သားသမီးေတြ မရွိေတာ့တဲ့အိမ္
သားသမီးေတြ မရွိေတာ့တဲ့အိမ္ (ဖတ္ရင္းနဲ႔ အိမ္ကို ျပန္ေျပးခ်င္မိတယ္)
သားသမီးေတြ အရြယ္ေရာက္လို႔ မိဘေတြဆီကေန ထြက္ခြာသြားၿပီးေနာက္ပိုင္း အိမ္ႀကီးဟာ အရင္လိုမစိမ္းလန္းေတာ့ပါဘူး။ဘယ္သားဘယ္သမီးမ်ား အေဖနဲ႔အေမဆီ ဘယ္ေတာ့ျပန္လာမလဲလို႔ ေမၽွာ္ေနရတဲ့ မိဘအိုႀကီးႏွစ္ေယာက္တည္း အထီးက်န္ေနဆဲ။
တကယ္လို႔ မ်ား ဆႏၵတစ္ခုသာျပည့္မယ္ဆိုရင္ မိဘေတြကေတာ့ သားသမီးေတြအားလုံးေဘးမွာ ရွိေနေစခ်င္မွာ အမွန္ပါပဲ။ငယ္ငယ္တုန္းက ကစားခဲ့တဲ့ အ႐ုပ္ေတြက အေမ့ရဲ့လြမ္းစိတ္ကို တိုးေစတယ္။ အေဖကေတာ့ ဘာမွမေျပာေပမယ့္ အိပ္ယာဝင္တိုင္း အျမဲတမ္း သတိရေနမွာပါ။
သားသမီးေတြကို ဖုန္းလည္းမဆက္ရဲၾကဘူးေလ။ ဘာ့လို႔လည္းဆိုေတာ့ သူတို႔အလုပ္ေတြနဲ႔ရႈပ္ေနလို႔ ဖုန္းမေျပာအားမွာ စိုးတယ္ေလ။သူတို႔အလုပ္အားရင္ေတာ့ တို႔ဆီျပန္လာမွာပဲလို႔ေတြးရင္း ေပ်ာ္ေနပါတယ္။ သူတို႔ျပန္လာရင္ သူတို႔ႀကိဳက္တတ္တဲ့ အစားအေသာက္ေတြ ခ်က္ ေကၽြးဖို႔ အေမကေတာ့ အျမဲတမ္း အဆင္သင့္ပါ။
သားေတြသမီးေတြမရွိတဲ့ အိမ္ႀကီးဟာ ေျခာက္ကပ္ပ်င္းစရာေကာင္းေပမယ့္ တစ္ေန႔ေန႔ေတာ့ စိမ္းလန္းပါလိမ့္မယ္။ အားလုံး မိဘနဲ႔ အေနေဝးျခင္းမွ ကင္းေဝးၾကပါေစ။
ခရက္ဒစ္
Unicode
သားသမီးတွေ မရှိတော့တဲ့အိမ်
သားသမီးတွေ မရှိတော့တဲ့အိမ် (ဖတ်ရင်းနဲ့ အိမ်ကို ပြန်ပြေးချင်မိတယ်)
သားသမီးတွေ အရွယ်ရောက်လို့ မိဘတွေဆီကနေ ထွက်ခွာသွားပြီးနောက်ပိုင်း အိမ်ကြီးဟာ အရင်လိုမစိမ်းလန်းတော့ပါဘူး။ဘယ်သားဘယ်သမီးများ အဖေနဲ့အမေဆီ ဘယ်တော့ပြန်လာမလဲလို့ မျှော်နေရတဲ့ မိဘအိုကြီးနှစ်ယောက်တည်း အထီးကျန်နေဆဲ။
တကယ်လို့ များ ဆန္ဒတစ်ခုသာပြည့်မယ်ဆိုရင် မိဘတွေကတော့ သားသမီးတွေအားလုံးဘေးမှာ ရှိနေစေချင်မှာ အမှန်ပါပဲ။ငယ်ငယ်တုန်းက ကစားခဲ့တဲ့ အရုပ်တွေက အမေ့ရဲ့လွမ်းစိတ်ကို တိုးစေတယ်။ အဖေကတော့ ဘာမှမပြောပေမယ့် အိပ်ယာဝင်တိုင်း အမြဲတမ်း သတိရနေမှာပါ။
သားသမီးတွေကို ဖုန်းလည်းမဆက်ရဲကြဘူးလေ။ ဘာ့လို့လည်းဆိုတော့ သူတို့အလုပ်တွေနဲ့ရှုပ်နေလို့ ဖုန်းမပြောအားမှာ စိုးတယ်လေ။သူတို့အလုပ်အားရင်တော့ တို့ဆီပြန်လာမှာပဲလို့တွေးရင်း ပျော်နေပါတယ်။ သူတို့ပြန်လာရင် သူတို့ကြိုက်တတ်တဲ့ အစားအသောက်တွေ ချက် ကျွေးဖို့ အမေကတော့ အမြဲတမ်း အဆင်သင့်ပါ။
သားတွေသမီးတွေမရှိတဲ့ အိမ်ကြီးဟာ ခြောက်ကပ်ပျင်းစရာကောင်းပေမယ့် တစ်နေ့နေ့တော့ စိမ်းလန်းပါလိမ့်မယ်။ အားလုံး မိဘနဲ့ အနေဝေးခြင်းမှ ကင်းဝေးကြပါစေ။
ခရက်ဒစ်