အကျပ်အတည်းများလာပြီး စီးပွားလာဘ်လာဘ လိုအပ်လာရင် ..
ပွဲတွေ့ယတြာမီးထွန်းနည်း(ဂါထာမီးထွန်းနည်း)
ဒီလို လွယ်လွယ်ကူကူနဲ့ သေသေချာချာ အစွမ်းရှိ စီရင်နည်းတွေကို တင်ပေးဖို့ တာဆူခဲ့တာကြာပါပြီ။တင်မယ့်တင် ပြည့်ပြည့်စုံစုံ တင်ပေးချင်တာကြောင့် အချိန်တစ်ခုထိ စောင့်ဆိုင်းခဲ့ရတာပါ။
ဒါက အင်းကွက် စမကွက်မဟုတ်ပါဖူး။ဒါကြောင့် ရေးသားစဉ် တင်းကြပ်တဲ့ စည်းစနစ်တွေ မလိုအပ်ပဲ လူတိုင်းလွယ်လွယ်ကူကူ စီရင်အကျိုးပြီးနိုင်ပါတယ်။
အဓိက အနေနဲ့ကတော့ ….
(၁)အကြတ်အတည်းများတဲ့အခါ
(၂)ဂြိုလ်အစီးအနင်းညံတဲ့အခါ
(၃)စီးပွားလာဘ်လာဘ လိုအပ်တဲ့အခါ
(၄)အကြောင်းအမျိုးမျိုးကြောင့် ယတြာခြေတိုင်း အစွမ်းမထက်ဖြစ်တဲ့ခါ …..စတဲ့ အခြေအနေ (၄)မျိုးအတွက်ရည်ရွယ် ပြုလုပ်လို့ရပါတယ်။
စီရင်နည်း
သန့်ပြန့်တဲ့ စက္ကူအပေါ်မှာ ပုံပါအတိုင်း ရေးသားရမှာပါ။ရေးတဲ့အခါ မနက်ပိုင်း ဘုရားရှေ့မှာ ရေးသားရပါမယ်။ ရေးနေစဉ် စကားမပြောမိဖို့နဲ့ ခေါ်ရင်မထူးဖို့နဲ့ ရေးသားမူကိုပဲ အာရုံစိုက်နေပါမယ်။
ပုံပါအတိုင်း အလယ်မှာ
က ဃ ဏ ဠ
အတွင်းရံ ဂါထာဖြစ်တဲ့
ဗုဒ္ဓံ သရဏံ ဓမ္မံသရဏံ သံဃံသရဏံ ဣဒ္ဓံသရဏံ ရေးသားပါ။
အပြင်ရံဖြစ်တဲ့
ယထာဝိ ဥဏှေ ဝိဇ္ဇန္တေ
ပရံ ဝိဇ္ဇာတိ သီတလံ
ဧတံ တိပိဓ ဝိဇ္ဇန္တေ
နိဗ္ဗာနံ ဣစ္ဆိတ တဗ္ဗကံ ရေးသားပါ။
အလုံးစုံ ပြီးတဲ့အခါ အပြင်ရံဂါထာနဲ့ (၃၇) ခေါက်မန်းရပါမယ်။ ဂါထာမန်းပြီးတဲ့အခါ စီရင်ခြင်းအလုံးစုံပြီးပါပြီ။
မီးထွန်းဖို့က ဂါထာကွက်ပေါ် မြေဆီမီးခွက်တင်၍ ဆီနှင့် မီးစာကြိုးနဲ့ ပူဇော်ဖို့ပဲဖြစ်ပါတယ်
။မိမိ မွေးနံနေ့မှ ၇ ရက် တပတ်တိတိ အချိန်မှန်နေရာမှန် ပူဇော်ရပါမယ်။မနက်ပိုင်းပဲဖြစ်ပါတယ်။
ဒီဂါထာကွက်ကိုပဲ ယပ်မှာ ရေး၍ ဘုရားမှာပူဇော်ထားနိုင်ပါတယ်။ ဉာဏ်သွားသလောက် အသုံးပြုကြပါ။ အကျိုးထူးများရကြပါစေ။
နိုင်ထက်အောင်
အက်ပ္အတည္းမ်ားလာၿပီး စီးပြားလာဘ္လာဘ လိုအပ္လာရင္ ..
