အေထြအေထြဗဟုသုတ

အ​မေ့ကို ပြန်​​ပြော​တော့မယ်​ဆိုရင်​ဒါ​လေးကို ခဏခဏ ပြန်​ဖတ်​ကြည်​့ပါ

အ​ေမ့ကုိ ျပန္​​ေျပာ​ေတာ့မယ္​ဆုိရင္​ဒါ​ေလးကုိ ခဏခဏ ျပန္​ဖတ္​ၾကည္​့ပါ။

ဒါဆုိရင္​ ျပန္​​​ေျပာမိမွာ မဟုတ္​​ေတာ့ပါဘူး …

••အေမ့ကို အာခံ၍ ျပန္မေျပာခင္..

တစ္ခုေသာ နံနက္ခင္း အထက္တန္းေက်ာင္းသားအရြယ္ ေကာင္ေလးတစ္ေယာက္အား အိပ္ယာမသိမ္းမိလို႔ မိခင္ျဖစ္သူက

“ထမင္းစားခ်ိန္မွန္းလဲမသိ အျပင္ထြက္လည္းမိဘဆီ ခြင့္မတိုင္ၾကည့္စမ္း ဘယ္အခ်ိန္႐ွိေနၿပီလဲ တစ္ေနကုန္ ဂိမ္းေဆာ့ေန. . .”အစ႐ွိသျဖင့္ ဆူပူႀကိမ္းေမာင္းကာသားျဖစ္သူက သီးမခံႏိုင္လို႔

“ဟာဗ်ာ . အေမကလည္း ကြ်န္ေတာ္က ကေလးမဟုတ္ေတာ့ဘူးတစ္ေန႔လံုး ဗ်စ္ေတာက္ဗ်စ္ေတာက္နဲ႔ နားၿငီးတယ္ ကြ်န္ေတာ္ဟာကြ်န္ေတာ္ ႀကိဳက္သလိုေနေပါ့ အေမမစပ္စုခ်င္ပါနဲ႔..လို႔ သူ႔အေမကို အသံႀကီးဟစ္က်ယ္နဲ႔ ျပန္ေျပာခဲ့တယ္ ။

အေမကတစ္လွည့္ သားကတစ္လွည့္ စကားမ်ားၾကရာကအနီးအနားမွာထိုင္ေနတဲ့ အေဖျဖစ္သူက ၾကားျပန္ေျဖတဲ့အေနနဲ႔သူ႔သားကို ေခၚလိုက္ပါတယ္။

“သားေရ..အေဖ့ဆီ လာပါဦးကြာ”

သားျဖစ္သူက ေျခေဆာင့္ရင္း အိမ္ေပၚကေနဆင္းသြားၿပီး အေဖေခၚရာကို လိုက္ခဲ့ပါတယ္ ။ အေဖျဖစ္သူကသားပခံုးကို လွမ္းဖက္ရင္း အျပင္ဘက္ကို လမ္းေလွ်ာက္ထြက္ခဲ့ပါတယ္။

“သား..ဘာျဖစ္လို႔ အေမ့ကိုုျပန္ေျပာေနရတာလဲ”

“အေဖကလည္း ကြ်န္ေတာ္က ကေလးမွမဟုတ္ေတာ့တာ ေန႔တိုင္းလိုလို ကြ်န္ေတာ္ကိုအျပစ္ျမင္ေနတယ္ ေန႔တိုင္း ဆူပူေနတယ္ကြ်န္ေတာ္ ဒီအိမ္မွာ မေနခ်င္ေတာ့ဘူး ေဖေဖရယ္”

“ေအာ္..သားက ​ေမေမ့ဆိုဆံုးမစကားေတြ ဆူတယ္လို႔ထင္ေနတာကိုး ​ေမေမ မဆူေအာင္ ေမေမ့ေျပာတဲ့အတိုင္း ငါ့သားေနေပါ့ကြ”

“ေဖေဖလည္း ေမေမ့လိုပဲ သားကို မခ်စ္ဘူးေပါ့ ”

“မဟုတ္ပါဘူးသားရယ္ ဘယ္မိဘကမွ ကိုယ့္သားသမီးကိုလမ္းမွားမေရာက္ေစခ်င္ဘူး ႀကိဳတင္တားဆီးတဲ႔အေနနဲ႔ေျပာဆိုဆံုးမေနတာ”

“ေတာ္ၿပီ..ေဖေဖလည္းေမေမ့လိုပဲ သားကိုအေကာင္းမျမင္ဘူး ဆူဖို႔ပဲ”

