အေထြအေထြဗဟုသုတ

လူတစ္ေယာက္ရဲ႕နာမည္အစ စာလုံးကိုသိရင္ သူရဲ႕အေၾကာင္းကို ခန႔္မွန္းၾကည့္မယ္…..

လူတစ္ေယာက္ရဲ့ နာမည္ဟာ သူ႔ရဲ့စိတ္ေနစိတ္ထားနဲ႔ အက်င့္စရိုက္ေလးေတြကို ေဖာ္ျပေလ့ရွိတယ္လို႔ ယုံပါရဲ့လား။

ဥပမာ သူ႔နာမည္က Su Su ဆိုရင္ နာမည္အစ စာလုံးက S ေပါ့ေနာ္။ သူ႔ရဲ့နာမည္အစစာလုံး ဒါမွမဟုတ္ ကိုယ္သိခ်င္တဲ့လူရဲ့ နာမည္အစစာလုံးကိုၾကည့္ၿပီး သူက ဘယ္လိုလူမ်ိဳးလဲဆိုတာ အကဲခတ္ၾကည့္ရေအာင္ပါ။

A, H, I, O, Y

ဂ်ိဳကာနဲ႔တူတဲ့လူေတြပါ။ လူတိုင္းကို ေပ်ာ္ရႊင္ေအာင္လုပ္ေပးနိုင္သူေတြေပါ့။ ဒါေပမဲ့ သူတို႔ဝမ္းနည္းတာ၊ စိတ္ဓာတ္က်တာေတြ တျခားစိတ္ခံစားခ်က္ေတြကို ဘယ္သူမွမသိေအာင္ ႀကိတ္ခံစားၿပီး ကိုယ့္ေၾကာင့္ သူမ်ားစိတ္မညစ္ေအာင္ ေနတတ္ၾကသူေတြျဖစ္တယ္။

အျမဲတမ္းေပ်ာ္ေပ်ာ္ေနျပတတ္ေတာ့ လူခ်စ္လူခင္ေပါတယ္။ အလုပ္အကိုင္နဲ႔ပတ္သက္ရင္ ကံေကာင္းတယ္။ အခ်စ္ေရးမွာ က်န္ရစ္ျဖစ္ခဲ့ရတာမ်ားတယ္။ စိတ္ခံစားလြယ္တဲ့အထဲမွာလည္း ပါတယ္။

B, C, L, M, N

သူတို႔က်ေတာ့ လက္ေဆာင္ဘူးနဲ႔တူတယ္။ အထဲမွာ ဘာျဖစ္ေနလဲဆိုတာ ခန႔္မွန္းဖို႔မလြယ္ဘူး။ သူတို႔ရဲ့စိတ္ေနစိတ္ထားကိုလည္း ေတာ္႐ုံနဲ႔မသိရဘူး။ မသိရေအာင္လည္းေနတယ္။ ႐ုပ္မေခ်ာတာေတာင္ ဆြဲေဆာင္မႈရွိၾကသူေတြပါ။

တစ္ေယာက္တည္းေနတတ္ၾကတယ္။ အခ်စ္ေရးမွာေတာ့ ကိုယ့္စိတ္ကိုယ္ေတာင္ ေသေသခ်ာခ်ာမသိလို႔ ျပႆနာေတြ အခက္အခဲေတြၾကဳံရေလ့ရွိတယ္။ အလုပ္ႀကိဳးစားေပမဲ့ အလုပ္ကံက သိပ္မေကာင္းတတ္ၾကဘူး။

J, K, R, T

သူတို႔ဟာ ပင္လယ္နဲ႔တူတယ္။ ၿပီးျပည့္စုံျခင္းေတြနဲ႔ ျပည့္ႏွက္ေနတဲ့သေဘာရွိတယ္။ ကံအေကာင္းဆုံးလူေတြလို႔လည္း ေျပာလို႔ရတယ္။ လၽွို႔ဝွက္ခ်က္နဲ႔ မာယာႂကြယ္သူေတြလည္းျဖစ္တယ္။

အားမနာတတ္ဘူး။ မဟုတ္မခံစိတ္ရွိသူေတြ။ အခ်စ္ေရးမွာ ဦးေႏွာက္နဲ႔ႏွလုံးသားကို အကန႔္ခြဲထားနိုင္ၾကတာက သူတို႔ရဲ့စူပါ ပါဝါပဲ။ ဝန္ထမ္းဘဝမွာ မေပ်ာ္ေမြ႕ဘဲ ကိုယ္ပိုင္လုပ္ငန္း လုပ္ခ်င္ၾကသူေတြပါ။ တည္ၿငိမ္ရင့္က်က္တဲ့အသြင္ေၾကာင့္ လူအထင္ႀကီးတာလည္း ခံရတယ္။

