူမ်ိဳးေတာ့ လူတိုင္းလိုခ်င္တာေပါ့။ သင့္အေနနဲ႕လည္း အလိုက္သိတဲ့ခ်စ္သူမ်ိဳးလိုခ်င္တာျဖစ္သင့္ေပမယ့္

သင့္စိတ္ထဲကျဖစ္ခ်င္တာေတြကို အလိုလိုသိေစခ်င္တာမ်ိဳးေတာ့ သိပ္မျဖစ္သင့္ပါဘူး။

ကိုယ္ျဖစ္ခ်င္တာကို တဲ့တိုးမေျပာခ်င္ရင္ေတာင္ အရိပ္အျမြက္ေလာက္ေျပာလို႕ရပါတယ္။ ဒီေတာ့ ကိုယ္ျဖစ္ခ်င္တာေတြအလိုလိုသိဖို႕ေမွ်ာ္လင့္ေနမယ့္အစား တစ္နည္းနည္းနဲ႕အသိေပးလိုက္တာက ပိုအဆင္ေျပပါတယ္။

(၄) သူ႕ကိုကိုယ္လိုခ်င္တဲ့ပံုစံမ်ိဳးျဖစ္လာဖို႕မေမွ်ာ္လင့္ပါနဲ႕

ဒီျပႆနာက စံုတြဲေတြေတာ္ေတ္ာမ်ားမ််ားၾကံဳေတြ႕ရတဲ့ ျပႆနာတစ္ခုပါ။ သူ႕ရဲ႕မေကာင္းတဲ့အက်င့္ေတြကို ျပဳျပင္ေပးဖို႕ေတာင္းဆိုနိုင္ပါတယ္။

ဒါေပမယ့္ သူျပဳျပင္မွာပဲလို႕ေတာ့ က်ိန္းေသတြက္ဆထားလို႕မရပါဘူး။ ဒါေၾကာင့္ သူ႕ကိုကိုယ္လိုခ်င္တဲ့ပံုစံမ်ိဳး ျပဳျပင္လို႕ရလိမ့္မယ္လို႕ေမွ်ာ္လင့္ေနရင္လည္း အဲ့ဒီစိတ္ကို ေလွ်ာ့ပါ။

(၅) သင့္အယူအဆတိုင္းကိုေထာက္ခံဖို႕မေမွ်ာ္လင့္ပါနဲ႕

ခ်စ္သူေတြျဖစ္သြားတဲ့အခ်ိန္မွာ တစ္ေယာက္နဲ႕တစ္ေယာက္သေဘာထားကြဲလြဲခြင့္မရွိေတာ့သလို ျဖစ္သြားတတ္ၾကပါတယ္။

ကိုယ့္ရဲ႕အယူအဆတိုင္းကို ကိုယ့္ခ်စ္သူက ေထာက္ခံရမယ္ဆိုတဲ့အေတြးက ျပႆနာေတြကို ျဖစ္ေစနိုင္ပါတယ္။
ဒါေၾကာင့္ ဒီလိုမ်ိဳးေမွ်ာ္လင့္တာေလးလည္း နည္းနည္းေလွ်ာ့ပါေနာ္။

MAY THAZINHTOO

Unicode Version

ချစ်သူနှစ်ယောက်ကို အဆင်မပြေမှုတွေဖြစ်စေတဲ့ မျှော်လင့်ချက်(၅)မျိုး

အချစ်ရေး အဆင်မပြေစေတဲ့ အကြောင်းရင်းတွေအများကြီး ရှိတဲ့အထဲမှာ တစ်ဖက်သားဆီက အရမ်းမျှော်လင့်တတ်တာကလည်းအဆင်မပြေမှုကို ပိုဆိုးစေနိုင်ပါတယ်။

ဒီတော့ သင့်အနေနဲ့ လက်ရှိအချစ်ရေးမှာ အခုထက်ပိုပြီး အဆင်ပြေချင်တယ်၊ ပျော်နေတဲ့စုံတွဲတွေကို တကယ်အားကျတယ်ဆိုရင်သင့်ချစ်သူဆီကနေ ဒီအချက်တွေကို မျှော်လင့်နေတာလေးတွေ နည်းနည်းလျှော့လိုက်ပါ။

