အခ်စ္နွင့္ဘဝ

မိန္းခေလးေတြဟာ ေယာက်ာ္းေတြထက္ အခ်စ္စိတ္ႀကီးမားေၾကာင္း သက္ေသျပေနတဲ့ ႏွစ္ ၃၀၀၀ေက်ာ္က အ႐ိုးစု

မိန္းခေလးေတြဟာ ေယာက်ာ္းေတြထက္ အခ်စ္စိတ္ႀကီးမားေၾကာင္း သက္ေသျပေနတဲ့ ႏွစ္ ၃၀၀၀ေက်ာ္က အ႐ိုးစု

ယူကရိန္းမွာ တူးေဖာ္ေတြ႕ရွိခဲ့တဲ့ အ႐ိုးစုစုံတြဲ ဟာ ေရွးေခတ္လူမ်ိဳးစုေတြရဲ႕ အခ်စ္ႀကီးပုံေတြကို သက္ေသျပလို႔ေနပါတယ္။ ေတြ႕ရွိခဲ့တာကေတာ့ အမ်ိဳးသားနဲ႔ အမ်ိဳးသမီး အ႐ိုးစုႏွစ္ခုပါ။

ကြၽမ္းက်င္ပညာရွင္ေတြရဲ႕ အဆိုအရ ေရွးေခတ္အမ်ိဳးသမီးတစ္ေယာက္ဟာ သူတို႔ခ်စ္ရတဲ့ အမ်ိဳးသားနဲ႔ ေနာင္ဘဝဆက္တိုင္း ခ်င္ခင္ေပါင္းသင္းႏိုင္ဖို႔ ထိုအမ်ိဳးသားေသဆုံးခ်ိန္မွာ အတူတူေျမျမႇဳပ္ခံခဲ့ၾကတာပါတဲ့။ ယခုပုံမွာ အ႐ိုးစုႏွစ္ခုဟာ ေပြ႕ဖက္လ်က္သားေတြ႕ရမွာပါ။

ထိုထူးဆန္းတဲ့အ႐ိုးစုဟာ ေၾကးေခတ္က စုံတြဲတစ္တြဲရဲ႕ အ႐ိုးစုျဖစ္ႏိုင္တယ္လို႔ ယူဆေနၾကပါတယ္။ ထိုအ႐ိုးစုကို ယူကရိန္းႏိုင္ငံအေနာက္ပိုင္းမွာရွိတဲ့ Ternopil ၿမိဳ႕ေတာင္ဘက္ Petrykiv အမည္ရွိတဲ့႐ြာမွာ တူးေဖာ္ေတြ႕ရွိခဲ့တာပါ။ ႏွစ္ဦးသားေပြ႕ဖက္ပီး ႏွဖူးခ်င္းထိေနကာ အၾကည့္ခ်င္းဆုံေနတဲ့ထိုအ႐ိုးစုကို ပါေမကၡ Mykola Bandrivsky က “ အခ်စ္တစ္စုံျမဳပ္ႏွံျခင္း” လို႔အမည္ေပးထားပါတယ္။

အေသးစိတ္ပုံေဖာ္ၾကည့္တဲ့အခါမွာေတာ့ “ အမ်ိဳးသမီးရဲ႕ ညာဘက္လက္နဲ႔ အမ်ိဳးသားကို ဖက္ထားပီး သူမရဲ႕ ေျခေထာက္က အမ်ိဳးသားရဲ႕ေျခေထာက္ေပၚမွာေကြးပီးတင္ထား တဲ့ပုံျဖစ္ေနပါတယ္။ ဝတ္စားဆင္ယင္ပုံေတြကေတာ့ ေၾကးေခတ္ပုံစံျဖစ္ပီး ေျမနဲ႔လုပ္ထားတဲ့ အသုံးအေဆာင္ေတြကိုပါ ပူးတြဲေတြ႕ရွိခဲ့ရပါတယ္။”

ေဆးပညာရွင္ေတြရဲ႕ေလ့လာခ်က္ေတြအရ ေသဆုံးပီးသားအမ်ိဳးသမီးတစ္ေယာက္ကို ယခုပုံစံမ်ိဳုးေနရာခ်ဖို႔မျဖစ္ႏိုင္ေၾကာင္းေသခ်ာတဲ့အတြက္ အမ်ိဳးသမီးဟာ ရွင္ရက္နဲ႔ ေျမျမႇဳပ္ခံခဲ့တာေသခ်ာေနခဲ့ပါတယ္။

ေနာက္တစ္ခုကေတာ့ အမ်ိဳးသမီးဟာ အဆိပ္ေသာက္သုံးခဲ့တယ္ဆိုတဲ့ ယူဆခ်က္ပါ။ အမ်ိဳးသမီးဟာ အခ်ိန္အတိုင္းအတာတစ္ခုအထိအစြမ္းမျပတဲ့ အဆိပ္တစ္မ်ိဳးကိုေသာက္သုံးပီး ဂူထဲဝင္ခဲ့တယ္ဆိုတာပါပဲ။ အမ်ိဳးသမီးဟာ သူရဲ႕ ခ်စ္သူအေပၚသစၥာမပ်က္ခ်င္တာေၾကာင့္ ေနာက္ဘဝမွာအတူတူျပန္လည္ေပါင္းဖက္ႏိုင္ဖို႔ ရည္႐ြယ္လုပ္ေဆာင္ခဲ့တာ ေသခ်ာသေလာက္ပါပဲ။