“ကဲ ေဖေဖတစ္ခုေျပာမယ္ ေသခ်ာနားေထာင္”

“ဘာေျပာမွာလဲေဖေဖ သားနားေထာင္ေနတယ္”

“သားက ​ေမေမ့ကို တစ္ခြန္းမက်န္ အာခံျပန္ေျပာတယ္ေနာ္

သား ​ေသခ်ာစဥ္းစား”

“သား ျပန္ေျပာမွာေပါ့ေဖေဖ ေန႔တိုင္း ဗ်စ္ေတာက္ဗ်စ္ေတာက္ဆိုေတာ့ သား နားၿငီးတယ္”

“ကဲ ဒါဆိုေဖေဖ အခ်က္ ၁၀ ခ်က္ေျပာျပမယ္ အဲဒီအခ်က္၁၀ ခ်က္လံုး သားလိုက္နာႏိုင္ရင္ သားေမ့ေမ့ကို ႀကိဳက္သလိုအာခံၿပီးျပန္ေျပာလို႔ရၿပီ”

“ေျပာပါ ေဖေဖ သားနားေထာင္ပါ့မယ္”

ဒါဆိုေသခ်ာနားေထာင္

၁။။ သံုးလတိတိ သားထမင္းစားၿပီးတိုင္း အန္ႏိုင္မလား … ?

၂။။ သားရဲ႕ဝမ္းဗိုက္ထဲေဘာလံုးထည့္ၿပီး ႀကီးမားလာေအာင္တစ္လတစ္ခါ ေရထိုးသြင္းမယ္ တစ္ဆယ္လတိုင္တိုင္သားအေလးခံၿပီး သယ္ထားႏိုင္မလား … ?

၃။။ ေကာ္ဖီ၊ လက္ဖက္ရည္၊ ကိုယ္ႀကိဳက္တဲ့မုန္႔ အစားအစာေတြမစားပဲ ေျခာက္လတိုင္တိုင္ အငတ္ခံေနႏိုင္မလား … ?

၄။။ ညညအိပ္ရင္လည္း ဘယ္ညာ မေစာင္းပဲ ၿငိမ္ၿငိမ္ေလးနဲ႔

၅ လတိုင္တိုင္ အိပ္ႏိုင္မလား … ?

၅။။ ၈ လတိုင္တိုင္ ေဆာ့ကစားတာတို႔ ေလွ်ာက္လည္တာတို႔ကခုန္တာတို႔ မလုပ္ပဲ အိမ္ထဲမွာပဲ ေနႏိုင္မလား … ?

၆။။ နာဖ်ားလို႔မရွိေအာင္ ကိုယ့္ကိုဂ႐ုစိုက္ေနရလို႔ ႀကိဳက္တဲ့အစားအေသာက္ေတြ မစားပဲေနမယ္ ဖ်ားနာခဲ့ရင္ေတာင္ ေဆးေတြစိတ္ႀကိဳက္စားခြင့္မ႐ွိပဲ ၁၀ လအထိ သားေနႏိုင္လား … ?

၇။။ ၁၄ နာရီအၾကာ အသက္နဲ႔ရင္းၿပီး နာက်င္ကိုက္ခဲတဲ့ေဝဒနာ သားခံႏိုင္မလား … ?

၈။။ ကိုယ့္ႏို႔သီးေခါင္းကို ကိုက္ရင္ နာေပမယ့္ ၁၀ လအထိေအာင့္အည္းသီးခံႏိူင္မလား … ?

၉။။ ခ်ီးေတြ၊ ေသးေတြ၊ အန္ဖတ္ေတြ ၂ ႏွစ္တိုင္တိုင္သားကၾကံဳးႏိုင္မလား … ?

၁၀။။ ညညဆိုရင္လည္း ႏွစ္နာရီတစ္ခါ တစ္ႏွစ္လံုးလံုးအိပ္ေရးပ်က္ခံၿပီးထႏိုင္မလား … ?