(၁) အရာအားလုံးကိုယ့်စိတ်ကြိုက်ဖြစ်ဖို့မမျှော်လင့်ပါနဲ့

Relationship တစ်ခုမှာ အရာအားလုံးကိုယ့်စိတ်ကြိုက်ဖြစ်ဖို့ပဲ တွေးလို့မရပါဘူး။ ကိုယ့်အတွက်တွေးသလို၊ သူ့အတွက်လည်း တွေးပေးဖို့လိုပါတယ်။

ဒါကြောင့် အဆင်မပြေမှုတွေ၊ ငြင်းခုန်ရန််ဖြစ်တာတွေ လျော့နည်းချင်ရင် အရာအားလုံးကိုယ့်စိတ်ကြိုက် ဖြစ်ချင်နေတဲ့စိတ်ကိို နည်းနည်းလျှော့ပါ။

(၂) ကိုယ့်ကိုယ်ကို တန်ဖိုးမထားဘဲ၊သူ့ဆီကတန်ဖိုးထားမှုရဖို့မမျှော်လင့်ပါနဲ့

လူတိုင်းကတော့ ကိုယ့်ချစ်သူက ကိုယ့်ကိုတန်ဖိုးထားတာ လိုချင်ကြတာပါပဲ။ ဒါပေမယ့် ချစ်သူကတန်ဖိုးထားတာကို လိုချင်ရင် ကိုယ့်ကိုယ်ကိုအရင်တန်ဖိုးထားတတ်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုတန်ဖိုးမထားဘဲနဲ့တော့ သူ့ဘက်ကတန်ဖိုးထားမှုကို မမျှော်လင့်ပါနဲ့။

(၃) ကိုယ့်စိတ်ထဲက ဖြစ်ချင်တာတွေကို အလိုအလျောက်သိဖို့ မမျှော်လင့်ပါနဲ့

အလိုက်သိတဲ့ ချစ်သူမျိုးတော့ လူတိုင်းလိုချင်တာပေါ့။ သင့်အနေနဲ့လည်း အလိုက်သိတဲ့ချစ်သူမျိုးလိုချင်တာဖြစ်သင့်ပေမယ့်

သင့်စိတ်ထဲကဖြစ်ချင်တာတွေကို အလိုလိုသိစေချင်တာမျိုးတော့ သိပ်မဖြစ်သင့်ပါဘူး။

ကိုယ်ဖြစ်ချင်တာကို တဲ့တိုးမပြောချင်ရင်တောင် အရိပ်အမြွက်လောက်ပြောလို့ရပါတယ်။ ဒီတော့ ကိုယ်ဖြစ်ချင်တာတွေအလိုလိုသိဖို့မျှော်လင့်နေမယ့်အစား တစ်နည်းနည်းနဲ့အသိပေးလိုက်တာက ပိုအဆင်ပြေပါတယ်။

(၄) သူ့ကိုကိုယ်လိုချင်တဲ့ပုံစံမျိုးဖြစ်လာဖို့မမျှော်လင့်ပါနဲ့

ဒီပြဿနာက စုံတွဲတွေတော်တေ်ာများမျျားကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါ။ သူ့ရဲ့မကောင်းတဲ့အကျင့်တွေကို ပြုပြင်ပေးဖို့တောင်းဆိုနိုင်ပါတယ်။

ဒါပေမယ့် သူပြုပြင်မှာပဲလို့တော့ ကျိန်းသေတွက်ဆထားလို့မရပါဘူး။ ဒါကြောင့် သူ့ကိုကိုယ်လိုချင်တဲ့ပုံစံမျိုး ပြုပြင်လို့ရလိမ့်မယ်လို့မျှော်လင့်နေရင်လည်း အဲ့ဒီစိတ်ကို လျှော့ပါ။

(၅) သင့်အယူအဆတိုင်းကိုထောက်ခံဖို့မမျှော်လင့်ပါနဲ့

ချစ်သူတွေဖြစ်သွားတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက်သဘောထားကွဲလွဲခွင့်မရှိတော့သလို ဖြစ်သွားတတ်ကြပါတယ်။

ကိုယ့်ရဲ့အယူအဆတိုင်းကို ကိုယ့်ချစ်သူက ထောက်ခံရမယ်ဆိုတဲ့အတွေးက ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ဒီလိုမျိုးမျှော်လင့်တာလေးလည်း နည်းနည်းလျှော့ပါနော်။

MAY THAZINHTOO