Vysotskaya ယဥ္ေက်းမႈမွာ ထိုကဲ့သို႔အတူတကြေသဆုံးရမယ္လို႔ျပဌာန္းထားေပမဲ့ ထိုလုပ္ရပ္ေတြတိုင္းဟာ ကာယကံရွင္အမ်ိဳးသမီးေတြရဲ႕ လိုလိုလားလားရွိတဲ့ ဆႏၵအရသာ ထိုလုပ္ရပ္မ်ိဳးကိုလုပ္ေဆာင္တာပါလို႔ ေလ့လာေတြ႕ရွိရပါတယ္။ ထိုေခတ္အခါက လူေတြဟာ ေနာက္ဘဝကို ယုံၾကည္ၾကသူေတြလည္းျဖစ္ပါတယ္။

Writer- စပြန႔္ (Daily Hot News)

Unicode,

မိန်းခလေးတွေဟာ ယောကျာ်းတွေထက် အချစ်စိတ်ကြီးမားကြောင်း သက်သေပြနေတဲ့ နှစ် ၃ဝဝဝကျော်က အရိုးစု

ယူကရိန်းမှာ တူးဖော်တွေ့ရှိခဲ့တဲ့ အရိုးစုစုံတွဲ ဟာ ရှေးခေတ်လူမျိုးစုတွေရဲ့ အချစ်ကြီးပုံတွေကို သက်သေပြလို့နေပါတယ်။ တွေ့ရှိခဲ့တာကတော့ အမျိုးသားနဲ့ အမျိုးသမီး အရိုးစုနှစ်ခုပါ။

ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ ရှေးခေတ်အမျိုးသမီးတစ်ယောက်ဟာ သူတို့ချစ်ရတဲ့ အမျိုးသားနဲ့ နောင်ဘဝဆက်တိုင်း ချင်ခင်ပေါင်းသင်းနိုင်ဖို့ ထိုအမျိုးသားသေဆုံးချိန်မှာ အတူတူမြေမြှုပ်ခံခဲ့ကြတာပါတဲ့။ ယခုပုံမှာ အရိုးစုနှစ်ခုဟာ ပွေ့ဖက်လျက်သားတွေ့ရမှာပါ။

ထိုထူးဆန်းတဲ့အရိုးစုဟာ ကြေးခေတ်က စုံတွဲတစ်တွဲရဲ့ အရိုးစုဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။ ထိုအရိုးစုကို ယူကရိန်းနိုင်ငံအနောက်ပိုင်းမှာရှိတဲ့ Ternopil မြို့တောင်ဘက် Petrykiv အမည်ရှိတဲ့ရွာမှာ တူးဖော်တွေ့ရှိခဲ့တာပါ။ နှစ်ဦးသားပွေ့ဖက်ပီး နှဖူးချင်းထိနေကာ အကြည့်ချင်းဆုံနေတဲ့ထိုအရိုးစုကို ပါမေက္ခ Mykola Bandrivsky က “ အချစ်တစ်စုံမြုပ်နှံခြင်း” လို့အမည်ပေးထားပါတယ်။

အသေးစိတ်ပုံဖော်ကြည့်တဲ့အခါမှာတော့ “ အမျိုးသမီးရဲ့ ညာဘက်လက်နဲ့ အမျိုးသားကို ဖက်ထားပီး သူမရဲ့ ခြေထောက်က အမျိုးသားရဲ့ခြေထောက်ပေါ်မှာကွေးပီးတင်ထား တဲ့ပုံဖြစ်နေပါတယ်။ ဝတ်စားဆင်ယင်ပုံတွေကတော့ ကြေးခေတ်ပုံစံဖြစ်ပီး မြေနဲ့လုပ်ထားတဲ့ အသုံးအဆောင်တွေကိုပါ ပူးတွဲတွေ့ရှိခဲ့ရပါတယ်။”

ဆေးပညာရှင်တွေရဲ့လေ့လာချက်တွေအရ သေဆုံးပီးသားအမျိုးသမီးတစ်ယောက်ကို ယခုပုံစံမျိုုးနေရာချဖို့မဖြစ်နိုင်ကြောင်းသေချာတဲ့အတွက် အမျိုးသမီးဟာ ရှင်ရက်နဲ့ မြေမြှုပ်ခံခဲ့တာသေချာနေခဲ့ပါတယ်။

နောက်တစ်ခုကတော့ အမျိုးသမီးဟာ အဆိပ်သောက်သုံးခဲ့တယ်ဆိုတဲ့ ယူဆချက်ပါ။ အမျိုးသမီးဟာ အချိန်အတိုင်းအတာတစ်ခုအထိအစွမ်းမပြတဲ့ အဆိပ်တစ်မျိုးကိုသောက်သုံးပီး ဂူထဲဝင်ခဲ့တယ်ဆိုတာပါပဲ။ အမျိုးသမီးဟာ သူရဲ့ ချစ်သူအပေါ်သစ္စာမပျက်ချင်တာကြောင့် နောက်ဘဝမှာအတူတူပြန်လည်ပေါင်းဖက်နိုင်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာ သေချာသလောက်ပါပဲ။

Vysotskaya ယဉ်ကျေးမှုမှာ ထိုကဲ့သို့အတူတကွသေဆုံးရမယ်လို့ပြဌာန်းထားပေမဲ့ ထိုလုပ်ရပ်တွေတိုင်းဟာ ကာယကံရှင်အမျိုးသမီးတွေရဲ့ လိုလိုလားလားရှိတဲ့ ဆန္ဒအရသာ ထိုလုပ်ရပ်မျိုးကိုလုပ်ဆောင်တာပါလို့ လေ့လာတွေ့ရှိရပါတယ်။ ထိုခေတ်အခါက လူတွေဟာ နောက်ဘဝကို ယုံကြည်ကြသူတွေလည်းဖြစ်ပါတယ်။

Writer- စပွန့် (Daily Hot News