D, E, P, Z

ဒီလိုနာမည္အစ စာလုံးရွိသူေတြကို ကုလားထိုင္နဲ႔တူတဲ့လူေတြလို႔ ဆိုၾကတယ္။ ဆိုလိုတာက တစ္ေယာက္တည္းေနၿပီး ေအးေဆးတည္ၿငိမ္ၾကသူေတြေပါ့။ လြတ္လပ္မႈကို ျမတ္နိုးတယ္။

ကိုယ့္ကိုယ္ကိုယ္ထက္ တျခားအရာေတြကိုခ်စ္ဖို႔ စိတ္မဝင္စားဘူး။ ဇိမ္က်က်ေနရတာ သေဘာက်တယ္။ အေကာင္းဆုံးဆိုတာေတြကမွ လိုခ်င္တယ္။ စကားနည္းေပမဲ့ ဆုံးျဖတ္ခ်က္ခိုင္မာတယ္။

မိသားစုပတ္ဝန္းက်င္မွာ ၾသဇာအာဏာေညာင္းတယ္။ အလုပ္ကိုလည္း ေအးေအးေဆးေဆးလုပ္ရတာမ်ိဳးပဲ လုပ္ခ်င္ၾကသူေတြပါ။ အခ်စ္ေရးက်ေတာ့ ျမဲတာရွားတယ္။ ခ်စ္ၿပီးရင္း ခ်စ္ရင္း ျဖစ္ေနတတ္တာ။

F, G, S, U

စာကေလးနဲ႔တူတဲ့လူေတြပါ။ ပိက်ိပိက်ိနဲ႔ အရမ္းစကားမ်ားတယ္။ စကားလည္း အရမ္းတတ္တယ္။ ႐ုပ္မေခ်ာလည္း ခ်စ္စရာေကာင္းေနတာ။ အျမဲလိုလို ဟာသေတြလုပ္တယ္၊ ဟာသေတြေျပာတယ္။

စိတ္ဆိုးစိတ္ေကာက္လြယ္သလားမေမးနဲ႔။ ဒါေပမဲ့ ျပန္ေခ်ာ့ရင္လည္း ခဏေလးနဲ႔ေျပေရာ။ အလုပ္တစ္ခုတည္းမွာ အခ်ိန္ၾကာၾကာလုပ္ရတာနည္းတယ္။ ဘယ္အလုပ္မွာမဆို ႀကိဳးႀကိဳးစားစားလုပ္ခ်င္စိတ္ေတာ့ အျပည့္ရွိတယ္။ အခ်စ္ေရးမွာေတာ့ စိတ္ကူးယဥ္ဆန္လြန္းၾကသူေတြပါ။

ကိုယ့္ကို ဖူးဖူးမႈတ္ခ်စ္ျပ၊ ၾကင္နာယုယေပးနိုင္တဲ့လူကိုမွ ခ်စ္ခ်င္တယ္။ ကိုယ္ကလည္း ခ်စ္သူကို အရိပ္တၾကည့္ၾကည့္နဲ႔ ျမတ္နိုးတတ္တဲ့ ရိုမန႔္တစ္အဆန္ဆုံးလူေတြ ျဖစ္ပါသတဲ့။

Credit: Duwun

Unicode,

လူတစ်ယောက်ရဲ့ နာမည်ဟာ သူ့ရဲ့စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်လေးတွေကို ဖော်ပြလေ့ရှိတယ်လို့ ယုံပါရဲ့လား။

ဥပမာ သူ့နာမည်က Su Su ဆိုရင် နာမည်အစ စာလုံးက S ပေါ့နော်။ သူ့ရဲ့နာမည်အစစာလုံး ဒါမှမဟုတ် ကိုယ်သိချင်တဲ့လူရဲ့ နာမည်အစစာလုံးကိုကြည့်ပြီး သူက ဘယ်လိုလူမျိုးလဲဆိုတာ အကဲခတ်ကြည့်ရအောင်ပါ။

A, H, I, O, Y

ဂျိုကာနဲ့တူတဲ့လူတွေပါ။ လူတိုင်းကို ပျော်ရွှင်အောင်လုပ်ပေးနိုင်သူတွေပေါ့။ ဒါပေမဲ့ သူတို့ဝမ်းနည်းတာ၊ စိတ်ဓာတ်ကျတာတွေ တခြားစိတ်ခံစားချက်တွေကို ဘယ်သူမှမသိအောင် ကြိတ်ခံစားပြီး ကိုယ့်ကြောင့် သူများစိတ်မညစ်အောင် နေတတ်ကြသူတွေဖြစ်တယ်။

အမြဲတမ်းပျော်ပျော်နေပြတတ်တော့ လူချစ်လူခင်ပေါတယ်။ အလုပ်အကိုင်နဲ့ပတ်သက်ရင် ကံကောင်းတယ်။ အချစ်ရေးမှာ ကျန်ရစ်ဖြစ်ခဲ့ရတာများတယ်။ စိတ်ခံစားလွယ်တဲ့အထဲမှာလည်း ပါတယ်။