” ကဲ..သား အဲဒီအခ်က္၁၀ ခ်က္ လိုက္နာလို႔ႏိုင္မလား တကယ္လို႔ သားက တစ္ခ်က္မက်န္ လိုက္နာႏိုင္ရင္ ေမေမ့ကို ႀကိဳက္သလိုအာခံၿပီး ျပန္ေျပာလို႔ႏိုင္ၿပီ”

သားျဖစ္သူက ေခတၱမိိႈင္ၿပီး အေတြးတစ္ခုဝင္လာကာ”ဟုတ္ကဲ့ေဖေဖ သားနားလည္ပါၿပီ ေနာက္ဘယ္ေတာ့မွေမေမ့ကိုေရာ ေဖေဖ့ကိုပါ သားျပန္မေျပာေတာ့ပါဘူးလို႔သားကတိေပးပါတယ္ေဖေဖ”

“ကဲ..သားလိမၼာေလး ေမေမ့ကို ဝန္ခ်ေတာင္းပန္ၿပီးကန္​​ေတာ့လိုက္​​ေနာ္​ ……

သားလိမၼာ၊သမီးလိမၼာေလးမ်ားျဖစ္ၾကပါေစ”

Credit ;Original

Unicode

အ​မေ့ကို ပြန်​​ပြော​တော့မယ်​ဆိုရင်​ဒါ​လေးကို ခဏခဏ ပြန်​ဖတ်​ကြည်​့ပါ။

ဒါဆိုရင်​ ပြန်​​​ပြောမိမှာ မဟုတ်​​တော့ပါဘူး …

••အမေ့ကို အာခံ၍ ပြန်မပြောခင်..

တစ်ခုသော နံနက်ခင်း အထက်တန်းကျောင်းသားအရွယ် ကောင်လေးတစ်ယောက်အား အိပ်ယာမသိမ်းမိလို့ မိခင်ဖြစ်သူက

“ထမင်းစားချိန်မှန်းလဲမသိ အပြင်ထွက်လည်းမိဘဆီ ခွင့်မတိုင်ကြည့်စမ်း ဘယ်အချိန်ရှိနေပြီလဲ တစ်နေကုန် ဂိမ်းဆော့နေ. . .”အစရှိသဖြင့် ဆူပူကြိမ်းမောင်းကာသားဖြစ်သူက သီးမခံနိုင်လို့

“ဟာဗျာ . အမေကလည်း ကျွန်တော်က ကလေးမဟုတ်တော့ဘူးတစ်နေ့လုံး ဗျစ်တောက်ဗျစ်တောက်နဲ့ နားငြီးတယ် ကျွန်တော်ဟာကျွန်တော် ကြိုက်သလိုနေပေါ့ အမေမစပ်စုချင်ပါနဲ့..လို့ သူ့အမေကို အသံကြီးဟစ်ကျယ်နဲ့ ပြန်ပြောခဲ့တယ် ။

အမေကတစ်လှည့် သားကတစ်လှည့် စကားများကြရာကအနီးအနားမှာထိုင်နေတဲ့ အဖေဖြစ်သူက ကြားပြန်ဖြေတဲ့အနေနဲ့သူ့သားကို ခေါ်လိုက်ပါတယ်။

“သားရေ..အဖေ့ဆီ လာပါဦးကွာ”

သားဖြစ်သူက ခြေဆောင့်ရင်း အိမ်ပေါ်ကနေဆင်းသွားပြီး အဖေခေါ်ရာကို လိုက်ခဲ့ပါတယ် ။ အဖေဖြစ်သူကသားပခုံးကို လှမ်းဖက်ရင်း အပြင်ဘက်ကို လမ်းလျှောက်ထွက်ခဲ့ပါတယ်။

“သား..ဘာဖြစ်လို့ အမေ့ကိုုပြန်ပြောနေရတာလဲ”

“အဖေကလည်း ကျွန်တော်က ကလေးမှမဟုတ်တော့တာ နေ့တိုင်းလိုလို ကျွန်တော်ကိုအပြစ်မြင်နေတယ် နေ့တိုင်း ဆူပူနေတယ်ကျွန်တော် ဒီအိမ်မှာ မနေချင်တော့ဘူး ဖေဖေရယ်”

“အော်..သားက ​မေမေ့ဆိုဆုံးမစကားတွေ ဆူတယ်လို့ထင်နေတာကိုး ​မေမေ မဆူအောင် မေမေ့ပြောတဲ့အတိုင်း ငါ့သားနေပေါ့ကွ”

“ဖေဖေလည်း မေမေ့လိုပဲ သားကို မချစ်ဘူးပေါ့ ”

“မဟုတ်ပါဘူးသားရယ် ဘယ်မိဘကမှ ကိုယ့်သားသမီးကိုလမ်းမှားမရောက်စေချင်ဘူး ကြိုတင်တားဆီးတဲ့အနေနဲ့ပြောဆိုဆုံးမနေတာ”

“တော်ပြီ..ဖေဖေလည်းမေမေ့လိုပဲ သားကိုအကောင်းမမြင်ဘူး ဆူဖို့ပဲ”