ပြဲေတြ႕ယၾတာမီးထြန္းနည္း(ဂါထာမီးထြန္းနည္း)
ဒီလို လြယ္လြယ္ကူကူနဲ႔ ေသေသခ်ာခ်ာ အစြမ္းရွိ စီရင္နည္းေတြကို တင္ေပးဖို႔ တာဆူခဲ့တာၾကာပါၿပီ။တင္မယ့္တင္ ျပည့္ျပည့္စုံစုံ တင္ေပးခ်င္တာေၾကာင့္ အခ်ိန္တစ္ခုထိ ေစာင့္ဆိုင္းခဲ့ရတာပါ။
ဒါက အင္းကြက္ စမကြက္မဟုတ္ပါဖူး။ဒါေၾကာင့္ ေရးသားစဥ္ တင္းၾကပ္တဲ့ စည္းစနစ္ေတြ မလိုအပ္ပဲ လူတိုင္းလြယ္လြယ္ကူကူ စီရင္အက်ိဳးၿပီးနိုင္ပါတယ္။
အဓိက အေနနဲ႔ကေတာ့ ….
(၁)အၾကတ္အတည္းမ်ားတဲ့အခါ
(၂)ၿဂိဳလ္အစီးအနင္းညံတဲ့အခါ
(၃)စီးပြားလာဘ္လာဘ လိုအပ္တဲ့အခါ
(၄)အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ယၾတာေျခတိုင္း အစြမ္းမထက္ျဖစ္တဲ့ခါ …..စတဲ့ အေျခအေန (၄)မ်ိဳးအတြက္ရည္ရြယ္ ျပဳလုပ္လို႔ရပါတယ္။
စီရင္နည္း
သန႔္ျပန႔္တဲ့ စကၠဴအေပၚမွာ ပုံပါအတိုင္း ေရးသားရမွာပါ။ေရးတဲ့အခါ မနက္ပိုင္း ဘုရားေရွ႕မွာ ေရးသားရပါမယ္။ ေရးေနစဥ္ စကားမေျပာမိဖို႔နဲ႔ ေခၚရင္မထူးဖို႔နဲ႔ ေရးသားမူကိုပဲ အာ႐ုံစိုက္ေနပါမယ္။
ပုံပါအတိုင္း အလယ္မွာ
က ဃ ဏ ဠ
အတြင္းရံ ဂါထာျဖစ္တဲ့
ဗုဒၶံ သရဏံ ဓမၼံသရဏံ သံဃံသရဏံ ဣဒၶံသရဏံ ေရးသားပါ။
အျပင္ရံျဖစ္တဲ့
ယထာဝိ ဥေဏွ ဝိဇၨေႏၲ
ပရံ ဝိဇၨာတိ သီတလံ
ဧတံ တိပိဓ ဝိဇၨေႏၲ
နိဗၺာနံ ဣစၧိတ တဗၺကံ ေရးသားပါ။
အလုံးစုံ ၿပီးတဲ့အခါ အျပင္ရံဂါထာနဲ႔ (၃၇) ေခါက္မန္းရပါမယ္။ ဂါထာမန္းၿပီးတဲ့အခါ စီရင္ျခင္းအလုံးစုံၿပီးပါၿပီ။
မီးထြန္းဖို႔က ဂါထာကြက္ေပၚ ေျမဆီမီးခြက္တင္၍ ဆီႏွင့္ မီးစာႀကိဳးနဲ႔ ပူေဇာ္ဖို႔ပဲျဖစ္ပါတယ္
။မိမိ ေမြးနံေန႔မွ ၇ ရက္ တပတ္တိတိ အခ်ိန္မွန္ေနရာမွန္ ပူေဇာ္ရပါမယ္။မနက္ပိုင္းပဲျဖစ္ပါတယ္။
ဒီဂါထာကြက္ကိုပဲ ယပ္မွာ ေရး၍ ဘုရားမွာပူေဇာ္ထားနိုင္ပါတယ္။ ဉာဏ္သြားသေလာက္ အသုံးျပဳၾကပါ။ အက်ိဳးထူးမ်ားရၾကပါေစ။
နိုင္ထက္ေအာင္