အေထြအေထြဗဟုသုတ

“ရြာ” တစ္ရြာတည္ဖို႔ စုန္း(၇)ေယာက္ ဘာေၾကာင့္လိုတာလဲ

ရြာတစ္ရြာ ျဖစ္ေပၚဖို႔ စုန္း ၇ ေယာက္ ဘာေျကာင့္လိုတာလဲဆိုတာကို ဗဟုသုတအေနနဲ႔ တင္ျပအပ္ပါတယ္…

“ေယာေဒသမွာ ရြာသစ္တစ္ရြာတည္ဖို႕ စုန္း( ၇ )ေယာက္လိုတယ္ “တဲ႕လား…??? ငယ္စဥ္က ၾကားဖူးနားဝ စကားေလးပါ….

စုန္းအေၾကာင္းေတြက အိပ္ယာဝင္ပုံျပင္ေတြလို အထူးထူး အျခားျခား အမ်ားမ်ားအျပားျပားရွိၾကပါတယ္…

တကယ္ေတြ႕ဖူးသည္ဆိုသည့္ပုဂၢိဳလ္ထံ ေမးျမန္းျပန္ေတာ့လည္း

တိတိလင္းလင္း နားရွင္းေအာင္ေျဖနိူင္သူဟူ၍ မေတြ႕ရွိရေသးျပန္ပါဘူး…၊

မိမိလက္လွမ္းမွီသေလာက္ စူးစမ္းေမးျမန္းရွာေဖြၾကည္ေတာ့ ရြာတစ္ရြာတည္ဖို႕လိုအပ္တဲ႕ စုန္း (၇) ေယာက္က…

စုန္း=> စုေႏၷာ=>ေျဖာင့္မွန္ေသာသူ (စုေႏၷာတိ ဥဇုကေတာ-ေျဖာင့္မတ္မွန္ကန္သည့္ ပညာရွင္ခုႏွစ္ဦး)

ဋီကာက်မ္း

ထို ခုႏွစ္ဦးမွာ……(၁)ေျမပညာရွင္ရြာသစ္တည္မည့္ေနရာသည္ ေျမအေနအထားသင့္မသင့္ ေျမဆီေျမလႊာ ကို သိရွိက်ြမ္းက်င္သူ…

(၂)ေရပညာရွင္ ေသာက္သုံးေရ/ေရခ်ိဳ/စုိက္ပ်ိဳးေရးလုပ္ငန္းသုံးေရ/ ရမရ ကို သိရွိက်ြမ္းက်င္သူ…

(၃)ေလပညာရွင္ ေလေၾကာင္း သင့္မသင့္ ေလၿငိမ္အရပ္ ဟုတ္/ မဟုတ္ စသည့္ ေလသေဘာသဘာဝ က်ြမ္းက်င္ပါးနပ္သူ…

(၄) စီးပြါးေရးပညာရွင္ ၊ (၅)ပညာေရး စီမံနိူင္သူ ၊ (၆)က်န္းမာေရး ေစာင့္ေရွာက္မႈေပးနိူင္သူ

(၇)ဆက္သြယ္ေရး က်ြမ္းက်င္သူ ရြာတစ္ရြာ တည္မည့္ေနရာသည္ ရြာ၏လိုအပ္ခ်က္မ်ားအတြက္ ဆက္သြယ္သြားလာႏုိင္ရန္

လြယ္ကူမည့္အခ်က္အလက္ လမ္းေၾကာင္းကိုသိေသာသူ…အစရွိသျဖင့္ ေတြ႕ရွိမွတ္သားမိပါတယ္….

က်ေနာ့္စာကို ယခုဖတ္မိသူ မိတ္ေဆြအေနနဲ႕က်ေနာ္ မွတ္သားမိသမ်ွေလးေတြ ျပန္ေဝမ်ွတာပါခင္ဗ်ာ..ဘဝင္က်တန္ေကာင္းပါရဲ႕….။ ။

အရွင္စႏၵကုမာရ (ေရႊႀတိဂံ)

-ဋီကာက်မ္း

Unicode Version

ရွာတစ်ရွာ ဖြစ်ပေါ်ဖို့ စုန်း ၇ ယောက် ဘာကြောင့်လိုတာလဲဆိုတာကို ဗဟုသုတအနေနဲ့ တင်ပြအပ်ပါတယ်…

“ယောဒေသမှာ ရွာသစ်တစ်ရွာတည်ဖို့ စုန်း( ၇ )ယောက်လိုတယ် “တဲ့လား…??? ငယ်စဉ်က ကြားဖူးနားဝ စကားလေးပါ….

စုန်းအကြောင်းတွေက အိပ်ယာဝင်ပုံပြင်တွေလို အထူးထူး အခြားခြား အများများအပြားပြားရှိကြပါတယ်…

တကယ်တွေ့ဖူးသည်ဆိုသည့်ပုဂ္ဂိုလ်ထံ မေးမြန်းပြန်တော့လည်း

တိတိလင်းလင်း နားရှင်းအောင်ဖြေနိူင်သူဟူ၍ မတွေ့ရှိရသေးပြန်ပါဘူး…၊

မိမိလက်လှမ်းမှီသလောက် စူးစမ်းမေးမြန်းရှာဖွေကြည်တော့ ရွာတစ်ရွာတည်ဖို့လိုအပ်တဲ့ စုန်း (၇) ယောက်က…

စုန်း=> စုန္နော=>ဖြောင့်မှန်သောသူ (စုန္နောတိ ဥဇုကတော-ဖြောင့်မတ်မှန်ကန်သည့် ပညာရှင်ခုနှစ်ဦး)

ဋီကာကျမ်း

ထို ခုနှစ်ဦးမှာ……(၁)မြေပညာရှင်ရွာသစ်တည်မည့်နေရာသည် မြေအနေအထားသင့်မသင့် မြေဆီမြေလွှာ ကို သိရှိကျွမ်းကျင်သူ…

(၂)ရေပညာရှင် သောက်သုံးရေ/ရေချို/စိုက်ပျိုးရေးလုပ်ငန်းသုံးရေ/ ရမရ ကို သိရှိကျွမ်းကျင်သူ…

(၃)လေပညာရှင် လေကြောင်း သင့်မသင့် လေငြိမ်အရပ် ဟုတ်/ မဟုတ် စသည့် လေသဘောသဘာဝ ကျွမ်းကျင်ပါးနပ်သူ…

(၄) စီးပွါးရေးပညာရှင် ၊ (၅)ပညာရေး စီမံနိူင်သူ ၊ (၆)ကျန်းမာရေး စောင့်ရှောက်မှုပေးနိူင်သူ

(၇)ဆက်သွယ်ရေး ကျွမ်းကျင်သူ ရွာတစ်ရွာ တည်မည့်နေရာသည် ရွာ၏လိုအပ်ချက်များအတွက် ဆက်သွယ်သွားလာနိုင်ရန်

လွယ်ကူမည့်အချက်အလက် လမ်းကြောင်းကိုသိသောသူ…အစရှိသဖြင့် တွေ့ရှိမှတ်သားမိပါတယ်….

ကျနော့်စာကို ယခုဖတ်မိသူ မိတ်ဆွေအနေနဲ့ကျနော် မှတ်သားမိသမျှလေးတွေ ပြန်ဝေမျှတာပါခင်ဗျာ..ဘဝင်ကျတန်ကောင်းပါရဲ့….။ ။

အရှင်စန္ဒကုမာရ (ရွှေတြိဂံ)

-ဋီကာကျမ်း