အေထြအေထြဗဟုသုတ

သွားကိုက်၊ သွားဖုံးနာ၊ သွားဖုံးရောင်၊ အမြန်ပျောက်

သွားကိုက်၊ သွားဖုံးနာ၊ သွားဖုံးရောင်၊ အမြန်ပျောက်

ဆေးမြီးတို

သွားဖုံးရောင်၊ သွားဖုံးနာ၊ သွားပါနာလာတတ်တော့ အစားအသောက်ပျက် စိတ်ညစ်ရသည်။ အသက်ကြီးလာပါက မကြာခဏ ဖြစ်တတ်သည်။ သမားရိုးကျ ဆေးမြီးတိုကတော့ ဆားရည်နွေးနွေးကို တခါငုံ ၁၀ မိနစ်ကျော်ခန့်။ တရက်သုံးကြိမ်ကျော်ငုံ။ ကွမ်းရွက်ကို ဝါးပြီး ငုံထား။ တရက် ၃/၄ ကြိမ်ငုံ။ ၃/၄ ရက်ကြာမှ ပျောက်တတ်သည်။ယခု အမြန်ပျောက် ဆေးမြီးတိုဆေးနည်းက –

– ကြွေကျတဲ့ အုန်းသီး နုနုလေး (၃/၄)လုံးခန့်ကို ဓါးနဲ့နုတ်- – နုတ်စင်းပြီး ရေအသင့်အတင့်ထည့်။

– ရေသုံးပုံ တပုံတင် ကျို။

– ထိုအရည်ကို တရက် ၃/၄ ကြိမ်ငုံ။

– တခါငုံ ၁၀ မိနစ်ကျော်ခန့် ငုံပါ။

– အမြန် သက်သာပျောက်ကင်းပါသည်။

တဆက်တည်းပြောလိုသည်မှာ သွားကိုက်ပါက နနွင်းမှုန့်နဲ့ ဆားဆတူရော..။ ပြာချရမည်။ သွတ်ပြား၊ ဒယ်အိုးဖြင့် အပူကြာကြာပေးလျှင် ပြာဖြစ်သွားသည်။ ထိုပြာကို သွားရင်း၊ သွားဖုံးခြေကို တရက် ၃/၄ ကြိမ်အုံပေးက အမြန်

သက်သာ ပျောက်ကင်းသည်။အုန်းသီးလေးကို ဓါးနဲ့စင်းရာတွင် အလွန်ခြောက်သွားပါက စင်းလို့ခက်။ အာနိသင်လည်းနည်းသဖြင့် အသီးမခြောက်ခင် လုပ်ပါ။

Credit-ဆရာ Nyunt Aung

သြားကိုက္၊ သြားဖုံးနာ၊ သြားဖုံးေရာင္၊ အျမန္ေပ်ာက္

ေဆးၿမီးတို

သြားဖုံးေရာင္၊ သြားဖုံးနာ၊ သြားပါနာလာတတ္ေတာ့ အစားအေသာက္ပ်က္ စိတ္ညစ္ရသည္။ အသက္ႀကီးလာပါက မၾကာခဏ ျဖစ္တတ္သည္။ သမားရိုးက် ေဆးၿမီးတိုကေတာ့ ဆားရည္ေႏြးေႏြးကို တခါငုံ ၁၀ မိနစ္ေက်ာ္ခန႔္။ တရက္သုံးႀကိမ္ေက်ာ္ငုံ။ ကြမ္းရြက္ကို ဝါးၿပီး ငုံထား။ တရက္ ၃/၄ ႀကိမ္ငုံ။ ၃/၄ ရက္ၾကာမွ ေပ်ာက္တတ္သည္။ယခု အျမန္ေပ်ာက္ ေဆးၿမီးတိုေဆးနည္းက –

– ေႂကြက်တဲ့ အုန္းသီး ႏုႏုေလး (၃/၄)လုံးခန႔္ကို ဓါးနဲ႔ႏုတ္- – ႏုတ္စင္းၿပီး ေရအသင့္အတင့္ထည့္။

– ေရသုံးပုံ တပုံတင္ က်ိဳ။

– ထိုအရည္ကို တရက္ ၃/၄ ႀကိမ္ငုံ။

– တခါငုံ ၁၀ မိနစ္ေက်ာ္ခန႔္ ငုံပါ။

– အျမန္ သက္သာေပ်ာက္ကင္းပါသည္။

တဆက္တည္းေျပာလိုသည္မွာ သြားကိုက္ပါက နႏြင္းမႈန႔္နဲ႔ ဆားဆတူေရာ..။ ျပာခ်ရမည္။ သြတ္ျပား၊ ဒယ္အိုးျဖင့္ အပူၾကာၾကာေပးလၽွင္ ျပာျဖစ္သြားသည္။ ထိုျပာကို သြားရင္း၊ သြားဖုံးေျခကို တရက္ ၃/၄ ႀကိမ္အုံေပးက အျမန္သက္သာ ေပ်ာက္ကင္းသည္။အုန္းသီးေလးကို ဓါးနဲ႔စင္းရာတြင္ အလြန္ေျခာက္သြားပါက စင္းလို႔ခက္။ အာနိသင္လည္းနည္းသျဖင့္ အသီးမေျခာက္ခင္ လုပ္ပါ။

Credit-ဆရာ Nyunt Aung

Photo-credit