B, C, L, M, N

သူတို့ကျတော့ လက်ဆောင်ဘူးနဲ့တူတယ်။ အထဲမှာ ဘာဖြစ်နေလဲဆိုတာ ခန့်မှန်းဖို့မလွယ်ဘူး။ သူတို့ရဲ့စိတ်နေစိတ်ထားကိုလည်း တော်ရုံနဲ့မသိရဘူး။ မသိရအောင်လည်းနေတယ်။ ရုပ်မချောတာတောင် ဆွဲဆောင်မှုရှိကြသူတွေပါ။

တစ်ယောက်တည်းနေတတ်ကြတယ်။ အချစ်ရေးမှာတော့ ကိုယ့်စိတ်ကိုယ်တောင် သေသေချာချာမသိလို့ ပြဿနာတွေ အခက်အခဲတွေကြုံရလေ့ရှိတယ်။ အလုပ်ကြိုးစားပေမဲ့ အလုပ်ကံက သိပ်မကောင်းတတ်ကြဘူး။

J, K, R, T

သူတို့ဟာ ပင်လယ်နဲ့တူတယ်။ ပြီးပြည့်စုံခြင်းတွေနဲ့ ပြည့်နှက်နေတဲ့သဘောရှိတယ်။ ကံအကောင်းဆုံးလူတွေလို့လည်း ပြောလို့ရတယ်။ လျှို့ဝှက်ချက်နဲ့ မာယာကြွယ်သူတွေလည်းဖြစ်တယ်။

အားမနာတတ်ဘူး။ မဟုတ်မခံစိတ်ရှိသူတွေ။ အချစ်ရေးမှာ ဦးနှောက်နဲ့နှလုံးသားကို အကန့်ခွဲထားနိုင်ကြတာက သူတို့ရဲ့စူပါ ပါဝါပဲ။ ဝန်ထမ်းဘဝမှာ မပျော်မွေ့ဘဲ ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်ကြသူတွေပါ။ တည်ငြိမ်ရင့်ကျက်တဲ့အသွင်ကြောင့် လူအထင်ကြီးတာလည်း ခံရတယ်။

D, E, P, Z

ဒီလိုနာမည်အစ စာလုံးရှိသူတွေကို ကုလားထိုင်နဲ့တူတဲ့လူတွေလို့ ဆိုကြတယ်။ ဆိုလိုတာက တစ်ယောက်တည်းနေပြီး အေးဆေးတည်ငြိမ်ကြသူတွေပေါ့။ လွတ်လပ်မှုကို မြတ်နိုးတယ်။

ကိုယ့်ကိုယ်ကိုယ်ထက် တခြားအရာတွေကိုချစ်ဖို့ စိတ်မဝင်စားဘူး။ ဇိမ်ကျကျနေရတာ သဘောကျတယ်။ အကောင်းဆုံးဆိုတာတွေကမှ လိုချင်တယ်။ စကားနည်းပေမဲ့ ဆုံးဖြတ်ချက်ခိုင်မာတယ်။

မိသားစုပတ်ဝန်းကျင်မှာ သြဇာအာဏာညောင်းတယ်။ အလုပ်ကိုလည်း အေးအေးဆေးဆေးလုပ်ရတာမျိုးပဲ လုပ်ချင်ကြသူတွေပါ။ အချစ်ရေးကျတော့ မြဲတာရှားတယ်။ ချစ်ပြီးရင်း ချစ်ရင်း ဖြစ်နေတတ်တာ။

F, G, S, U

စာကလေးနဲ့တူတဲ့လူတွေပါ။ ပိကျိပိကျိနဲ့ အရမ်းစကားများတယ်။ စကားလည်း အရမ်းတတ်တယ်။ ရုပ်မချောလည်း ချစ်စရာကောင်းနေတာ။ အမြဲလိုလို ဟာသတွေလုပ်တယ်၊ ဟာသတွေပြောတယ်။

စိတ်ဆိုးစိတ်ကောက်လွယ်သလားမမေးနဲ့။ ဒါပေမဲ့ ပြန်ချော့ရင်လည်း ခဏလေးနဲ့ပြေရော။ အလုပ်တစ်ခုတည်းမှာ အချိန်ကြာကြာလုပ်ရတာနည်းတယ်။ ဘယ်အလုပ်မှာမဆို ကြိုးကြိုးစားစားလုပ်ချင်စိတ်တော့ အပြည့်ရှိတယ်။ အချစ်ရေးမှာတော့ စိတ်ကူးယဉ်ဆန်လွန်းကြသူတွေပါ။

ကိုယ့်ကို ဖူးဖူးမှုတ်ချစ်ပြ၊ ကြင်နာယုယပေးနိုင်တဲ့လူကိုမှ ချစ်ချင်တယ်။ ကိုယ်ကလည်း ချစ်သူကို အရိပ်တကြည့်ကြည့်နဲ့ မြတ်နိုးတတ်တဲ့ ရိုမန့်တစ်အဆန်ဆုံးလူတွေ ဖြစ်ပါသတဲ့။

Credit: Duwun