“ကဲ ဖေဖေတစ်ခုပြောမယ် သေချာနားထောင်”

“ဘာပြောမှာလဲဖေဖေ သားနားထောင်နေတယ်”

“သားက ​မေမေ့ကို တစ်ခွန်းမကျန် အာခံပြန်ပြောတယ်နော်

သား ​သေချာစဉ်းစား”

“သား ပြန်ပြောမှာပေါ့ဖေဖေ နေ့တိုင်း ဗျစ်တောက်ဗျစ်တောက်ဆိုတော့ သား နားငြီးတယ်”

“ကဲ ဒါဆိုဖေဖေ အချက် ၁၀ ချက်ပြောပြမယ် အဲဒီအချက်၁၀ ချက်လုံး သားလိုက်နာနိုင်ရင် သားမေ့မေ့ကို ကြိုက်သလိုအာခံပြီးပြန်ပြောလို့ရပြီ”

“ပြောပါ ဖေဖေ သားနားထောင်ပါ့မယ်”

ဒါဆိုသေချာနားထောင်

၁။။ သုံးလတိတိ သားထမင်းစားပြီးတိုင်း အန်နိုင်မလား … ?

၂။။ သားရဲ့ဝမ်းဗိုက်ထဲဘောလုံးထည့်ပြီး ကြီးမားလာအောင်တစ်လတစ်ခါ ရေထိုးသွင်းမယ် တစ်ဆယ်လတိုင်တိုင်သားအလေးခံပြီး သယ်ထားနိုင်မလား … ?

၃။။ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုယ်ကြိုက်တဲ့မုန့် အစားအစာတွေမစားပဲ ခြောက်လတိုင်တိုင် အငတ်ခံနေနိုင်မလား … ?

၄။။ ညညအိပ်ရင်လည်း ဘယ်ညာ မစောင်းပဲ ငြိမ်ငြိမ်လေးနဲ့

၅ လတိုင်တိုင် အိပ်နိုင်မလား … ?

၅။။ ၈ လတိုင်တိုင် ဆော့ကစားတာတို့ လျှောက်လည်တာတို့ကခုန်တာတို့ မလုပ်ပဲ အိမ်ထဲမှာပဲ နေနိုင်မလား … ?

၆။။ နာဖျားလို့မရှိအောင် ကိုယ့်ကိုဂရုစိုက်နေရလို့ ကြိုက်တဲ့အစားအသောက်တွေ မစားပဲနေမယ် ဖျားနာခဲ့ရင်တောင် ဆေးတွေစိတ်ကြိုက်စားခွင့်မရှိပဲ ၁၀ လအထိ သားနေနိုင်လား … ?

၇။။ ၁၄ နာရီအကြာ အသက်နဲ့ရင်းပြီး နာကျင်ကိုက်ခဲတဲ့ဝေဒနာ သားခံနိုင်မလား … ?

၈။။ ကိုယ့်နို့သီးခေါင်းကို ကိုက်ရင် နာပေမယ့် ၁၀ လအထိအောင့်အည်းသီးခံနိူင်မလား … ?

၉။။ ချီးတွေ၊ သေးတွေ၊ အန်ဖတ်တွေ ၂ နှစ်တိုင်တိုင်သားကကြုံးနိုင်မလား … ?

၁၀။။ ညညဆိုရင်လည်း နှစ်နာရီတစ်ခါ တစ်နှစ်လုံးလုံးအိပ်ရေးပျက်ခံပြီးထနိုင်မလား … ?

” ကဲ..သား အဲဒီအချက်၁၀ ချက် လိုက်နာလို့နိုင်မလား တကယ်လို့ သားက တစ်ချက်မကျန် လိုက်နာနိုင်ရင် မေမေ့ကို ကြိုက်သလိုအာခံပြီး ပြန်ပြောလို့နိုင်ပြီ”

သားဖြစ်သူက ခေတ္တမိိှုင်ပြီး အတွေးတစ်ခုဝင်လာကာ”ဟုတ်ကဲ့ဖေဖေ သားနားလည်ပါပြီ နောက်ဘယ်တော့မှမေမေ့ကိုရော ဖေဖေ့ကိုပါ သားပြန်မပြောတော့ပါဘူးလို့သားကတိပေးပါတယ်ဖေဖေ”

“ကဲ..သားလိမ္မာလေး မေမေ့ကို ဝန်ချတောင်းပန်ပြီးကန်​​တော့လိုက်​​နော်​ ……

သားလိမ္မာ၊သမီးလိမ္မာလေးများဖြစ်ကြပါစေ”

Credit ;Original